ဝါရှင်တန် အောက်တိုဘာ ၃၀
မကြာမီကျင်းပတော့မည့် သမ္မတရွေးကောက်ပြိုင်ပွဲအတွက် အမေရိကန်ပြည်သူများ မဲမပေးမီတစ်ပတ်အလိုတွင် အမေရိကန်သမ္မတလောင်းနှစ်ဦး၏ ပြိုင်ဆိုင်မှုမှာ အကြိတ်အနယ်ရှိလာခဲ့သည်။
အောက်တိုဘာ ၂၉ ရက်အထိ နိုင်ငံလုံးဆိုင်ရာမဲရုံများတွင် ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ဒီမိုကရက်တစ်သမ္မတလောင်း ကာမလာ ဟားရစ်ကို ၀ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ဦးဆောင်လျက်ရှိကြောင်း အမေရိကန်ရွေးကောက်ပွဲသတင်းအချက်အလက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Real Clear Politics အရသိရသည်။