အိမ်ခြေတစ်သန်းကို တစ်နာရီကြာလျှပ်စစ်ဓာတ်အားပေးနိုင်မယ့် ကမ္ဘာ့စွမ်းအားအမြင့်ဆုံးဘက်ထရီ

News Image

  • အိမ်ခြေတစ်သန်းကို တစ်နာရီကြာလျှပ်စစ်ဓာတ်အားပေးနိုင်မယ့် ကမ္ဘာ့စွမ်းအားအမြင့်ဆုံးဘက်ထရီ

ဩစတြေးလျနိုင်ငံမှာရှိတဲ့ Waratah Super Battery အမည်ရှိ လျှပ်စစ်ဓာတ်အားပေး စနစ်ကြီးက စတင်အလုပ်လုပ်နေပြီပဲဖြစ် ပါတယ်။ တရားဝင်အသုံးပြုမှုကိုတော့ ဒီနှစ်အကုန် ပိုင်းမှာလုပ်ဆောင်သွားမှာပါ။ အဲဒီအချိန်ရောက်ရင် ဒီစနစ်ကြီးက ကမ္ဘာပေါ်မှာ  စွမ်းအားအမြင့်ဆုံးနဲ့ အကြီးဆုံးသော ဘက်ထရီစနစ်ကြီး ဖြစ်လာမှာဖြစ်ပါတယ်။

ဩစတြေးလျအစိုးရအနေနဲ့ နိုင်ငံထဲမှာရှိတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တွေကို ၂၀၃၅ ခုနှစ်အရောက်မှာ အပြီးပိတ်သိမ်းဖို့ ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့မဟာဓာတ် အားလိုင်းစနစ်ကို တည်ငြိမ်စေဖို့အတွက် အခုလိုမျိုး စွမ်းဆောင်ရည်မြင့်မားတဲ့ ဘက်ထရီကိုဖန်တီးလာ တာပါ။ BlackRock’s Akaysha Energy ကုမ္ပဏီက ဖန်တီးထားတဲ့ အဲဒီဘက်ထရီဟာ မဂ္ဂါဝပ်နာရီစုစု ပေါင်း ၁၆၈၀ အထိကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်တဲ့အတွက် အိမ်ခြေတစ်သန်းကို တစ်နာရီကြာသည်အထိ လျှပ်စစ်ဓာတ် အားပေးထားနိုင်မှာပါ။

အဲဒီဘက်ထရီစနစ်ကြီးကို  နယူးဆောက်ဝေး ပြည်နယ်မှာ တည်ဆောက်ထားတာပါ။ လက်ရှိမှာ တော့ မဂ္ဂါဝပ် ၃၅၀ အထိသာထုတ်လုပ်ပေးနိုင်သေး တာဖြစ်ပါတယ်။ ဒီစနစ်ကြီးက မမျှော်လင့်ထားတဲ့ အခြေအနေမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်သွား ခဲ့ရင် အရန်ဓာတ်အားပေးစနစ်အနေနဲ့ ကောင်းစွာ အသုံးဝင်မှာဖြစ်တယ်လို့ နယူးဆောက်ဝေးပြည်နယ် အစိုးရရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ ဩစတြေးလျအစိုးရအနေနဲ့ အလားတူ ဧရာမဘက်ထရီစီမံကိန်းတွေကို ဆက် လက်အကောင်အထည်ဖော်နေတာ ရှိပါတယ်။ အဲဒီစီမံကိန်းတွေထဲမှာ မဂ္ဂါဝပ်နာရီပေါင်း ၂၈၀၀ အထိ ရှိတဲ့ဘက်ထရီစွမ်းအင်စီမံကိန်းလည်း အပါအဝင် ဖြစ်ပါတယ်။ အရင်တုန်းက ဒီလိုမျိုးစွမ်းအင်စီမံကိန်းတွေထဲမှာ ဩစတြေးလျနိုင်ငံက နောက်မှာပဲရှိနေ တာပါ။ အခုတော့ ဩစတြေးလျနိုင်ငံက တခြားအင်အားကြီး နိုင်ငံတွေထက် ဒီနေရာမှာသာလွန်သွားပြီပဲ ဖြစ်ပါတယ်။            

Ref: IE

ကိုထက်