ရုရှား၊ ယူကရိန်းတို့နှင့် ဆွေးနွေးနေပြီဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ပြောကြား

News Image

ရုရှား၊ ယူကရိန်းတို့နှင့် ဆွေးနွေးနေပြီဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ပြောကြား

အမေရိကန်အစိုးရသည် ယခုအခါ ရုရှား၊ ယူကရိန်းတို့နှင့် အမြင်များ ဖလှယ်ဆွေးနွေးနေပြီး၊ အခြားသော ယူကရိန်းကိစ္စဖြေရှင်းနိုင်ရေး နည်းလမ်း များကို ဆွေးနွေးနေသည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz က Fox News ကို အတည်ပြုပြောကြားလိုက်ပါသည်။

“မိမိတို့အနေဖြင့် ရုရှားဘက်က တာဝန်ရှိသူများနှင့် ဆွေးနွေးနေသလို ယူကရိန်းဘက်ရှိ တာဝန်ရှိသူများနှင့်လည်း ဆွေးနွေးနေပါသည်။ သမ္မတ ထရမ့်က စေ့စပ်ညှိနှိုင်းမှု အကျွမ်းကျင်ဆုံးတစ်ဦးဖြစ်ပြီး ယခုစစ်ပွဲကို ပြီးဆုံးစေရန် မျှော်မှန်းထားပါသည်” ဟု သူက ပြောကြားပါသည်။

တရုတ်၏ သူလျှိုလှုပ်ရှားမှုကို တန်ပြန်သည့်အနေဖြင့် ထိုင်ဝမ်က စစ်တရားရုံးစနစ် ပြန်လည်စတင်ရန် ကြိုးပမ်း

News Image

တရုတ်၏ သူလျှိုလှုပ်ရှားမှုကို တန်ပြန်သည့်အနေဖြင့် ထိုင်ဝမ်က စစ်တရားခွင်စနစ် ပြန်လည်စတင်ရန် ကြိုးပမ်း

ထိုင်ဝမ်သမ္မတက ၎င်း၏အစိုးရအနေဖြင့် စစ်တရားရုံးစနစ်ကို ပြန်လည်အသက်သွင်းရန် ဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ဤသည်မှာ ထိုင်ဝမ်စစ်တပ်ကို ပစ်မှတ်ထားသော ထိုးဖောက်ဝင်ရောက်မှုနှင့် သူလျှိုလုပ်ရှားမှုများကဲ့သို့ တရုတ်၏ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ရန် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

မြန်မာပိုင် ကဘော်ချိုင့်ဝှမ်းဒေသကို သိမ်းယူပြီး မဏိပူရ် ပြည်နယ် သို့ ထည့်သွင်းရန် အဆိုတင်သွင်းခြင်းကို PPP ပါတီက ပြင်းထန်စွာ ကန့်ကွက်

News Image

မြန်မာပိုင် ကဘော်ချိုင့်ဝှမ်းဒေသကို သိမ်းယူပြီး မဏိပူရ် ပြည်နယ် သို့ ထည့်သွင်းရန် အဆိုတင်သွင်းခြင်းကို PPP ပါတီက ပြင်းထန်စွာ ကန့်ကွက်

မြန်မာပိုင် ကဘော်ချိုင့်ဝှမ်းဒေသကို သိမ်းယူပြီး မဏိပူရ်ပြည်နယ်သို့ ထည့်သွင်းရန် အဆိုတင်သွင်းခြင်းကို ပြည်သူ့ရှေ့ဆောင် (PPP) ပါတီက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန် ခဲ့ကြောင်း တွေ့မြင်ရသည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ကိုယ်စားပြု အိန္ဒိယအထက် လွှတ်တော် အမတ် Leishemba Sanajaoba က မတ်လ (၁၀) ရက်တွင် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နှင့်နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံအပိုင် ကဘော်ချိုင့်ဝှမ်းဒေသကို သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းရန် အဆိုကို လွှတ်တော်တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

မော်စကိုက ထရမ့်၏ ယူကရိန်းကိုယ်စားလှယ် Kellogg ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ တားမြစ်

News Image

မော်စကိုက ထရမ့်၏ ယူကရိန်းကိုယ်စားလှယ် Kellogg ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ တားမြစ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ရုရှားနှင့်ယူကရိန်းပဋိပက္ခအတွက် အထူးကိုယ်စားလှယ် Keith Kellogg ကို မော်စကို၏တောင်းဆိုချက်အရ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်မပေးတော့ကြောင်း NBC သတင်းဌာနက မတ်လ ၁၃ ရက်(ကြာသပတေး)နေ့တွင် သတင်းရင်းမြစ်များကိုကိုးကားပြီး ဖော်ပြခဲ့ပါသည်။ အဆိုပါသတင်း၌ ရုရှားတာဝန်ရှိ ပုဂ္ဂိုလ်များက Kellogg သည် စစ်ရေးအရ လွန်စွာတင်းမာသူဖြစ်ပြီး “ယူကရိန်းနှင့် နီးစပ်လွန်းသူ” ဟု ရှုမြင်ကြောင်း ဖော်ပြထားပါသည်။