ဩစတြေးလျ၏ထိပ်တန်းတက္ကသိုလ်များက ထရမ့်၏ အမေရိကန် ရန်ပုံငွေ မှ ထောက်ပံ့မှုများ စိစစ်ဖြတ်တောက်မှုကြောင့် သုတေသနလုပ်ငန်းများ ထိခိုက်နိုင်စေနိုင်ကြောင်းပြောဆို

News Image

ဩစတြေးလျ၏ထိပ်တန်းတက္ကသိုလ်များက ထရမ့်၏ အမေရိကန် ရန်ပုံငွေ မှ ထောက်ပံ့မှုများ စိစစ်ဖြတ်တောက်မှုကြောင့် သုတေသနလုပ်ငန်းများ ထိခိုက်နိုင်စေနိုင်ကြောင်းပြောဆို

ဩစတြေးလျ၏ထိပ်တန်းတက္ကသိုလ်များက မတ်လ ၁၃ ရက်နေ့တွင် ထရမ့် အစိုးရအဖွဲ့မှ ၎င်းတို့၏သုတေသီအချို့အတွက် အမေရိကန်ရန်ပုံငွေ ထောက်ပံ့မှုများကို ဖြတ်တောက်ခဲ့ပြီး အမေရိကန်အစိုးရ၏ ငွေကြေးထောက်ပံ့မှုရရှိထားသူများအား ၎င်းတို့၏လုပ်ငန်းများသည် အမေရိကန် အကျိုးစီးပွားနှင့်ကိုက်ညီကြောင်း သက်သေပြရန်တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

ဩစတြေးလျ၏ သုတေသနအထူးပြုတက္ကသိုလ်များဖြစ်သည့် Group of Eight က ယင်းလုပ်ရပ်သည် နိုင်ငံ၏ အရေးကြီးဆေးဘက်ဆိုင်ရာနှင့် ကာကွယ်ရေးသုတေသနများကို ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။