ပေါင်းတည်၌ ဖူးစားပြောင်းသီးနှံများ သီးထပ်စိုက်ပျိုးလျက်ရှိ
News Image

ပေါင်းတည် ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ မြေအောက်ရေ၊ ချောင်းရေတို့မှ စိုက်ပျိုးရေရယူကာ ဖူးစားပြောင်းသီးနှံ သီးထပ်စိုက်ပျိုးလျက်ရှိသည်။
တောင်သူများသည် တစ်ခင်းခုတ် တစ်ခင်းစိုက် စဉ်ဆက်မပြတ် စိုက်ပျိုးကြရာတွင် စိုက်ခင်းဟောင်းအား ပြန်လည်ထွန်ယက်ခြင်း၊ သဘာဝမြေဩဇာများ ပြန်လည်ဖြည့်တင်းပေးခြင်းများ ပြုလုပ်ပေးရကြောင်း၊ ပြောင်းပင်ရိုးများကို နွားစာအဖြစ်လည်းကောင်း၊ သဘာဝမြေဩဇာအတွက်လည်းကောင်း အသုံးပြုကြကြောင်း သိရသည်။