ရုရှားနိုင်ငံ သမ္မတပူတင်နှင့် ဘီလာရုစ်သမ္မတ လူကာရှန်ကိုတို့သည် ပြည်ထောင်စုနိုင်ငံ( Union State)၏ မူဘောင်အတွင်း လုံခြုံရေးအာမခံချက်များနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုး
ရှားနိုင်ငံ သမ္မတပူတင်နှင့် ဘီလာရုစ်သမ္မတ လူကာရှန်ကိုတို့သည် ပြည်ထောင်စုနိုင်ငံ( Union State)၏ မူဘောင်အတွင်း လုံခြုံရေးအာမခံချက်များနှင့်ပတ်သက်၍သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့ကြကြောင်း ကရင်မလင်မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ လက်မှတ်ရေးထိုးအခမ်းအနား၌ ရုရှားသမ္မတ ပူတင်က ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့အကြား လုံခြုံရေး အာမခံချက်တွင် ရုရှားနိုင်ငံ၏ နျူကလီးယားလက်နက်များ အပါအဝင် တပ်ဖွဲ့အားလုံးကို အသုံးပြုနိုင်သည့်အချက် ပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။
ဘီလာရုစ်သမ္မတ လူကာရှန်ကိုက လစ်သူယေးနီးယား နှင့် ပိုလန်နိုင်ငံတို့ရှိ နေတိုးမဟာမိတ်တပ်ဖွဲ့များသည် ဘီလာရုစ်နယ်စပ်တွင် ပေါင်းစည်းလျက်ရှိပြီး အဆိုပါ ပေါင်းစည်းမှုသည် ယူကရိန်းနယ်စပ်ထက် ပိုမိုကြီးမားသော ခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရုရှားသမ္မတ ပူတင်အား ရုရှားနိုင်ငံ၏ Oreshnik တာလစ်ပစ် ဒုံးကျည်ကို ဘီလာရုစ်နိုင်ငံတွင် နေရာချထားရန် တောင်းဆိုခဲ့ပါသည်။
သမ္မတ ပူတင်က ဘီလာရုစ်နိုင်ငံတွင် Oreshnik ဒုံးကျည်ကို နေရာချထားရန်ဖြစ်နိုင်သည်ဟု ပြောကြား ခဲ့ပါသည်။ Oreshnik ဒုံးကျည်သည် ၎င်း၏ ထုတ်လုပ်မှု များတိုးတက်လာသောကြောင့် ဘီလာရုစ်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် တပ်ဖြန့်နိုင်မည်ဟု သမ္မတပူတင်က ပြောကြားခဲ့ပါသည်။
ထို့အပြင် ဘီလာရုစ်နိုင်ငံတွင် ဖြန့်ကျက်ခြင်းမပြုမီ အဆိုပါ Oreshnik ဒုံးကျည်များ၏ အနိမ့်ဆုံးအကွာအဝေးကို ဆုံးဖြတ်ရန် လိုအပ်မည်ဖြစ်ကြောင်း ရုရှားသမ္မတက မှတ်ချက်ပြုခဲ့သည်။
Oreshnik ဒုံးကျည်သည် ၎င်း၏ အကွာအဝေးတိုလေလေ ထိပ်ဖူး၏စွမ်းအား ကြီးမားလေလေဖြစ်ကြောင်း သမ္မတ ပူတင်က မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
ဘီလာရုစ်နိုင်ငံရှိ "Oreshnik" ဒုံးကျည်သည် ရုရှားတပ်မတော်၏ မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့၏ အစိတ်အပိုင်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ သို့သော် ပစ်မှတ်များ၏ အဆုံးအဖြတ်သည် ဘီလာရုစ်နိုင်ငံတွင်သာအကျုံးဝင်မည်ဖြစ်ကြောင်း သမ္မတပူတင်က ပြောကြားခဲ့ပါသည်။
ကိုးကား - kremlin.ru