ရုရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ် စတင်အသက်ဝင်
ရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြားဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်သည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည်ဟု မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ သတင်းစာက ဖော်ပြထားသည်။
ကြာသပတေးနေ့ထုတ် Rodong Sinmun သတင်းစာ၌ မော်စကိုမြို့တွင် ဒီဇင်ဘာလ ၄ ရက်နေ့က လက်မှတ်ရေးထိုးထားသော သဘောတူစာချုပ်ကို နှစ်နိုင်ငံလဲလှယ်ခဲ့ကြသည်ဟု ဖော်ပြခဲ့ကြသည်။
နှစ်နိုင်ငံမှ ဒုတိယနိုင်ငံခြားရေး၀န်ကြီးများသည် အဆိုပါ လဲလှယ်မှုဆိုင်ရာ စာရွက်စာတမ်းတစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဤစာချုပ်သည် နိုင်ငံတကာ မဟာဗျူဟာ တည်ငြိမ်မှုကိုအာမခံသော "အားကောင်းသော လုံခြုံရေးဆိုင်ရာကိရိယာ" ဖြစ်သည်ဟု ယင်းသတင်းစာက ဆိုသည်။
ဇွန်လက ရုရှားသမ္မတ Vladimir Putin ပြုံယမ်းမြို့ကို လာရောက်ချိန်တွင် မြောက်ကိုးရီးယားခေါင်းဆောင် Kim Jong Un နှင့် မစ္စတာ Putin တို့ ယင်းသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ထိုစာချုပ်တွင် “ရုရှားနှင့်မြောက်ကိုရီးယားနှစ်နိုင်ငံထဲမှ တစ်နိုင်ငံကို ကျူးကျော်ဝင်ရောက်ခံရပြီး စစ်ဖြစ်သည့် အနေအထား ရှိခဲ့မည်ဆိုပါက နောက်တစ်နိုင်ငံအနေဖြင့် ၎င်းပိုင်ဆိုင်ထားသော စစ်ဘက်ဆိုင်ရာနှင့် အခြားအကူအညီများ အားလုံးကို နှောင့်နှေးမှုမရှိဘဲပေးရမည်”ဟု ပြဋ္ဌာန်းထားပါသည်။
ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံတို့ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည့်အကြား မြောက်ကိုရီးယားက ရုရှားနိုင်ငံသို့ တပ်ဖွဲ့များစေလွှတ်နေချိန်တွင် ယင်း သဘောတူစာချုပ် အသက်ဝင်လာခြင်းဖြစ်ပါသည်။
ကိုးကား-NHK World