တောင်ကိုးရီးယား သမ္မတ ဘယ်သူဖြစ်လာမလဲ?
တစ်နိုင်ငံလုံးကို ရုတ်ရုတ်သဲသဲဖြစ်စေမည့် စစ်အုပ်ချုပ်ရေး ကြေညာပြီး နှစ်ရက်အကြာတွင် တောင်ကိုးရီးယား သမ္မတYoon Suk Yeol ရာထူးမှ နုတ်ထွက်ပေးရန် လူထု၏ ထောက်ခံမှု မြှင့်တက်လျက်ရှိပါသည်။
အကယ်၍ သမ္မတ ယွန်းဆက်ယို ရာထူးမှနုတ်ထွက်ပါက လက်ရှိ ဝန်ကြီးချုပ် ဟန်ဒက်ဆိုသူသည် ကြားဖြတ်သမ္မတတာဝန်ယူပြီး အတိုက်အခံခေါင်းဆောင် Lee Jae Myung သည်သမ္မတအသစ် ဖြစ်လာနိုင်ခြေအများဆုံး ရှိနေပါသည်။
အတိုက်အခံဒီမိုကရက်တစ်ပါတီသည် မြောက်ကိုရီးယား ကွန်မြူနစ်အင်အားစုများနှင့် ချိတ်ဆက်၍ နိုင်ငံကို ဆန့်ကျင်ပြီး ဖျက်လိုဖျက်ဆီးလုပ်နေခြင်းမှ အချုပ်အခြာကို ကာကွယ်ရန် သမ္မတက စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားပါသည်။
သမ္မတ၏ စစ်အုပ်ချုပ်ရေးအမိန့်မှာ ပျက်ပြယ်ခဲ့ပြီဖြစ်သော်လည်း တောင်ကိုရီးယားနိုင်ငံရေးပါတီ (၆) ပါတီက သမ္မတ ယွန်းဆက်ယိုကို စွပ်စွဲပြစ်တင်သည့် အဆိုကို လွှတ်တော်တွင် တင်သွင်းခဲ့ပြီး ဖြစ်ပါသည်။
တောင်ကိုရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အမတ် သုံးပုံနှစ်ပုံဖြစ်သည့် အမတ်စုစုပေါင်း (၂၀၀) ဦးက သမ္မတအား ဖြုတ်ချရန် ထောက်ခံမဲပေးရန် လိုအပ်ပါသည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ တရားသူကြီး ၉ ဦးအနက် အနည်းဆုံး ၆ ဦး က သမ္မတအား ဖြုတ်ချရန်အဆိုကို ထောက်ခံတင်သွင်းရမည် ဖြစ်ပါသည်။ ထောက်ခံမဲပေးခြင်းကို တောင်ကိုရီးယားလွှတ်တော်အမတ်များက ဒီဇင်ဘာလ ၆ ရက်နေ့ သို့မဟုတ် ၇ ရက်နေ့တွင် ပြုလုပ်မည်ဟု သိရှိရပါသည်။
လွှတ်တော်တွင် သမ္မတ Yoon Suk Yeol ၏ People Power Party အဖွဲ့ဝင် လွှတ်တော်အမတ် အနည်းဆုံး ၈ ဦး ထောက်ခံမှသာ စွပ်စွဲပြစ်တင်သည့်အဆို အထမြောက်မည်ဖြစ်သည့်အတွက် ဆက်လက်စောင့်ကြည့်ရမည် ဖြစ်ပါသည်။
ကိုးကား - Aljazeera