အီရန်နိုင်ငံခြားရေးဝန်ကြီး မော်စကိုရောက်ရှိ

News Image

  • အီရန်နိုင်ငံခြားရေးဝန်ကြီး မော်စကိုရောက်ရှိ

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘ်ဘတ်စ် အရာချီသည် မော်စကိုမြို့သို့ ရောက်ရှိနေပြီဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေးလာဗရော့ဗ်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ၄င်းရောက်ရှိလာသည့်ဗီဒီယိုကို သူ၏ Telegram တွင် ပြသထားပါသည်။ 

ယခုခရီးစဉ်မစတင်မီက  အီရန်၏ အဆင့်မြင့်သံတမန်တစ်ဦးဖြစ်သူ အရာချီ သည်  မော်စကိုသို့သွားရောက်၍ အီရန်ခေါင်းဆောင် အလီခါမေနီ၏ သတင်းစကားကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထံ ပေးပို့ရန် စီစဉ်နေ ကြောင်း ခရီးစဉ်သတင်းကို မျှဝေခဲ့သည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃