ဂါနာနိုင်ငံ၏ ကိုကိုးလုပ်ငန်းအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းများ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အထွက်နှုန်းကျဆင်း
အက်ကရာ ဇူလိုင် ၁၆
ဂါနာနိုင်ငံ၏ ကိုကိုးလုပ်ငန်း အပါအဝင် စိုက်ပျိုးရေးလုပ်ငန်းများ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အထွက်နှုန်းကျဆင်းခဲ့ရကြောင်း ဂါနာနိုင်ငံ၏ ကိုကိုး လုပ်ငန်းမှ တာဝန်ရှိသူများက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့ကြောင်း ယနေ့ သတင်းများအရ သိရသည်။
နိုင်ငံအတွင်းတွင် မိုးကြာရှည် ရွာသွန်းမှုကြောင့် စိုက်ပျိုးသည့် အပင်များ နေရောင်ခြည်မလုံ လောက်မှုများဖြစ်ကာ အထွက်နှုန်းလျော့ကျစေပြီး မှိုရောဂါများ ဖြစ်ပွားနိုင်ခြေတိုးမြင့်လာသည်ဟု ဂါနာလယ်သမားအသင်းက သတိပေးခဲ့ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုအပါအဝင် ရာသီဥတု ဖောက်ပြန်မှုဖြစ်စဉ်များကို လျော့ ပါးစေရေးဆောင်ရွက်ပေးရန် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများက နိုင်ငံအစိုးရကို တောင်းဆိုခဲ့ကြ ကြောင်း သိရသည်။
"နိုင်ငံတွင်း ကိုကိုးစိုက်ပျိုးတဲ့ ခရိုင် ၇၂ ခရိုင်ကို သွားရောက် လေ့လာခဲ့ပါတယ်။ ခရိုင်တော် တော်များများမှာ မိုးကြာရှည်ရွာ သွန်းမှုကြောင့် စိုက်ပျိုးတဲ့အပင် တွေ နေရောင်ခြည်မလုံလောက်မှု များဖြစ်ကာ အထွက်နှုန်းလျော့ကျ စေပြီး ကိုကိုးပင်တွေမှာ မှိုရောဂါ တွေဖြစ်ပွားနေတာကို တွေ့ခဲ့ရပါ တယ်။ အခြားစိုက်ခင်းတွေမှာလည်း အခုလိုအဖြစ်တွေကြောင့် အထွက် နှုန်းကျဆင်းနေပါတယ်။ ဒါဟာ စိုးရိမ်ဖွယ်ရာပါ”ဟု ဂါနာလယ် သမားအသင်းဥက္ကဋ္ဌ နာနာအိုဘာ ဒီဘွန်စုက ပြောကြားခဲ့သည်။
ယခုနှစ် ပထမနှစ်ဝက် ကိုကိုး ရာသီတွင် ဂါနာနိုင်ငံသည် ကိုကိုး မက်ထရစ်တန်ချိန် ၆၅၀၀၀၀ သာ ထွက်ရှိနိုင်ဖွယ်ရှိကြောင်း ဂါနာ နိုင်ငံ၏ ကိုကိုးလုပ်ငန်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
Ref: Russia Today
Tre: KZ
Photo - Energy News