ဆီးရီးယားသံရုံးများတွင် ဆီးရီးယားအလံကို ဖြုတ်ချ၍ ကြယ်သုံးပွင့်ပါ တော်လှန်ရေးအလံများ လွှင့်ထူကြ
ဆီးရီးယားသမ္မတ အာဆတ် နိုင်ငံမှထွက်ပြေးသွားပြီးနောက် မော်စကိုမြို့ရှိ ဆီးရီးယားသံရုံးက စည်းလုံးညီညွတ်မှုကို ပြသသည့်အနေဖြင့် ဆီးရီးယားအလံကို ဖြုတ်ချ၍ ဆီးရီးယားတို့၏ တော်လှန်ရေးအလံဖြစ်သည့် ကြယ် သုံးပွင့်ပါအလံကို လွှင့်ထူလိုက်ကြောင်း သိရှိရပါသည်။
အလားတူ ဂျော်ဒန်နိုင်ငံရှိ ဆီးရီးယားသံရုံးကလည်း ဆီးရီးယားအလံကို ဖယ်ရှားလိုက်ကြောင်း ဂျော်ဒန် နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်ခဲ့ပြီး ထိုသို့ ကြယ်သုံးပွင့်ပါ တော်လှန်ရေးအလံကို လွှင့်တင်ထားခြင်း ရှိ၊ မရှိအတည်ပြုနိုင်ခြင်း မရှိသေးပါကြောင်း ပြောကြားထား ပါသည်။
ထို့ပြင် နိုင်ငံအချို့ရှိ ဆီးရီးယားသံရုံးများတွင်လည်း ဆီးရီးယားအလံကို ဖယ်ရှားလိုက်ကြပြီး အချို့ဆီးရီးယားသံရုံးများတွင် တော်လှန်ရေးအလံများ လွှင့်ထူထားကြပြီ ဖြစ်ကြောင်း သိရှိရပါသည်။
ကိုးကား - ALJAZEERA