မြန်မာနိုင်ငံအနေဖြင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်မည်မျှ ရယူနိုင်ခဲ့သနည်း။

(၃၂) ကြိမ်မြောက် အရှေ့ တောင်အာရှ    အားကစားပြိုင်ပွဲတွင်   မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်း၊  အားကစား သမား ၃၄၁ ဦး၊  အုပ်ချုပ်သူ/  နည်းပြ ၁၀၄ ဦး၊ စုစုပေါင်း  ၄၄၅ ဦးဖြင့်   ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခု စုစုပေါင်းဆုတံဆိပ် ၁၁၄ ခု ရယူပေးနိုင်ခဲ့ပါသည်။

လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ပုံကို ဖြေကြားပေးစေလိုပါသည်။

မိမိတို့နိုင်ငံတွင် လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ နိုင်ငံသားများဟူ၍ ဖွင့်ဆိုထား သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် “နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟူသော လူမှုရေး ဦးတည်ချက် တစ်ရပ်လည်း ပါဝင်သည်။ နိုင်ငံတော်၏ အနာဂတ်ကာလအတွက် လူငယ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေရန် ပြုစုပျိုးထောင်ရာတွင် ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်လိုအပ

မြန်မာနိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်နေရာဒေသနှင့် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်များကို ဖြေကြားပေးစေလိုပါသည်။

မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုအမွေအနှစ် နေရာဒေသမြောက်မြားစွာရှိသည့်အနက် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အမွေအနှစ်များကို နိုင်ငံတကာအဆင့်ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်နိုင်ရန်အတွက် UNESCO သို့ အမည်စာရင်းတင်သွင်းခဲ့ရာမှ အောက်ပါ ဒေသများသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာခဲ့ပါသည် -

ကရင်တိုင်းရင်းသားတို့၏ စပါးလိပ်ပြာခေါ်ပွဲ ဆိုသည်မှာ အဘယ်နည်း။

ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတစ်ချို့မှာ ၎င်းတို့၏ နေထိုင်မှုပုံစံ၊ ခေတ်ကာလနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့်သမိုင်းကြောင်းရာဇဝင်တို့အပေါ်မှီတည်၍ ဖြစ်ပေါ်လာသည်ဟုလေ့လာမှတ်သားရပြီး လယ်ယာလုပ်ငန်း ကို လုပ်ကိုင်ကြသော ကရင်တိုင်းရင်းသားလူမျိုးများသည် စိုက်ပျိုးရိတ်သိမ်းထွက်ရှိလာသော ဆန်စပါးနှင့် ဥယာဉ်ခြံထွက် သီးနှံများကို ဦးဦးဖျားဖျားစားသုံးခြင်းမပြုမီ (သို့မဟုတ်) စားသုံးပြီးသည့်အခါ အသစ်ကိုအဟောင်းပြု၍ ကောက်သစ်စားပွဲ (မတူညီသည့်ဒေသအပေါ်မူတည်၍ )စပါးလိပ်ပြာခေါ်ပွဲကို ကျင်းပလေ့ရှိကြသည်။  ကရင်အမျိုးသားများနေထိုင်ရာ နေရာဒေသတိုင်းတွင် စပါးလိပ်ပြာခေါ်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပြီး အိမ်ထောင