ရုရှားသမ္မတ ပူတင်နှင့် ဆော်ဒီတွင် တွေ့ဆုံရန်လျာထားကြောင်း ထရမ့်ပြောကြား

News Image

  • ရုရှားသမ္မတ ပူတင်နှင့် ဆော်ဒီတွင် တွေ့ဆုံရန်လျာထားကြောင်း ထရမ့်ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပထမဆုံး တွေ့ဆုံမည့် အစည်း အဝေးကို ဆော်ဒီအာရေးဗီးယားတွင် ကျင်းပရန် စီစဉ်ထားကြောင်း၊ အဆိုပါ တွေ့ဆုံမှုတွင် ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman AI Saud လည်း ပါဝင်နိုင်ကြောင်း ထရမ့်က ပြောကြားလိုက်ပါသည်။ 

ဖေဖော်ဝါရီ ၁၂ ရက်တွင် ပူတင်နှင့် ထရမ့်တို့၏ တယ်လီဖုန်း ဆက်သွယ်ပြောကြားမှုသည် ၁ နာရီခွဲကြာမြင့်ခဲ့ပြီး နိုင်ငံသားများ အပြန်အလှန်လဲလှယ်မှုကိစ္စရပ်များအပါအဝင် ယူကရိန်း အရေးနှင့် အရှေ့အလယ်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ကရင်မလင်က ထုတ်ပြန်ထားပါသည်။ 

ထရမ့်နှင့် ပူတင်တို့ သည် ၂၀၁၉ ခုနှစ်၊ ဇွန်လကုန်ပိုင်းတွင် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ ကျင်းပသည့် G20 ထိပ်သီးအစည်းအဝေးတွင် နောက်ဆုံး အကြိမ် တွေ့ဆုံခဲ့သည်။

ကိုးကား-TASS