အဆစ်အမြစ်ရောင်ရမ်းမှု၊ နာကျင်ကိုက်ခဲမှုကို လျှော့ချနိုင်မည့် လေ့ကျင့်ခန်းပြုလုပ်မှုပုံစံတစ်မျိုး သုတေသနပညာရှင်များ ဖော်ထုတ်ထား
လန်ဒန် ဇူလိုင် ၁၆
အဆစ်အမြစ် ရောင်ရမ်းမှု၊ နာကျင်ကိုက်ခဲမှုများကို နှစ်လအတွင်း လျှော့ချပေးနိုင်မည့် လေ့ကျင့်ခန်းပြုလုပ်မှုပုံစံတစ်မျိုးကို သုတေသနပညာရှင်များက ဖော်ထုတ်ထားကြောင်း ဇူလိုင် ၁၅ရက်သတင်းများအရ သိရသည်။
အထက်ပါလေ့ကျင့်ခန်း ပြုလုပ်မှုပုံစံကို သွေးလေးဖက်နာရောဂါလူနာများအတွက်ရည်ရွယ်၍ ဖော်ထုတ်ထားခြင်းဖြစ်ကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်ဘုရင့်ကောလိပ်မှ သုတေသနပညာရှင်များက ပြောကြားသည်။
အဆစ်အမြစ် ရောင်ရမ်းမှုရောဂါလူနာများနှင့် သွေးလေးဖက်နာရောဂါ လူနာများအနေဖြင့် ကြွက်သားသန်မာရေး လေ့ကျင့်ခန်းများကို သီတင်းတစ်ပတ်လျှင် နှစ်ကြိမ်ထိ အချိန်ပေးလုပ်ခဲ့ပါက နှစ်လအတွင်း နာကျင်ကိုက်ခဲမှု ပြဿနာကို လျှော့ချနိုင်ကြောင်း သိရသည်။
လက်ရှိတွင် ဗြိတိန်သုတေသနပညာရှင်များသည် သွေးလေးဘက်နာရောဂါလူနာများနှင့် အဆစ်အမြစ်ရောင်ရမ်းမှုရောဂါလူနာများကို အထက်ပါလေ့ကျင့်ခန်းပြုလုပ်မှုပုံစံနှင့် ဆေးဝါးများ တွဲဖက်၍ စမ်းသပ်ကုသရန် စီစဉ်ထားကြောင်း သိရသည်။
သွေးလေးဖက်နာရောဂါသည် ကျန်းမာသည့် အရိုးအဆစ်တစ်ရှူးများကို ခုခံအားစနစ်က မှားယွင်းတိုက်ခိုက်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါဖြစ်ကြောင်း သိရသည်။
ရတနာပုံသတင်းစာ
Photo: St.Andrew's Parks and Playground