ကလေးတွေအတွက် အကောင်းဆုံးအသီးအနှံများ

Posted_Date

Image

ကလေးတွေအတွက် အကောင်းဆုံးအသီးအနှံများ

Body

ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေဟာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့အတွက် အသက်အရွယ်မရွေး စားသုံးပေးသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ သစ်သီးဝလံတွေဟာ ဟင်းသီးဟင်းရွက်တွေထက်စာရင် အရသာပိုရှိတာကြောင့် ကလေးတော်တော်များများက သဘောကျတတ်ကြပါတယ်။

ကလေးများနဲ့ သစ်သီးဝလံ

ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတဲ့နေရာမှာ အသီးအနှံတွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အသီးအနှံတွေမှာ ဗီတာမင်တွေ အများအပြား ပါဝင်ပြီး ကလေးတွေကို ကျန်းမာစေတယ်။ ကိုယ်ခံအားကောင်းစေတယ်။ ရောဂါတွေကို အလွယ်တကူ ဝင်မလာနိုင်အောင် ကာကွယ်ပေး နိုင်တယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ အဝလွန်ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ကလေးတွေကို ငယ်စဉ်ကတည်းက အသီးအနှံတွေကို ပုံမှန်စားတဲ့ အလေ့အကျင့် လုပ်ထားပေးဖို့ လိုအပ်ပါတယ်။

ကလေးတွေအနေနဲ့ ဘယ်အသီးအနှံတွေကို စားပေးသင့်လဲ။

ဘယ်ရီသီးများ – စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ချယ်ရီသီး အစရှိတဲ့ ဘယ်ရီသီးတွေကို စားပေးဖို့ လိုအပ်ပါတယ်။ ဘယ်ရီသီးတွေမှာ ကင်ဆာရောဂါကို ဖြစ်မလာအောင် ကာကွယ်ပေးတဲ့ ဗီတာမင် C အပြင် ဦးနှောက်ကို ဖွံ့ဖြိုးစေတဲ့ အာဟာရဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ထမင်းစားပြီးတဲ့အချိန်မှာ ဘယ်ရီသီး တွေကို မုန့်ပဲသွားရည်စာအနေနဲ့ ကျွေးလို့ရသလို ဒိန်ချဉ်နဲ့လည်း ရောပြီး ကျွေးနိုင်ပါတယ်။

ပန်းသီး – အမျှင်ဓါတ်၊ အာဟာရဓာတ် ပေါကြွယ်ဝပြီး ကိုယ်ခံအားကိုကောင်းစေတယ်။ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်တွေလည်းပါဝင်လို့ ကျန်းမာကြံ့ခိုင်စေတယ်။ ပန်းသီးဟာ အသက်အရွယ်မရွေး စားပေးသင့်တဲ့ အစားအစာဖြစ်ပြီး တစ်နေ့ကို တစ်လုံး ပုံမှန်စားပေးရုံနဲ့ ရောဂါဘယကင်းစင်ပြီး ကျန်းမာစွာ ကြီးပြင်းလာစေဖို့ ကူညီပေးနိုင်ပါတယ်။

ငှက်ပျောသီး – ကာဗိုဟိုက်ဒြိတ် အများအပြားပါဝင်လို့ ကိုယ်ခန္ဓာ ကြွက်သားကို သန်မာစေတယ်။ ကလေးတွေ အထူးသဖြင့် အားကစားလိုက်စားတဲ့သူတွေဆိုရင် ငှက်ပျောသီးကို နေ့စဉ်ပုံမှန် စားပေးသင့်ပါတယ်။ ကလေး တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေပြီး ခန္ဓာကိုယ်အတွက် အားအင်ကို ဖြစ်စေတယ်။ အသားအရေကို လှပစေတဲ့ ဗီတာမင် B ဓာတ်၊ နှလုံးကျန်းမာစေတဲ့ ဗီတာမင် C ဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။

လိမ္မော်သီး – ဗီတာမင် C ပါဝင်မှုများတဲ့ အသီးအနှံအဖြစ် လူသိများကြပြီး အသီးအနေနဲ့ရော ဖျော်ရည်အနေနဲ့ပါ ကလေးတွေကို ကျွေးလို့ရပါတယ်။ အသက်ငယ်တဲ့ကလေးတွေကိုတော့ လိမ္မော်စိတ် အနည်းငယ်ကျွေးရုံနဲ့ လုံလောက်ပါတယ်။ အမျှင်ဓါတ်လည်းပါဝင်ပြီး ကိုယ်ခံအားကို ကောင်းစေလို့ တစ်နေ့ကို လိမ္မော်သီးတစ်လုံး စားပေးနိုင်ရင် အကောင်းဆုံးပါပဲ။

စပျစ်သီး – အစာကြေလွယ်စေတဲ့ အမျှင်ဓာတ်တွေအပြင်၊ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင် C နဲ့ ပိုတက် စီယမ်ဓာတ်တွေ ပါဝင်ပါတယ်။

ထောပတ်သီး – နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ Fatty Acid အပြင် ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင် E ၊ ဗီတာမင် B6 တွေ ပါဝင်လို့ ကလေးတွေအတွက် သင့်လျော်တဲ့ အသီးအနှံ ဖြစ်ပါတယ်။ ထောပတ်သီးကို အစိမ်းစားလို့ရသလို၊ ဖျော်ရည်အနေနဲ့လည်း ကလေးတွေကို တိုက်ကျွေးနိုင်ပါတယ်။

ကိုယ့်ကလေးကို သစ်သီးစားချင်လာအောင် ဘယ်လိုလုပ်သင့်လဲ။

ထမင်းစားပြီးတဲ့အချိန် သရေစာအနေနဲ့ ကျွေးတဲ့အခါမှာ အရောင်စုံသစ်သီးတွေကို သေချာလှီးပြီး ပြင်ဆင်တာက ကလေးတွေကို ပိုပြီးစားချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်နိုင်ပါတယ်။ အပြောင်းအလဲအနေနဲ့ သစ်သီးကို ရေများများနဲ့ကြိတ်ပြီး ဖျော်ရည်အနေနဲ့ တိုက်လို့ရပါတယ်။

ကလေးတွေ မြင်နိုင်လောက်တဲ့ နေရာမှာ သစ်သီးပန်းကန်ကို သေချာပြင်ဆင်ပြီး ထားတာမျိုး၊ ဒိန်ချဉ်နဲ့ သစ်သီး နဲ့ရောပြီး ကျွေးတာမျိုး လုပ်ပေးလို့ရပါတယ်။ သစ်သီးတွေကို အမျိုးအစား အစုံလင်ကို နည်းနည်းစီ ကျွေးတာ မျိုးကလည်း ကလေးတွေကို စားချင်စိတ်ပိုဖြစ်စေပါတယ်။ နေ့စဉ် အသီး အနည်းဆုံးတစ်မျိုးလောက်ပါအောင် စားပေးနိုင်ရင် ကလေးတွေအတွက် လုံလောက်ပါတယ်။

ကိုးကား- https://hellosayarwon.com/