အများပြည်သူအားလပ်ရက် နှစ်ရက်ကို ပယ်ဖျက်ရန် ပြင်သစ်ဝန်ကြီးချုပ်အဆိုပြု

News Image

  • အများပြည်သူအားလပ်ရက် နှစ်ရက်ကို ပယ်ဖျက်ရန် ပြင်သစ်ဝန်ကြီးချုပ်အဆိုပြု

ပဲရစ် ဇူလိုင် ၁၆

နိုင်ငံ၏ ကုန်ထုတ်စွမ်းအား မြင့်မားလာရေးနှင့် ဝင်ငွေတိုးလာရေးတို့အတွက် အများပြည်သူ အားလပ်ရက်နှစ်ရက်ကို ဖျက်သိမ်းပေးရန် ပြင်သစ်ဝန်ကြီးချုပ် ဖရန် ဆွာဘေရူးက ဇူလိုင် ၁၅ ရက်တွင် အဆိုပြုခဲ့ကြောင်း သိရသည်။

အများပြည်သူ အားလပ်ရက်များအဖြစ်မှ ဝယ်ဖျက်ပေးရန် ပြင်သစ်ဝန်ကြီးချုပ် အဆိုပြုထားသော အားလပ်ရက်နှစ်ရက်မှာ အီစတာ တနင်္လာနေ့ အားလပ် ရက်နှင့် မေ ၈ ရက် အားလပ်ရက် တို့ဖြစ်သည်။

မေ ၈ ရက် အများပြည်သူ အားလပ်ရက်သည် ဥရောပ၌ ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားသော အများပြည်သူ အားလပ်ရက်

ဖြစ်သည်။ 
ပြင်သစ်နိုင်ငံ၌ မေလအတွင်း အများပြည်သူ အားလပ်ရက်များ များလွန်းသည်ဖြစ်ရာ အဆိုပါ အားလပ်ရက် နှစ်ရက်ကို ဖျက်သိမ်း ခြင်းဖြင့်  နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား မြင့်တက်လာမည်ဖြစ်ပြီး နိုင်ငံတော်၏ ၀င်ငွေမှာလည်း ယူရိုငွေ ဘီလီယံနှင့်ချီတိုးလာနိုင်ကြောင်း ပြင်သစ်၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

အစိုးရအသုံးစရိတ် လိုငွေပြမှုကို လျှော့ချရေးအစီအစဉ်အရ အများပြည်သူ အားလပ်ရက်နှစ်ရက်ကို ပယ်ဖျက်ပေးရန် ပြင်သစ်ဝန်ကြီး ချုပ်က အဆိုပြုထားခြင်းဖြစ်သည်။

ပြင်သစ်ဝန်ကြီးချုပ် ဖရန်ဆွာ ဘေရူးသည် လူမှုဖူလုံရေးလုပ်ငန်းများအတွက် ငွေကြေးသုံးစွဲမှုများကိုလည်း ရပ်ဆိုင်းထားရန် ဇူလိုင် ၁၅ ရက်တွင် အဆိုပြုခဲ့ကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper

Photo - AP News