ဆီးရီးယားရှိ အခြေစိုက်စခန်းများကိစ္စ ဆွေးနွေးရန် စောလွန်းနေသေးကြောင်း ကရင်မလင် ပြောကြား
ဆီးရီးယားရှိ အခြေစိုက်စခန်းများ၏ အနာဂတ်ကို ဆွေးနွေးရန်အတွက် အချိန်စောနေသေးကြောင်း၊အခြေစိုက်စခန်းများကို မည်သို့ဆောင်ရွက်ရမည်ဆိုသည်မှာ အသွင်ကူးပြောင်းရေးကာလပြီးနောက်အာဏာရှိသူများနှင့် ဆွေးနွေးရမည့်အကြောင်းအရာများ ဖြစ်ကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောကြားခဲ့သည်။
အယ်လ်အာဆတ်ကို ခိုလှုံခွင့်ပေးရန် သမ္မတပူတင်၏ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပြီး ၎င်းတို့နှစ်ဦးကြားတွေ့ဆုံရန် စီစဉ်ထားခြင်းမရှိကြောင်း၊ ရုရှားအနေဖြင့် ဆီးရီးယား၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ဒေသတွင်းနိုင်ငံအားလုံးနှင့်ဆွေးနွေးရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကိုးကား - ALJAZEERA
Photo- Business Standard