အမေရိကန်တွင် soccer ကို football အဖြစ် အမည်ပြောင်းလဲရန် ထရမ့် ပြောကြား

News Image

  • အမေရိကန်တွင် soccer ကို football အဖြစ် အမည်ပြောင်းလဲရန် ထရမ့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံအတွင်းတွင် အားကစားနှင့်ပတ်သက်၍ အသုံးပြုပြောဆိုနေသော soccer ကို football အဖြစ် ပြောင်းလဲခေါ်ဝေါ်သုံးစွဲကြရန် ညွှန်ကြားချက် ထုတ်ပြန်နိုင်ကြောင်း DAZN ရုပ်မြင်သံကြား အစီအစဉ်သို့ ပြောကြားလိုက်ပါသည်။

အခြားသော အင်္ဂလိပ်စကားပြောနိုင်ငံအများစုတွင် အဆိုပါ အားကစားကို football ဟုသာ ခေါ်ဆိုလေ့ရှိပြီး အမေရိကန်တွင် soccer ဟု သုံးစွဲ ခေါ်ဆိုခြင်း ဖြစ်ပါသည်။ 

“မိမိအနေဖြင့် ထိုသို့ ပြောင်းလဲခြင်းကို ဆောင်ရွက်နိုင်မည်ဟု ထင်ပါသည်” ဟု ဒေါ်နယ်ထရမ့် အားကစားနည်း အမည်ပြောင်းလဲရန် အမိန့် ထုတ်ပြန်နိုင်ခြင်း ရှိ၊ မရှိ အင်တာဗျူးမေးမြန်းချက်အပေါ် ပြန်လည် ဖြေကြားသွားပါသည်။

ဒေါ်နယ်ထရမ့်သည် အမေရိကန်တွင် ဇူလိုင် ၁၃ ရက်က ကျင်းပသော ကမ္ဘာ့ဖလား ကလပ်ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြသော အင်္ဂလန် ပရီးမီးယားနာမည်ကြီး ချဲလ်ဆီးအသင်းနှင့် ပြင်သစ်နိုင်ငံ Paris Saint-Germain အသင်းတို့ ပွဲသို့ တက်ရောက် အားပေးကာ ဆုချီးမြှင့်ပေးခဲ့ ပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃