အမေရိကန်က ဥရောပကို ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး ဆွေးနွေးပွဲများမှ ဘေးဖယ်ထားမည်လား

News Image

  • အမေရိကန်က ဥရောပကို ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး ဆွေးနွေးပွဲများမှ ဘေးဖယ်ထားမည်လား

ယူကရိန်းပဋိပက္ခအဆုံးသတ်‌ရေးနှင့်ပတ်သက်၍ ဥရောပကို စေ့စပ်ညှိနှိုင်း‌ဆွေးနွေးပွဲများမှ ချန်လှပ်ထားမည်ဆိုပါက ဥရောပနှင့် အမေရိကန်တို့၏ ဆက်ဆံရေးမှာ ပြောင်းလဲသွားနိုင်ပြီး သမိုင်းတွင်မည့် ပြောင်းလဲမှုတစ်ခုဖြစ်နိုင်ကြောင်း ဂျာမနီ ကာကွယ်ရေးဝန်ကြီး Boris Pistorius က ပြောကြားလိုက်ပါသည်။

ထို့ပြင် ဥရောပနှင့် အမေရိကန်ဆက်ဆံရေးမှာ မတူညီသည့် လမ်းကြောင်း များနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရမည့် သမိုင်းဝင် အပြောင်းအလဲတစ်ခုလည်း ဖြစ်သွားနိုင်ကြောင်း၊ နောင်အနာဂတ် ဥရောပမျိုးဆက်သစ်များအနေဖြင့် ငြိမ်းချမ်းစွာ နေထိုင်မည်လား၊ ပဋိပက္ခများနှင့် ရင်ဆိုင်မည်လားဟူ၍ ဆုံးဖြတ်ရမည့် ရွေးချယ်မှုတစ်ခုဖြစ်ကြောင်း မြူးနစ် လုံခြုံရေးညီလာခံတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။ 

ကိုးကား-TASS

Photo: Reuters