တောင်ကိုရီးယား အတိုက်အခံများက သမ္မတ Yoon Seok Yul အား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွပ်စွဲ ပြစ်တင်ရန် ပြင်ဆင်နေ

News Image

  • တောင်ကိုရီးယား အတိုက်အခံများက သမ္မတ Yoon Seok Yul အား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွပ်စွဲပြစ်တင်ရန် ပြင်ဆင်နေ

တောင်ကိုရီးယား အတိုက်အခံများက သမ္မတ Yoon Seok Yul အား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွပ်စွဲ ပြစ်တင်ရန် ပြင်ဆင်နေကြောင်း Yonhap သတင်း ဖော်ပြမှုကို ကိုးကား၍ The Washington Post သတင်း က ဖော်ပြသည်။

အဆိုပါ စွပ်စွဲပြစ်တင်နိုင်ရေးကိစ္စအား ဒီဇင်ဘာ ၆ ရက် နှင့်၇ရက်တို့တွင် မဲခွဲဆုံးဖြတ်မည့် လွှတ်တော် မျက်နှာ စုံညီအစည်းအဝေးတွင် ထည့်သွင်းစဉ်းစားရန် စီစဉ် ထားကြောင်း၊ ကာကွယ်ရေး၊ ပြည်တွင်းရေးနှင့် လုံခြုံရေးဝန်ကြီးများ နုတ်ထွက်ရန်လည်း အတိုက်အခံပါတီက အခိုင်အမာစွပ်စွဲထားပြီး၊ အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်ဟုလည်း ပြောဆိုထားကြောင်း ရေးသားဖော်ပြထားသည်။

ကိုးကား - The Washington Post