ရုရှား၊ တရုတ် ၊ မြောက်ကိုရီးယားတို့ တောင်ကိုရီးယား၏ နိုင်ငံရေး ဖရိုဖရဲဖြစ်နေမှုကို စောင့်ကြည့်နေ

News Image

  • ရုရှား၊  တရုတ်၊  မြောက်ကိုရီးယားတို့  တောင်ကိုရီးယား၏ နိုင်ငံရေး ဖရိုဖရဲဖြစ်နေမှုကို  စောင့်ကြည့်နေ

တောင်ကိုရီးယားသမ္မတ၏  ဒီဇင်ဘာလ ၃ ရက်နေ့က  ရုတ်တရက် စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုအပေါ်   ပါလီမန်၊ အတိုက်အခံပါတီ၊ ပြည်သူများအကြား မကျေနပ်ချက်များနှင့် အုတ်အုတ်သဲသဲဖြစ်နေခြင်းကို  အမေရိကန်စစ်တပ် အနေဖြင့် စိုးရိမ်စိတ်ပူနေကြကြောင်း၊ ကမ္ဘာပေါ်ရှိ အမေရိကန်ပြည်ထောင်စု၏ ပင်လယ်ရပ်ခြား အခြေစိုက် စခန်းများအနက် အင်အားအများဆုံး အခြေစိုက်သည့်နေရာမှာ တောင်ကိုရီးယားဖြစ်ပြီး အမေရိကန်စစ်သားပေါင်း ၃၀,၀၀၀ ခန့် တာဝန်ချထားကြောင်း၊ ထိုသို့ အင်အား တောင့်တင်းသော အခြေစိုက်စစ်တပ် ချထားခြင်းမှာ မြောက်ကိုရီးယား၏ ခြိမ်းခြောက်နေမှုကို စောင့်ကြည့်ရန်နှင့်မဟာဗျူဟာအရ ပြိုင်ဖက်အင်အားကြီး တရုတ်နိုင်ငံအပေါ် ဖိအားပေးရန်ဖြစ်ကြောင်း၊ အမေရိကန် မဟာမိတ် တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံရေး ပရမ်းပတာဖြစ်နေခြင်းကို  ယခုအခါ မြောက်ကိုရီးယား၊ ရုရှားနှင့် တရုတ်တို့က ဂရုတစိုက်စောင့်ကြည့်နေကြကြောင်း CNN သတင်းဌာနက ဖော်ပြထားသည်။ 

ကိုးကား - CNN