အာတိတ်ဒေသ၌ စွမ်းအင်ထုတ်လုပ်ရေး စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ရုရှားနှင့်အမေရိကန် ဆွေးနွေးလျက်ရှိ
News Image

ရုရှားနှင့် အမေရိကန်နိုင်ငံတို့သည် မကြာမီ အနာဂတ်ကာလတွင် အာတိတ်ဒေသ၌ စွမ်းအင်ထုတ်လုပ်ရေး စီမံကိန်းများအပါအဝင် နိုင်ငံတကာစီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။
အာတိတ်ဒေသသည် ထုတ်ယူခြင်းမပြုရသေးသည့် စွမ်းအင်အရင်းအမြစ်များ၊ သတ္တုအရင်းအမြစ်များနှင့် မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းများကြောင့် ကမ္ဘာ့နိုင်ငံများ၏ စိတ်ဝင်စားမှုကိုခံနေရသည့် ဒေသတစ်ခုဖြစ်သည်။