အမေရိကန်က မီးနှင့်ကစားနေသည်ဟု တရုတ်ပြော

News Image

အမေရိကန်က မီးနှင့်ကစားနေသည်ဟု တရုတ်ပြော

အမေရိကန်နိုင်ငံအနေဖြင့် မီးနှင့်ကစားနေသည်ဟု တရုတ်အစိုးရက ဒီဇင်ဘာလ ၂၂ ရက်တွင် သတိပေးစကားပြောလိုက်ကြောင်း သိရသည်။

အမေရိကန်အစိုးရက ထိုင်ဝမ်ကျွန်းသို့ စစ်လက်နက်ပစ္စည်များ ရောင်းချပေးရေး နှင့် ထောက်ပံ့ပေးရေးအတွက် အတည်ပြုကြောင်း ကြေညာပြီးနောက် တရုတ်အစိုးရက ယခုကဲ့သို့ထုတ်ပြန်ခြင်း ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ပထမဆုံး မြေအောက်ရထားလမ်း စတင်ဖွင့်လှစ်

News Image

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ပထမဆုံး မြေအောက်ရထားလမ်း စတင်ဖွင့်လှစ်

ဟနွိုင်း  ဒီဇင်ဘာ ၂၂

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ပထမဆုံး မြေအောက်ရထားလမ်းကို ယနေ့စတင်ဖွင့်လှစ်ကြောင်း သိရသည်။

အဆိုပါ မြေအောက်ရထားလမ်း၏ အကျိုးကျေးဇူးကြောင့် ဟိုချီမင်းမြို့၏ ယာဉ်ကြောပိတ်ဆို့မှုနှင့် လေထုညစ်ညမ်းမှုကို ပိုမိုသက်သာစေမည်ဖြစ်သည်။ ကီလိုမီတာ ၂၀ (၁၂ မိုင်) အရှည်ရှိ မြေအောက်ရထားလမ်းသည် မြို့လယ်နှင့် ၎င်း၏ ဆင်ခြေဖုံးများကို ချိတ်ဆက်ပေးထားကြောင်း သိရသည်။

အမေရိကန်‌ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ပနားမားတူးမြောင်းကို “အမေရိကန်အတွက် အရေးကြီးသော အမျိုးသားပိုင်ဆိုင်မှုတစ်ခု” ဟုယူဆကာ တူးမြောင်းကို ပြန်လည်သိမ်းယူမည်ဟု ခြိမ်း‌ခြောက်

News Image

အမေရိကန်‌ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ပနားမားတူးမြောင်းကို “အမေရိကန်အတွက် အရေးကြီးသော အမျိုးသားပိုင်ဆိုင်မှုတစ်ခု” ဟုယူဆကာ တူးမြောင်းကို ပြန်လည်သိမ်းယူမည်ဟု ခြိမ်း‌ခြောက်

ဝါရှင်တန်  ဒီဇင်ဘာ ၂၂

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ပနားမားတူးမြောင်းကို “အမေရိကန်အတွက် အရေးကြီးသော အမျိုးသားပိုင်ဆိုင်မှုတစ်ခု” ဟု ယူဆကာ တူးမြောင်းကို ပြန်လည် သိမ်းယူမည်ဟု ခြိမ်းခြောက်ပြောကြားသည်။

ပနားမားတူးမြောင်းသည် အမေရိကန်သင်္ဘောများအား မတန်မဆ ဈေးကောက်ခံခြင်းအပေါ် ကိုးကား၍ ထရမ့်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ဟူသီတို့၏ ဒုံးကျည်လက်နက်တိုက် အမေရိကန်တို့ လေကြောင်းတိုက်ခိုက်

News Image

ဟူသီတို့၏ ဒုံးကျဉ်လက်နက်တိုက် အမေရိကန်တို့ လေကြောင်းတိုက်ခိုက်

ဆာနား  ဒီဇင်ဘာ ၂၂

ဟူသီများ ထိန်းချုပ်ထားသည့် ယီမင်နိုင်ငံမြို့တော် ဆာနား၌ ဒီဇင်ဘာ ၂၁ ရက် ညပိုင်းတွင် အမေရိကန်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဟူသီများ ထိန်းချုပ်ထားသည့် အယ်မာဆီရာ့ရုပ်သံတွင် ဖော်ပြခဲ့သည်။

အက်တန်ဒေသတွင် လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့ကြောင်း အသေးစိတ်အချက်အလက်များ မသိရသေးကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။