နေရှိတဲ့အရပ်ကို မျက်နှာမူပါ... လယ်ကွင်းထဲမှာဆိုလာတပ်ပါ...

News Image

  • နေရှိတဲ့အရပ်ကို မျက်နှာမူပါ... လယ်ကွင်းထဲမှာဆိုလာတပ်ပါ...

ဆိုလာစွမ်းအင်လို့ခေါ်တဲ့ နေရောင် ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ် အားထုတ်ယူမှုဟာ အခုခေတ် မှာ သိပ်ကို ရေပန်းစားလာပါတယ်။ ဘယ်နေရာကိုပဲ ကြည့်လိုက်ကြည့်လိုက်ဆိုလာ ပြားတွေတန်းစီပြီး ခင်းထားတာကိုမြင် တွေ့ကြမှာပါ။

နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်ယူမှုမှာ အားသာချက်ရှိသလို အားနည်းချက်လည်း ရှိနေပါတယ်။ အဓိကအားနည်းချက်က မြေနေရာလိုအပ်ချက်များတာပေါ့။ သူ့အတွက်နေရာ အများကြီး ပေးရလေ့ ရှိပါတယ်။ နောက်တစ်ချက်က သမားရိုးကျအားဖြင့်ဆိုရင် ဆိုလာပြားတွေကို အရပ်မျက်နှာ တစ်ခုတည်းမှာပဲ လှည့်ထားလို့ရပါတယ်။ ဒါကြောင့် ဆိုလာပြားရဲ့စွမ်းရည်ကို   အပြည့်အဝအသုံးမချနိုင်ဘူးဖြစ် နေတာပေါ့။

ဒီအချိန်မှာပဲ  တိုကျိုတက္ကသိုလ်မှသုတေသီများက သူတို့ရဲ့လေ့လာတွေ့ရှိချက်ကို Photonics for Energy ဆိုတဲ့ဂျာနယ်မှာ ဖော်ပြလာတာ တွေ့ရပါတယ်။ အဲဒါကတော့ ဆိုလာပြားတွေကို နေရာချထားဖို့အတွက် နေရာလည်းမစားသလို ဆိုလာပြားအနေနဲ့ နေရှိရာအရပ်မျက်နှာတိုင်းကို    လိုက်ပါမျက်နှာမူနေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။

သူတို့ရဲ့နည်းလမ်းက ဆိုလာပြားတွေကို လယ်ကွင်းပြင်ထဲမှာနေရာချထားခြင်း ဖြစ်ပါတယ်။ ဒီလိုနေရာ ချထားရာမှာလည်း မြေပြင်ကနေ အထက် ၃ မီတာအမြင့်မှာ ဝင်ရိုးနှစ်ခုပါတဲ့တန်းပေါ် ဆိုလာပြားတွေကို တင်ထားတာ ဖြစ်ပါတယ်။ ဒီလိုတပ် ဆင်လိုက်ခြင်းအားဖြင့် စပါးပင်တွေကို လည်းထိခိုက်စေခြင်းမရှိသလို လယ်မြေကိုလည်း အပြည့်အဝအသုံးပြုနိုင်မှာဖြစ် တဲ့အပြင် ဆိုလာပြားရဲ့ စွမ်းဆောင်ရည်ကိုလည်း အကောင်းဆုံး အသုံးချနိုင်လာတဲ့ အတွက်  လျှပ်စစ်ဓာတ်အားရရှိမှုကိုများစွာ အထောက်အပံ့ဖြစ်စေပါတယ်။

ဒီနေရာမှာ သူတို့အသုံးပြုတဲ့စနစ်မှာ အခြားအားသာချက်တစ်ခုလည်း ရှိနေပါသေးတယ်။ ဘာလဲဆိုတော့ စပါးပင်တွေ စတင် စိုက်ပျိုးချိန်နဲ့ ကြီးထွားချိန်မှာ စပါးပင် တွေအပေါ် နေရောင်ခြည်ကောင်းစွာရရှိ အောင် ဆိုလာပြားတွေကို လှည့်ပေးထားမှာဖြစ်ပြီး စပါးရိတ်သိမ်းပြီးချိန်မှာဆိုရင် တော့ ဆိုလာပြားက စွမ်းအားပြည့်အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

အခုလက်ရှိ သူတို့ကရှေ့ပြေးစီမံကိန်း အဖြစ်အကောင်အထည်ဖော်နေတာဖြစ်ပြီး ဒီလိုအကောင်အထည် ဖော်မှုမှာတင်ပဲ သူတို့ရဲ့လယ်ကွင်းထဲမှ ဆိုလာပြားတွေဟာ တစ်နှစ်ကို ကီလိုဝပ်နာရီစုစုပေါင်း၄၄၀၀၀ နီးပါးထုတ်ပေးနိုင်တာ တွေ့ရပါတယ်။

သုတေသီများက ဘာကြောင့်အခုလို မျိုးစမ်းသပ်မှုတွေလုပ်ရလဲဆိုရင် သူတို့နိုင်ငံမှာ မြေယာရှားပါးမှုဖြစ်နေလို့ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုအတွက် ပြည့်ဖြိုးမြဲစွမ်းအင်ကို ပိုမိုတိုးတက် အသုံးပြုလာရတာကြောင့် ဖြစ်ပါတယ်။       

Ref: IE

ကိုထက်