မိုးရာသီတွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများပိုမိုကူးစက်ဖြစ်ပွားနိုင်ပါသည်။ ကိုဗစ်-၁၉ရောဂါအားကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားခြင်းမရှိတော့ဘဲ ရာသီတုပ်ကွေးရောဂါကဲ့သို့ ဒေသတွင်းပုံမှန်ကူးစက်ဖြစ်ပွားတတ်သည့် ရောဂါအဖြစ်သာ သတ်မှတ်ထားပါသည်။ လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ အဆိုပါရောဂါများ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း အဆိုပါရောဂါများ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူလူထုအနေဖြင့် အောက်ပါတို့ကို သတိပြုလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-
လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း စသည့်လက္ခဏာများ ရှိသူများအနေဖြင့် မိမိမှ အခြားသူများသို့ ကူးစက်မှုမရှိစေရေးအတွက်-
(က) လူထူထပ်သောနေရာများသို့ သွားခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် မဖြစ်မနေသွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) အား စနစ်တကျ ဝတ်ဆင်ခြင်း၊
(ခ) ပါးစပ်နှင့်နှာခေါင်းစည်း ဝတ်ဆင်ထားခြင်းမရှိချိန်၌ နှာချေ၊ ချောင်းဆိုးပါက လက်ကိုင် ပဝါ/တံတောင်ကွေးဖြင့် လုံအောင်အုပ်၍ နှာချေ၊ ချောင်းဆိုးခြင်း၊
(ဂ) ရောဂါလက္ခဏာပြင်းထန်ပါက နီးစပ်ရာဆေးရုံ/ကျန်းမာရေးဌာနသို့ ချက်ချင်းပြသ၍ ဆေးကုသမှုခံယူခြင်း။
တစ်ကိုယ်ရေကာကွယ်ရေး နည်းလမ်းများဖြစ်သည့် လက်ကို ရေနှင့်ဆပ်ပြာ သို့မဟုတ် ရေမလို လက်သန့်စင်ဆေးရည်(Hand sanitizer)ဖြင့် မကြာခဏ စနစ်တကျ ဆေးကြောခြင်း၊
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇကွဲများ ကူးစက်ဖြစ်ပွား ခြင်းနှင့် ရောဂါလက္ခဏာပြင်းထန်မှုနှင့် အသက်ဆုံးရှုံးမှုတို့မှ ထိရောက်စွာ ကာကွယ်ပေး သည့်အတွက် ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မား သည့် အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည် အဆုတ်ရောဂါ၊ ကင်ဆာရောဂါ ရှိသူများ၊ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုခံယူခြင်း။
ကျန်းမာရေးဝန်ကြီးဌာန
(၄-၆-၂ဝ၂၅)

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကိုအများပြည်သူတို့ စားသုံး နိုင်ရန် စဉ်ဆက်မပြတ် စိစစ်ဆောင်ရွက်လျက်ရှိပါသည်။
ထိုင်းဘာသာစကားဖြင့် ကပ်နှိပ်ထားသော Sprite အမှတ်တံဆိပ် အစိမ်းရောင်အချိုရည်ဘူးများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်မရှိဘဲ ဈေးကွက်များတွင် တရားမဝင်တုပထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍စားသုံးသူပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အရည်အသွေးအာမခံချက်နှင့် တာဝန်ယူမှု၊တာဝန်ခံမှုမရှိနိုင်သည့် ၎င်းအစား အသောက်အမယ်အား စားသုံးသူများအနေဖြင့် ဝယ်ယူစားသုံးခြင်းမပြုရန် အသိပေးအပ်ပါသည်။
ဖြန့်ဖြူး/ရောင်းချသူများအနေဖြင့် ၎င်းအစား အသောက်အမယ်အား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါကအမျိုးသားအစား အသောက်ဥပဒေပုဒ်မ၂၈ (က) အရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေး ကြေညာလိုက်သည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
ကျန်းမာရေးဝန်ကြီးဌာန
မိမိပိုင် နိုင်ငံသားစိစစ်ရေးကတ်၊ Mobile SIM Card၊ Mobile Payment Account၊ Bank Account များအား မသက်ဆိုင်သူထံသို့ အခကြေးငွေဖြင့်ရောင်းချခြင်း ၊ ငှားရမ်းအသုံးပြုခြင်းစေခြင်းများ ဆောင်ရွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရနိုင်ပါသည်။

မဲခေါင်သိပ္ပံမှ ခေါ်ယူသည့်အလုပ်အကိုင်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူများ ပါဝင်လျှောက်ထားနိုင်-
၁။ Grants and Compliance Officer
၂။ Project Manager (ESG)
၃။ Manager of Monitoring, Evaluation and Learning (MEL)
Source: https://www.moi.gov.mm/news/70676
Bachelor Degree ကို Australia နိုင်ငံမှာ တက်ရောက်ဖို့ စီစဉ်နေသူတွေ ရှိကြလား? ဒါဆိုရင်တော့ Australia နိုင်ငံက ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ Monash University ကနေ ဘွဲ့ကြိုကျောင်းသားတွေအတွက် ပညာသင်စရိတ်အပြင် နှစ်စဉ်ကြေး၊ နေထိုင်စရိတ်၊ လေယာဉ်စရိတ်၊ ကျောင်းသားဗီဇာကြေးတို့ကိုပါ Cover ဖြစ်စေမယ့် (၄) နှစ်စာ $360,000 AUD အထိ ပေးအပ်သွားမယ့် ပညာသင်ဆုကို လျှောက်ထားနိုင်ပါပြီ။
ပညာသင်ဆုနာမည်ကတော့ K.C. Kuok Scholarship ဖြစ်ပြီး တရုတ်ပြည်မ၊ ဟောင်ကောင်အပါအဝင် အရှေ့တောင်အာရှနိုင်ငံသားတွေပဲ သီးသန့်လျှောက်ထားနိုင်တဲ့ ပညာသင်ဆု ဖြစ်ပါတယ်။ Monash University ရဲ့ နှစ်သက်ရာ Undergraduate Program တွေကို လျှောက်လို့ရပါတယ်။ ပညာသင်ဆုကို တစ်နှစ်မှာ တစ်ယောက်ပဲ ပေးတာဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှုများသလို ပညာသင်ဆု အကျိုးခံစားခွင့်ကလည်း များပါတယ်။
ဘယ်လိုလူတွေ လျှောက်ထားလို့ရလဲ?
တရုတ်၊ ဟောင်ကောင်နဲ့ အရှေ့တောင်အာရှနိုင်ငံသား ဖြစ်ရပါမယ်။
မိမိလျှောက်ထားတဲ့ ပရိုဂရမ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသူဖြစ်ရပါမယ်။
Monash University မှာ ပညာသင်ကြားဖူးသူ မဖြစ်ရပါ။
တခြားကျောင်းမှာ ကျောင်းတက်နေသူ မဖြစ်ရပါ။
ငွေကြေးအခက်အခဲရှိကြောင်း သက်သေပြနိုင်သူ ဖြစ်ရပါမယ်။
Double Degree လျှောက်ထားသူ မဖြစ်ရပါ။
ပညာသင်ဆု အကျိုးခံစားခွင့်
ကျောင်းလခ
နှစ်စဉ်ကြေး $14,000 AUD
အဆောင်ကြေး (နွေရာသီကျောင်းပိတ်ရက်အတွက်မပါ)
ကျောင်းသားဗီဇာကြေး
အသွားလေယာဉ်စရိတ်
ပထမနှစ်အတွက် အခြေချစရိတ် $3,000 AUD
ကျန်မာရေးအာမခံကြေး
ဘယ်လိုလျှောက်ထားရမလဲ?
- Course Program ကို (https://www.monash.edu/admissions/apply/online) ကနေတစ်ဆင့် ရွေးချယ်လျှောက်ထားနိုင်ပါတယ်။
- မလျှောက်ခင် လျှောက်လွှာကြေး ($125) ကင်းလွတ်ခွင့်ရဖို့ asiascholarship@monash.edu ကို အီးမေးလ်ပေးပို့ပြီး Request အရင် လုပ်ရပါမယ်။
- ပြီးမှ ပညာသင်ဆုကို Online Application Form (https://monash.az1.qualtrics.com) ကနေတစ်ဆင့် (သို့) Offline Application Form (https://drive.google.com/file/) ကို Download လုပ်ပြီးလည်း လျှောက်ထားနိုင်ပါတယ်။
- လိုအပ်တဲ့ Documents တွေကို asiascholarship@monash.edu ကနေတစ်ဆင့် Subject နေရာမှာ K.C. Kuok Scholarship - [Your Name] ရေးပြီး ပေးပို့ရပါမယ်။
လိုအပ်တဲ့ စာရွက်စာတမ်းများ
Financial Documentation
Academic and Extracurricular documentation
Personal Aspiration Statement
Financial Support Statement
ရွေးချယ်မှုအဆင့်ဆင့်
ပညာသင်ဆုလျှောက်လွှာကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမယ်။ ဇူလိုင် (၂၂) ကနေ ဩဂုတ် (၈) ရက်နေ့အတွင်းမှာ ပထမအဆင့် ရွေးချယ်ခံရသူတွေကို ကြေညာ သွားမှာ ဖြစ်ပြီး ဩဂုတ် (၁၁) ရက်နေ့ စတဲ့ အပတ်မှာ အင်တာဗျူးဖြေဆိုခွင့် ရရှိသူတွေကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ဩဂုတ် (၁၆) ရက်နေ့မှာ နောက်ဆုံးအဆင့် အင်တာဗျူး ဖြေဆိုရမှာ ဖြစ်ပြီး ဩဂုတ်လ (၁၈) ရက်နေ့ စတဲ့ အပတ်မှာ ပညာသင်ဆု ရရှိသူတွေကို သိရမှာဖြစ်ပါတယ်။
Scholarship အကြောင်း အသေးစိတ် သိလိုသူတွေက asiascholarship@monash.edu ကို အီးမေးလ် ပေးပို့မေးမြန်းနိုင်ပါတယ်။
ကိုးကား- Myanmar Education Guide
၁။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ ဂုဏ်ပုဒ်၊ အာဆီယံစိတ်ဓာတ်နှင့် အောက်ဖော်ပြပါ သတ်မှတ်ထားသည့် နယ်ပယ်များတွင် အာဆီယံအသိုက်အဝန်း ထူထောင်ရေးတို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၅ ခုနှစ် အာဆီယံဆု (ASEAN Prize 2025)ကို ပေးအပ်ချီးမြှင့်ရန်အတွက် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိပါသည်-
(က) အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊
( ခ ) အာဆီယံနှင့် ကမ္ဘာတစ်ဝန်းအကြား ပူးပေါင်းဆောင်ရွက်မှုများ၊
( ဂ ) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ၊
(ဃ) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပေါင်းစည်းရေးနှင့် စံနှုန်းများမြှင့်တင်ရေး ဆောင်ရွက်မှုများ၊
( င ) အာဆီယံအသိုက်အဝန်း တည်ထောင်ရေးအတွက် သိသာထင်ရှားသည့် ဆောင်ရွက်မှုများ
၂။ အာဆီယံဆုအား အပြီးသတ်ရွေးချယ်မည့် အကဲဖြတ်အဖွဲ့ကို လက်ရှိအာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ် ဟောင်းများအပါအဝင် ထင်ရှားသောအဆင့်မြင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားပြီး ဆုရရှိသူအား အာဆီယံဆုဖလားနှင့် အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ချီးမြှင့်သွားမည် ဖြစ်ပါသည်။
၃။ အဆိုပါဆုအား လျှောက်ထားရန်အဆိုပြုသူများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသား(သို့မဟုတ်) အဖွဲ့အစည်းဖြစ်ရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကို အခြေခံပြီးပြည်သူကိုဦးတည်၍ ပြည်သူကိုဗဟိုပြုသည့် အာဆီယံအသိုက်အဝန်း ထူထောင်ခြင်းနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆောင်ရွက်ချက်များ၊ အောင်မြင်မှုများနှင့် အာဆီယံနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို အင်္ဂလိပ်ဘာသာဖြင့် လျှောက်လွှာတွင် အကျဉ်းချုပ်ရေးသားဖော်ပြရမည် ဖြစ်ပါသည်။
၄။ အကျဉ်းချုပ်တွင် ပါရှိရမည့်အချက်အလက်များကို လျှောက်လွှာပုံစံတွင် ဖော်ပြပါရှိကြောင်းနှင့် လျှောက်လွှာပုံစံကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာ https://asean.org/nomination-form/ တွင် download ရယူဖြည့်စွက်ပြီး အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်(သို့မဟုတ်) amns.mofa@gmail.com သို့ ၁၁-၄-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ လိပ်မူလျှောက်ထားနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ အသေးစိတ် အချက်အလက်များကိုလည်း ဖော်ပြပါအာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာတွင် လေ့လာကြည့်ရှုနိုင်ပါကြောင်း အသိပေး အပ်ပါသည်။
Source: https://www.moi.gov.mm
Document
Document
Document
Document