ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အမည်မသိရောဂါတစ်မျိုး ကူးစက်မှုကြောင့် လူပေါင်း ၈၀ နီးပါး သေဆုံး

News Image

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အမည်မသိရောဂါတစ်မျိုး ကူးစက်မှုကြောင့် လူပေါင်း ၈၀ နီးပါး သေဆုံး

ကင်ရှာဆာ   ဒီဇင်ဘာ ၅

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ မကြာသေးမီရက်သတ္တပတ်များအတွင်း အမည်မသိရောဂါတစ်မျိုး ကူးစက်မှုကြောင့် လူပေါင်း ၈၀ နီးပါး သေဆုံးခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

ပျံ့နှံ့လျက်ရှိ

တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများဖြစ်ပွားစေသည့် အဆိုပါရောဂါသည် အောက်တိုဘာ ၂၄ ရက်မှစပြီး အနောက်တောင်ပိုင်း ကွန်ဂိုပြည်နယ်၌ ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

ရုရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ် စတင်အသက်ဝင်

News Image

ရုရှားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် စတင်အသက်ဝင်

ရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြားဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်သည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည်ဟု မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ သတင်းစာက ဖော်ပြထားသည်။

ကြာသပတေးနေ့ထုတ် Rodong Sinmun သတင်းစာ၌ မော်စကိုမြို့တွင် ဒီဇင်ဘာလ ၄ ရက်နေ့က လက်မှတ်ရေးထိုးထားသော သဘောတူစာချုပ်ကို နှစ်နိုင်ငံလဲလှယ်ခဲ့ကြသည်ဟု ဖော်ပြခဲ့ကြသည်။

အိန္ဒိယနိုင်ငံမှ သတင်းသုံးသပ်သူ Mr. Atul Aneja အကြောင်း

Atul Aneja သည် နိုင်ငံခြားရေးရာအထူးပြု ဝါရင့် သတင်းထောက်တစ်ဦးဖြစ်ပါသည်။ ၎င်းသည် India Narrative website ၏ အယ်ဒီတာဟောင်းတစ်ဦးဖြစ်ပြီး ဟိန္ဒူသတင်းစာ၏ မဟာဗျူဟာ ရေးရာ အယ်ဒီတာလည်း ဖြစ်ပါသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သားဖြစ်သူ ဥပဒေအထက်တွင် ရှိနေဟု အီလွန်မတ်စ်ပြောကြား

News Image

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သားဖြစ်သူ ဥပဒေအထက်တွင် ရှိနေဟု အီလွန်မတ်စ်ပြောကြား

ဝါရှင်တန် ဒီဇင်ဘာ ၄

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သားဖြစ်သူ ဟန်းတားဘိုင်ဒင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းက အမေရိကန်သမ္မတ၏ သားဖြစ်သူသည် ဥပဒေအထက်တွင် ရှိနေသည်ဆိုသည့် အချက်မှာ ထင်ရှားကြောင်း အိက်စ်လူမှုကွန်ရက်တည်ထောင်သူ အီလွန်မတ်စ်က ၎င်း၏ အိက်စ်လူမှုမီဒီယာစာမျက်နှာတွင် ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁ ရက်နေ့တွင် အိမ်ဖြူတော်က ထုတ်ပြန်သည့် ကြေညာချက်အရ ဟန်းတားဘိုင်ဒင်အား သီးခြားတရားစွဲဆိုထားသည့် ရာဇဝတ်မှုနှစ်ခုအတွက် သမ္မတဂျိုးဘိုင်ဒင်က လွတ်ငြိမ်းချမ်းသာ ခွင့်ပြုကြောင်း ကြေညာခဲ့သည်။