၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေအရမိမိဆန္ဒအလျောက် အာမခံထားရှိ နိုင်ခြင်းရှိ/မရှိ သိရှိလိုပါသည်။
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေတွင် မဝင်မနေရဟု ပြဋ္ဌာန်းချက်နှင့် သက်ဆိုင်သည့် အလုပ်သမားများသည် ဥပဒေပါခံစားခွင့်များကို ခံစားခွင့်ရှိသကဲ့သို့ မဝင်မနေရဟု ပြဋ္ဌာန်းချက်နှင့်သက်ဆိုင်ခြင်းမရှိသည့် အလုပ်ဌာနများရှိ အလုပ်သမားများ၊ အလုပ်ရှင်အတည်တကျမရှိသော အလုပ်သမားများ၊ ပျံကျဈေးသည်များ၊ တောင်သူလယ်သမား များမှစ၍ ကျောင်းသူ၊ ကျောင်းသားအဆုံး ပြည်သူပြည်သားအားလုံးသည် မိမိတို့ဆန္ဒအလျောက် အလုပ်ရှင်၊ အလုပ်သမားထည့်ဝင်ကြေးများပေးသွင်း၍ အာမခံထားရှိပြီး ဥပဒေပါခံစားခွင့်များကို ခံစားခွင့်ရှိပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
MM-Questioner-Type
Question
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေအရမိမိဆန္ဒအလျောက် အာမခံထားရှိ နိုင်ခြင်းရှိ/မရှိ သိရှိလိုပါသည်။