ပေါင်းတည်၌ ဖူးစားပြောင်းသီးနှံများ သီးထပ်စိုက်ပျိုးလျက်ရှိ

News Image

  • ပေါင်းတည်၌ ဖူးစားပြောင်းသီးနှံများ သီးထပ်စိုက်ပျိုးလျက်ရှိ

ပေါင်းတည် ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ မြေအောက်ရေ၊ ချောင်းရေတို့မှ စိုက်ပျိုးရေရယူကာ ဖူးစားပြောင်းသီးနှံ သီးထပ်စိုက်ပျိုးလျက်ရှိသည်။

တောင်သူများသည် တစ်ခင်းခုတ် တစ်ခင်းစိုက် စဉ်ဆက်မပြတ် စိုက်ပျိုးကြရာတွင် စိုက်ခင်းဟောင်းအား ပြန်လည်ထွန်ယက်ခြင်း၊ သဘာဝမြေဩဇာများ ပြန်လည်ဖြည့်တင်းပေးခြင်းများ ပြုလုပ်ပေးရကြောင်း၊ ပြောင်းပင်ရိုးများကို နွားစာအဖြစ်လည်းကောင်း၊ သဘာဝမြေဩဇာအတွက်လည်းကောင်း အသုံးပြုကြကြောင်း သိရသည်။

ဒေသခံပြောင်းစိုက်တောင်သူများသည် အများအားဖြင့် ထိုင်ဝမ်ပြောင်းမျိုးများကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း၊ ဆောင်းသီးနှံပြောင်းကို ဇန်နဝါရီလအထိ ဆွတ်ခူးရောင်းချခဲ့ကြပြီး ပြန်လည်စိုက်ပျိုးထားသောပြောင်းကို ဧပြီလအထိ ဆွတ်ခူးရောင်းချဆဲဖြစ်ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်၌ ဖူးစားပြောင်းစိုက်ဧက ၁၈၃၇ ဧကရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှသိရပြီး တစ်နှစ်ပတ်လုံးစိုက်ပျိုးကာ အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ