အိန္ဒိယနိုင်ငံက ရေတပ်သင်္ဘောကျင်းကို ပိုမိုတိုးချဲ့ရန် ဒေါ်လာသန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံသွားမည်

News Image

  • အိန္ဒိယနိုင်ငံက ရေတပ်သင်္ဘောကျင်းကို ပိုမိုတိုးချဲ့ရန် ဒေါ်လာသန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံသွားမည်

အိန္ဒိယနိုင်ငံအနေဖြင့် နိုင်ငံပိုင်ရေတပ်သင်္ဘောကျင်းကို ပိုမိုတိုးချဲ့နိုင်ရေးအတွက် အမေရိကန်ဒေါ်လာသန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောဆိုချက်ကိုကိုးကား၍ India Today သတင်းစာက ဖော်ပြထားသည်။

နိုင်ငံပိုင်ရေတပ်သင်္ဘောကျင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Mazagon Dock Shipbu-ilders Limited (MDL) အနေဖြင့် နောက်ထပ်လွန်းကျင်းနှစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထိုလွန်းကျင်းနှစ်ခုသည် စစ်သင်္ဘောကြီးများနှင့် ရေငုပ်သင်္ဘောများ ကိုတည်ဆောက်ခြင်းနှင့်  ပြုပြင်ခြင်းလုပ်ငန်းများ တစ်ပြိုင်နက်တည်းဆောင်ရွက်နိုင်စေမည်ဖြစ်ကြောင်း  သတင်းစာကဖော်ပြထားသည်။

ထို့ပြင် ယင်းကဲ့သို့ လွန်းကျင်းများဖြင့် တိုးချဲ့ခြင်းသည် အိန္ဒိယရေတပ်၏တောင်းဆိုမှုမြင့်မားလာသော အဆင့်မြင့်စနစ်များနှင့်အညီဖြစ်စေမည်ဖြစ်သည့်အပြင် လက်ရှိတန်ချိန်  ၄၀၀၀၀  သင်္ဘောများကို တည်ဆောက်နေရာမှ တန်ချိန် ၈၀၀၀၀ ရှိသင်္ဘောများကို တည်ဆောက်မှုအတွက်လည်း ကူညီနိုင်စေမည်ဖြစ်ကြောင်း သိရသည်။

MWD Web Portal