ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အစ္စရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင်နက် နယ်မြေအတွင်း၌ အခြေချနေထိုင်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် အစ္စရေးအစိုးရအားတောင်းဆိုခဲ့ကြောင်း သိရသည်။
အရှေ့ ဂျေရုဆလင်၊ ဂါဇာကမ်းမြောင်နှင့် ယခုနှစ် မေလကုန်အထိ တစ်နှစ်အတွင်း သိမ်းပိုက် ထားသော ဆီးရီးယားဂိုလန်အပါအဝင် အနောက်ဘက်ကမ်းရှိ အစ္စရေးတို့၏ လှုပ်ရှားမှုများအပေါ် ခြုံငုံရေးသားထားသည့် အစီရင်ခံစာတစ်စောင်ကို ဂူတာရက်စ်က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။