ယူကရိန်းသည် ရုရှားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် တစ်ရပ်ပြုလုပ်လိုကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ကိုယ်ပိုင်လူမှုကွန်ယက် Truth Social တွင် ရေးသားဖော်ပြ
ယူကရိန်းသည် ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ပြုလုပ်လိုကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ကိုယ်ပိုင် လူမှုကွန်ယက် Truth Social တွင် ရေးသားဖော်ပြခဲ့သည်။
ယူကရိန်းသည် ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ပြုလုပ်လိုကြောင်း အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ပါရီတွင် ဗလာဒီမာ ဇယ်လင် စကီးနှင့် တွေ့ဆုံပြီးနောက် ယခုလိုပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ဒေါ်နယ်ထရမ့်သည် ဒီဇင်ဘာလ ၈ ရက် က ၎င်း၏ Truth Social platform တွင် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံ တို့အကြား အပစ်အခတ်ရပ်စဲရေးနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။
ယူကရိန်းသမ္မတ ဇယ်လင်စကီးက ယူကရိန်းတို့သည် ရုရှားနှင့် သဘောတူညီချက်တစ်ခုပြုလုပ်ပြီး တိုက်ပွဲ ဖြစ်ပွားမှုများ ကိုရပ်တန့်ချင်ကြောင်း၊ ၎င်းတို့သည် စစ်သား ၄၀၀,၀၀၀ နှင့် အခြားအရပ်သားများစွာကို ဆုံးရှုံးခဲ့ ရကြောင်း၊ အပစ်အခတ်ရပ်စဲရေး ချက်ချင်း လုပ်သင့်ပြီး စေ့စပ်ညှိနှိုင်းမှုများ စတင်သင့်နေပြီ ဖြစ်ကြောင်း ရွေးကောက်ခံသမ္မတက ပြောကြားပြီး ပဋိပက္ခများ မပြေလည်ပါက ရန်ငြိုးရန်စများ ပိုမိုကြီးထွားပြီး ပိုမို ဆိုးသွားနိုင်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံနှင့် ပဋိပက္ခကြောင့် ဆီးရီးယားတွင် ၎င်း၏အာရုံစိုက်နိုင်မှု အားလုံးကို ဆုံးရှုံးခဲ့ရသောကြောင့် သမ္မတ Bashar al-Assad ကို ကာကွယ်ရန် စိတ်မဝင်စားနိုင်ခဲ့ကြောင်း ရွေးကောက်ခံ သမ္မတ က ပြောကြားခဲ့သည်။
ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ကောင်းကောင်းသိကြောင်း၊ ရုရှားသမ္မတ အနေဖြင့် လက်ရှိအချိန်သည် သဘောတူစာချုပ်ကို လုပ်ဆောင်ရမည့်အချိန်ဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံက ကူညီနိုင်ကြောင်း၊ ကမ္ဘာကြီးက အဆိုပါအခိုက်အတန့်ကို စောင့်မျှော်နေ ကြောင်း ဖော်ပြထားသည်။
ကိုးကား - Truth Social platform ပေါ်တွင် ဒေါ်နယ်ထရမ့်၏ ရေးသားချက်မှ ကောက်နုတ်ဖော်ပြချက်