သိကောင်းစရာများ

Myanmar Mobile Money (MMM) ကိုအသုံးပြု၍ အောက်ပါဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။
Myanmar Mobile Money (MMM) ကိုအသုံးပြု၍ အောက်ပါဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။

Myanmar Mobile Money (MMM) ကိုအသုံးပြု၍ အောက်ပါဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။

https://www.meb.gov.mm/my/myanmar-mobile-money

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန်
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန်

ငရုတ်သီး၊ ငရုတ်ကောင်းတို့၏ အပူဓာတ်သည် သွေးလည်ပတ်စီးဆင်းမှုကို အားကောင်းစေပြီး အသက်ရှူလမ်းကြောင်းအတွင်း ရောဂါပိုးများ ဝင်ရောက်ခြင်းကို တိုက်ထုတ်ပေးသည်။ 

ကိုးကား- ရတနာပုံသတင်းစာ

ကျွန်ုပ်တို့ လူမှုပတ်ဝန်းကျင်အသိုက်အဝန်းနှင့် အဖွဲ့အစည်းများအတွင်းရှိ လူပုဂ္ဂိုလ် အမျိုးအစား (၄) ဦး အကြောင်း
ကျွန်ုပ်တို့ လူမှုပတ်ဝန်းကျင်အသိုက်အဝန်းနှင့် အဖွဲ့အစည်းများအတွင်းရှိ လူပုဂ္ဂိုလ် အမျိုးအစား (၄) ဦး အကြောင်း
ငွေကြေး ယူနစ်များ
ငွေကြေး ယူနစ်များ

၁ သန်း = 1 million 

၁ ဘီလီယံ ( 1 billion) = သန်းတစ်ထောင်

၁ ထရီလီယံ ( 1 trillion)= ဘီလီယံတစ်ထောင်

ကမ္ဘာ့ GDP ကို ဖော်ပြရာတွင် trillion မှာ လက်ရှိအချိန်ထိ အမြင့်ဆုံး ငွေကြေးယူနစ် ဖြစ်ပါသည်။

ကိုးကား- အင်တာနက်စာမျက်နှာ

Photo: Raftar

“င” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း
“င” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

ယာဉ်မောင်းလိုင်စင်လျှောက်ထားသူသည် -

(၁)     အသက် (၂၃)နှစ်ပြည့်ပြီးသူဖြစ်ရမည်။

(၂)       ပြည်ထောင်စုမြန်မာနိုင်ငံသား (သို့)ဧည့်နိုင်ငံသား(သို့) နိုင်ငံသားပြုခွင့် ရသူများဖြစ်ရမည်။

(၃)       ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် “ခ”ယာဉ်မောင်း လိုင်စင် (၅)နှစ် (သို့မဟုတ်)“ဃ”ယာဉ်မောင်း လိုင်စင်      (၂)နှစ်(သို့မဟုတ်) “ခ”ယာဉ်မောင်းလိုင်စင်သက်တမ်း နှင့်“ဃ”ယာဉ်မောင်းလိုင်စင်သက်တမ်း စုစုပေါင်းတစ်       ဆက်တည်း(၅)နှစ်ပြည့်ပြီး၊ သက်တမ်းရှိ လိုင်စင်များ ဖြစ်ရမည်။

(၄)       အခြားတိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ရုံးများ၏“ခ”ယာဉ် မောင်းလိုင်စင်(သို့မဟုတ်) “ဃ” ယာဉ်မောင်းလိုင်စင်           ဖြစ်ပါက ရန်ကုန်တိုင်းအတွင်းရှိရုံးများတွင် နယ်ဝင် ဆောင်ရွက်ပြီး ရန်ကုန်တိုင်းလိုင်စင် ပြောင်းလဲရရှိပြီးမှ ရယူ           ရမည်။

ဝန်ဆောင်ခ

ရေးဖြေတစ်ကြိမ်စစ်ဆေးခ -  ၅၀၀ ကျပ်

လိုအပ်သော စာရွက်စာတမ်းများ

  • “ခ” (သို့) “ဃ” ယာဉ်မောင်းလိုင်စင် မူရင်းနှင့်မိတ္တူ

  • နိုင်ငံသားစိစစ်ရေးကတ် မူရင်းနှင့်မိတ္တူ

  • QR Code ပါသည့် Appointment Letter Printout စာရွက် (သို့) လက်ခံရရှိသည့် mail အထောက်အထား          (Phone or Tablet or Notebook) တစ်ခုခုဖြင့် တင်ပြနိုင်သည်။

လျှောက်ထားရန် အဆင့်များ

အနည်းဆုံး (၃) ရက်မှ အများဆုံး (၃၀) ရက်အထိကြိုတင်ရယူနိုင်ပါသည်။

အဆင့်(၁)

  • Google Chrome Browser မှတစ်ဆင့်  https://www.rtad.gov.mm/ website ကိုဝင်ပါ။

  • ယာဉ်မောင်းလိုင်စင်ရေးဖြေဖြေဆိုမှုရက်ချိန်း ရယူရန်၏ လျှောက်ထားသူရန် နေရာကို Click နှိပ်ပါ။

  • Online Appointment Application Form ပေါ်လာမည်။

အဆင့်(၂)

  • လာရောက်ဖြေဆိုမည့်ရုံး နေရာတွင် တိုင်းဒေသကြီးရုံး(ရန်ကုန်)မြင်သာ ကို ရွေးချယ်ပါ။

  • လိုင်စင်အမျိုးအစားရွေးချယ်ရန် နေရာတွင် ဖြေဆိုရယူလိုသည့် လိုင်စင်အမျိုးအစား တစ်ခုကိုရွေးချယ်ပါ။

  • စစ်ဆေးရန် နေရာကို Click နှိပ်ပါ။

အဆင့်(၃)

  • မိမိရေးဖြေ ဖြေဆိုမည့်နေ့ရက်၊ လ ကို ရွေး ချယ်ပါ။

  • လာရောက်မည့်အချိန်ရွေးချယ်ရန် တွင် လာ ရောက်ဖြေဆိုနိုင်မည့် အချိန်တစ်ခု ရွေးချယ်ပါ။

အဆင့်(၄)

  • လက်ရှိလိုင်စင်အမှတ်* နေရာတွင် မိမိယာဉ် မောင်းလိုင်စင်အမှတ်ကို ရိုက်ထည့်ရန်။

  • လက်ရှိလိုင်စင်ထုတ်ပေးသည့်ရုံး နေရာတွင် မိမိ ယာဉ်မောင်းလိုင်စင် နောက်ဘက်တွင်ရှိသည့် ကတ်အမှတ်   ၏ ရှေ့ရှိ ရုံးသင်္ကတအလိုက် ရုံးအမည်ကို ရွေးချယ်ရန်။

  • စစ်ဆေးရန် နေရာကို Click နှိပ်ပါ။

အဆင့် (၅)

  • စစ်ဆေးမှုမှန်ကန်လျှင် စစ်ဆေးမှု အောင်မြင်ပါသည်။ အချက်အလက်များစိစစ်၍ လျှောက်ထားပါ စာတမ်း         ပေါ်လာပါမည် ။ OK ကို Click နှိပ်ပါ။

  • စစ်ဆေးမှုမမှန်ကန်လျှင် မှားယွင်းနေပါသည်။ သေချာစိစစ်၍ ပြန်လည်ရွေးချယ်ပါ စာတမ်းပေါ်လာပါမည်။          OK ကို Click နှိပ်ပါ။

အဆင့် (၆)

  • လျှောက်ထားသူအချက်အလက်များ Box ပေါ်တွင် လျှောက်ထားသူ၏အမည်၊နိုင်ငံသား စိစစ်ရေးကတ်အမှတ် ၊   အဖအမည်၊မွေးသက္ကရာဇ်နှင့် နေရပ်လိပ်စာများပေါ်လာမည်။

အဆင့်(၇)

  • သင်တန်းကျောင်းရွေးချယ်ရန် နေရာတွင် မိမိ တက်ရောက်ခဲ့သည့် သင်တန်းကျောင်းအမည် စာရင်း ရွေးချယ်        ရမည်။
  • အီးမေးလ်လိပ်စာ နေရာတွင် ရှိလျှင်ဖြည့်စွက်ရမည်။
  • ဆက်သွယ်ရန်ဖုန်းနံပါတ် နေရာတွင် မိမိ ဖုန်းနံပါတ် ဖြည့်စွက်ပြီး လျှောက်ထားရန် နေရာကို Click နှိပ်ပါ။
  • I’m not a Robot ကို Click နှိပ်ပါ။ စေခိုင်း သည့်အတိုင်းလုပ်ဆောင်ပါ။ Verify လုပ်ပါ။
  • လျှောက်ထားရန် နေရာကို Click နှိပ်ပါ။
  • ရက်ချိန်းရယူမှုအောင်မြင်ပါသည် Box ပေါ် လာပါမည်။

Downlod Appointment Letter Here နေရာကိုClick နှိပ်၍ Appointment Letter, Application Form Instruction ကို Downlod ဆွဲယူရမည်။ Downlod ရရှိသည့် .pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Print ထုတ် ယူ၍ လိုင်စင် ဖြေဆိုမည့်ရက်တွင် ယူဆောင် လာပါရန် (သို့မဟုတ်) Downlod ရရှိသည့်  .pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Hand Phone (or) Tablet တစ်ခုခုဖြင့် တင်ပြနိုင်ရမည်။

ဆက်သွယ်ရမည့် လိပ်စာ

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(မြင်သာ၊ကညန)၊ သံသုမာလမ်း၊မြင်သာ၊ သင်္ဃန်းကျွန်းမြို့နယ်။ဖုန်း၊ ၀၁-၅၇၀၉၆၇

ဖြည့်စွက်ချက်

Online Booking အပြင်တိုင်းဒေသကြီးရုံး (ရန်ကုန်) မြင်သာ Online Booking ဌာနတွင်လည်းရုံးချိန်အတွင်းရက်ချိန်း လာရောက် ရယူနိုင်ပါသည်။

Website လိပ်စာ

https://www.rtad.gov.mm/

 

 

 

 

“ဃ” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်း ရယူဆောင်ရွက်ခြင်း
“ဃ” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်း ရယူ ဆောင်ရွက်ခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

ယာဉ်မောင်းလိုင်စင်လျှောက်ထားသူသည် -

(၁)  အသက် (၂၁)နှစ်ပြည့်ပြီးသူဖြစ်ရမည်။

(၂) ပြည်ထောင်စုမြန်မာနိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသားပြုခွင့်ရသူများဖြစ်ရမည်။

(၃)  ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် “ခ” ယာဉ်မောင်း လိုင်စင် (၃) နှစ်ပြည့်ပြီး၊ သက်တမ်းရှိ လိုင်စင်ဖြစ်ရမည်။

(၄)   အခြား တိုင်းဒေသကြီး/   ပြည်နယ်/   ခရိုင်ရုံးများ၏    “ခ”ယာဉ်မောင်းလိုင်စင်ဖြစ်ပါက ရန်ကုန်တိုင်းရုံးများတွင် နယ်ဝင် ဆောင်ရွက်ပြီး ရန်ကုန်တိုင်း လိုင်စင်ပြောင်းလဲရရှိပြီးမှ ရယူရမည်။

ဝန်ဆောင်ခ

ရေးဖြေတစ်ကြိမ်စစ်ဆေးခ - ၅၀၀ ကျပ်

လိုအပ်သော စာရွက်စာတမ်းများ

  • “ခ” ယာဉ်မောင်းလိုင်စင် မူရင်းနှင့်မိတ္တူ၊

  • နိုင်ငံသားစိစစ်ရေးကတ် မူရင်းနှင့်မိတ္တူ၊

  • QR Code ပါသည့် Appointment Letter Printout စာရွက် (သို့) လက်ခံ ရရှိသည့် mail အထောက် အထား         (Phone or Tablet or Notebook) တစ်ခုခုဖြင့် တင်ပြနိုင်သည်။

လျှောက်ထားရန် အဆင့်များ

အနည်းဆုံး (၃) ရက်မှ အများဆုံး (၃၀) ရက်အထိကြိုတင်ရယူနိုင်ပါသည်။

အဆင့်(၁)

  • Google Chrome Browser မှတဆင့်  https://www.rtad.gov.mm/ website ကိုဝင်ပါ။

  • ယာဉ်မောင်းလိုင်စင်ရေးဖြေဖြေဆိုမှုရက်ချိန်း ရယူရန်၏ လျှောက်ထားသူရန် နေရာကို Click နှိပ်ပါ။

အဆင့်(၂)

  • Online Appointment Application Form ပေါ်လာမည်။

  • လာရောက်ဖြေဆိုမည့်ရုံး နေရာတွင် တိုင်းဒေသကြီးရုံး(ရန်ကုန်)မြင်သာ ကို ရွေးချယ်ပါ။

  • လိုင်စင်အမျိုးအစားရွေးချယ်ရန် နေရာတွင် ဖြေဆိုရယူလိုသည့် လိုင်စင်အမျိုးအစား တစ်ခုကိုရွေးချယ်ပါ။

  • စစ်ဆေးရန် နေရာကို Click နှိပ်ပါ။

အဆင့်(၃)

  • မိမိရေးဖြေ ဖြေဆိုမည့်နေ့ရက်၊ လ ကို ရွေး ချယ်ပါ။

  • လာရောက်မည့်အချိန်ရွေးချယ်ရန် တွင် လာ ရောက်ဖြေဆိုနိုင်မည့် အချိန်တစ်ခု ရွေးချယ်ပါ။

အဆင့်(၄)

  • လက်ရှိလိုင်စင်အမှတ်* နေရာတွင် မိမိယာဉ် မောင်းလိုင်စင်အမှတ်ကို ရိုက်ထည့်ရန်။

  • လက်ရှိလိုင်စင်ထုတ်ပေးသည့်ရုံး နေရာတွင် မိမိ ယာဉ်မောင်းလိုင်စင် နောက်ဘက်တွင်ရှိသည့် ကတ်အမှတ်   ၏ ရှေ့ရှိ ရုံးသင်္ကတအလိုက် ရုံးအမည်ကို ရွေးချယ်ရန်။

အဆင့် (၅)

  • စစ်ဆေးမှုမှန်ကန်လျှင် စစ်ဆေးမှု အောင်မြင်ပါသည်။ အချက်အလက်များစိစစ်၍ လျှောက်ထားပါ စာတမ်း         ပေါ်လာပါမည် ။ OK ကို Click နှိပ်ပါ။

  • စစ်ဆေးမှုမမှန်ကန်လျှင် မှားယွင်းနေပါသည်။ သေချာစိစစ်၍ ပြန်လည်ရွေးချယ်ပါ စာတမ်းပေါ်လာပါမည်။          OK ကို Click နှိပ်ပါ။

အဆင့် (၆)

  • လျှောက်ထားသူအချက်အလက်များ Box ပေါ်တွင် လျှောက်ထားသူ၏အမည်၊နိုင်ငံသား စိစစ်ရေးကတ်အမှတ် ၊   အဖအမည်၊မွေးသက္ကရာဇ်နှင့် နေရပ်လိပ်စာများပေါ်လာမည်။

အဆင့်(၇)

  • သင်တန်းကျောင်းရွေးချယ်ရန် နေရာတွင် မိမိ တက်ရောက်ခဲ့သည့် သင်တန်းကျောင်းအမည် စာရင်း ရွေးချယ်        ရမည်။
  • အီးမေးလ်လိပ်စာ နေရာတွင် ရှိလျင်ဖြည့်စွက်ရမည်။
  • ဆက်သွယ်ရန်ဖုန်းနံပါတ် နေရာတွင် မိမိ ဖုန်းနံပါတ် ဖြည့်စွက်ပြီး လျှောက်ထားရန် နေရာကို Click နှိပ်ပါ။
  • I’m not a Robot ကို Click နှိပ်ပါ။ စေခိုင်း သည့်အတိုင်းလုပ်ဆောင်ပါ။ Verify လုပ်ပါ။
  • လျှောက်ထားရန် နေရာကို Click နှိပ်ပါ။
  • ရက်ချိန်းရယူမှုအောင်မြင်ပါသည် Box ပေါ် လာပါမည်။

Downlod Appointment Letter Here နေရာကိုClick နှိပ်၍ Appointment Letter, Application Form Instruction ကို Downlod ဆွဲယူရမည်။ Downlod ရရှိသည့် .pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Print ထုတ် ယူ၍ လိုင်စင် ဖြေဆိုမည့်ရက်တွင် ယူဆောင် လာပါရန် (သို့မဟုတ်) Downlod ရရှိသည့်  .pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Hand Phone (or) Tablet တစ်ခုခုဖြင့် တင်ပြနိုင်ရမည်။

ဖြည့်စွက်ချက်

Online Booking အပြင်တိုင်းဒေသကြီးရုံး (ရန်ကုန်) မြင်သာ Online Booking ဌာနတွင်လည်းရုံးချိန်အတွင်းရက်ချိန်း လာရောက် ရယူနိုင်ပါသည်။

Website လိပ်စာ

https://www.rtad.gov.mm/

 

 

“ခ” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း
“ခ” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

ယာဉ်မောင်းလိုင်စင်လျှောက်ထားသူသည် -

(၁)     အသက် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။

(၂)      ပြည်ထောင်စုမြန်မာနိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူများဖြစ်ရမည်။

(၃)      ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် “သ” ယာဉ်မောင်းလိုင်စင် (သို့မဟုတ်) “က” ယာဉ်မောင်း လိုင်စင်    သက်တမ်း (၃) လ ပြည့်ပြီး၊ သက်တမ်းရှိ လိုင်စင်ဖြစ်ရမည်။

(၄)      အခြားတိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံးများ၏ “သ”   ယာဉ်မောင်းလိုင်စင် (သို့မဟုတ်) “က”ယာဉ်မောင်း  လိုင်စင်ရရှိထားသူဖြစ်ပါက ရန်ကုန်တိုင်းရုံးများတွင် နယ်ဝင်ဆောင်ရွက်ပြီး ရန်ကုန်တိုင်း လိုင်စင် ပြောင်းလဲ  ရရှိပြီးမှ ရယူရမည်။

(၅)       ဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ရန်ကုန်တိုင်းအတွင်းရှိ ယာဉ်မောင်းသင်တန်းကျောင်းမှ တက်ရောက်   ပြီးသည့် သင်တန်းဆင်းလက်မှတ်ပါရှိရမည်။

(၆)       အခြားတိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ယာဉ်မောင်း သင်တန်းကျောင်းများမှ သင်တန်းဆင်း လက်မှတ်        ရရှိထားသူဖြစ်လျှင်တိုင်းဒေသကြီးရုံး (ရန်ကုန်) မြင်သာ Online Bookingဌာနတွင် ရုံးချိန်အတွင်း         လူကိုယ်တိုင်လာရောက် ရက်ချိန်းရယူရမည်။

ဝန်ဆောင်ခ

ရေးဖြေတစ်ကြိမ်စစ်ဆေးခ - ၅၀၀ ကျပ်

လိုအပ်သော စာရွက်စာတမ်းများ

  • “သ” ယာဉ်မောင်းလိုင်စင် မူရင်းနှင့်မိတ္တူ

  • နိုင်ငံသားစိစစ်ရေးကတ် မူရင်းနှင့်မိတ္တူ

  • ယာဉ်မောင်းသင်တန်းကျောင်းတက်ရောက်ပြီးသည့် သင်တန်း ဆင်းလက်မှတ် မူရင်းနှင့်မိတ္တူ

  • QR Code ပါသည့် Appointment Letter Printout စာရွက် (သို့) လက်ခံရရှိသည့် mail အထောက်အထား          (Phone or Tablet or Notebook) တစ်ခုခုဖြင့် တင်ပြနိုင်သည်။

လျှောက်ထားရန် အဆင့်များ

အနည်းဆုံး (၃) ရက်မှအများဆုံး (၃၀) ရက်အထိ ကြိုတင်ရယူနိုင်ပါသည်။

အဆင့်(၁)

  • Google Chrome Browser မှတစ်ဆင့်  https://www.rtad.gov.mm/ website ကိုဝင်ပါ။

  • ယာဉ်မောင်းလိုင်စင်ရေးဖြေဖြေဆိုမှုရက်ချိန်း ရယူရန် ၏ လျှောက်ထားသူရန် နေရာကို Click နှိပ်ပါ။

အဆင့် (၂)

  • Online Appointment Application Form ပေါ်လာမည်။

  • လာရောက်ဖြေဆိုမည့်ရုံး နေရာတွင် တိုင်းဒေသကြီးရုံး(ရန်ကုန်)မြင်သာ ကို ရွေးချယ်ပါ။

  • လိုင်စင်အမျိုးအစားရွေးချယ်ရန် နေရာတွင် ဖြေဆိုရယူလိုသည့်လိုင်စင်အမျိုးအစားတစ်ခု ကိုရွေးချယ်ပါ။

  • စစ်ဆေးရန် နေရာကို Click နှိပ်ပါ။

အဆင့်(၃)

  • မိမိရေးဖြေ ဖြေဆိုမည့်နေ့ရက်၊ လ ကို ရွေး ချယ်ပါ။

  • လာရောက်မည့်အချိန်ရွေးချယ်ရန်တွင် လာရောက်ဖြေဆိုနိုင်မည့် အချိန်တစ်ခုခုကို ရွေးချယ်ပါ။

အဆင့်(၄)

  • လက်ရှိလိုင်စင်အမှတ်နေရာတွင် မိမိ သင်မောင်းလိုင်စင်အမှတ်ကို အင်္ဂလိပ်လို ဖြည့်စွက်ရန်။

  • ဥပမာ- “သ/၁၂၃/၁၇” လိုင်စင်အမှတ်ဆိုလျှင်“T/00123/17” ဟုဖြည့်စွက်ရမည်။

  • လက်ရှိလိုင်စင်ထုတ်ပေးသည့်ရုံးနေရာတွင် မိမိသင်မောင်းလိုင်စင်တွင်ရှိသည့် ရုံးအမည်ကို ရွေးချယ်ရန်။

  • စစ်ဆေးရန် နေရာကို Click နှိပ်ပါ။

အဆင့်(၅)

  • စစ်ဆေးမှုမှန်ကန်လျှင် စစ်ဆေးမှုအောင်မြင်ပါသည်။ အချက်အလက်များစိစစ်၍ လျှောက်ထားပါ စာတမ်း ပေါ်လာပါမည်။ OK ကို Click နှိပ်ပါ။

  • စစ်ဆေးမှုမမှန်ကန်လျှင် မှားယွင်းနေပါသည်။ သေချာစိစစ်၍ပြန်လည် ရွေးချယ်ပါ စာတမ်းပေါ်လာပါမည်။ OK ကို Click နှိပ်ပါ။

အဆင့်(၆)

  • လျှောက်ထားသူအချက်အလက်များ Box ပေါ်တွင် လျှောက်ထားသူ၏အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အဖအမည်၊မွေးသက္ကရာဇ် နှင့် နေရပ်လိပ်စာများပေါ်လာမည်။

အဆင့်(၇)

  • သင်တန်းကျောင်းရွေးချယ်ရန်နေရာတွင် မိမိတက်ရောက်ခဲ့သည့် သင်တန်းကျောင်း အမည်စာရင်းရွေးချယ် ရမည်။

  • အီးမေးလ်လိပ်စာ နေရာတွင် ရှိလျင်ဖြည့်စွက်ရမည်။

  • ဆက်သွယ်ရန်ဖုန်းနံပါတ် နေရာတွင် မိမိ ဖုန်းနံပါတ် ဖြည့်စွက်ပြီး လျှောက်ထားရန် နေရာကို Click နှိပ်ပါ။

  • I’m not a robot ကို Click နှိပ်ပါ။ စေခိုင်းသည့်အတိုင်းလုပ်ဆောင်ပါ။ Verifyလုပ်ပါ။

  • လျှောက်ထားရန် နေရာကို Click နှိပ်ပါ။

  • ရက်ချိန်းရယူမှုအောင်မြင်ပါသည် Box ပေါ် လာပါမည်။

Downlod Appointment Letter Here နေရာကို Click နှိပ်၍ Appointment Letter, Application Form Instruction ကို Downlod ဆွဲယူရမည်။

Downlod ရရှိသည့် pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Print ထုတ်ယူ၍ လိုင်စင် ဖြေဆိုမည့်ရက်တွင် ယူဆောင်လာပါရန် (သို့မဟုတ်) Downlod ရရှိသည့်  pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Hand Phone (or) Tablet တစ်ခုခုဖြင့် တင်ပြနိုင်ရမည်။

ဖြည့်စွက်ချက်

Online Booking အပြင်တိုင်းဒေသကြီးရုံး (ရန်ကုန်) မြင်သာ Online Booking ဌာနတွင်လည်းရုံးချိန်အတွင်းရက်ချိန်း လာရောက် ရယူနိုင်ပါသည်။

Website လိပ်စာ

https://www.rtad.gov.mm/

 

ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

"ခ" ယာဉ်မောင်းလိုင်စင်ရယူလိုသူများ-

  • အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

  • ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် "သ" ယာဉ်မောင်းလိုင်စင်(သို့မဟုတ်) "က" ယာဉ်မောင်းလိုင်စင်     သက်တမ်း (၃)လ ပြည့်ပြီး သက်တမ်းရှိလိုင်စင်ဖြစ်ရမည်။

  •  ဦးစီးဌာနမှဖွင့်လှစ်သည့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းပညာပေးသင်တန်း တက်ရောက်ပြီးသူ(သို့မဟုတ်)  ဦးစီးဌာနတွင်မှတ်ပုံတင်ထားသော ယာဉ်မောင်းသင်တန်းကျောင်းမှ တက်ရောက်ပြီးသည့် သင်တန်းဆင်း    လက်မှတ် ပါရှိရမည်။

 "ဃ" ယာဉ်မောင်းလိုင်စင်ရယူလိုသူများ -

  • အသက်(၂၁)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

  • ပြည်ထောင်စုမြန်မာနိုင်ငံသား(သို့မဟုတ်)ဧည့်နိုင်ငံသား(သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူများဖြစ်ရမည်။

  • ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် "ခ" ယာဉ်မောင်းလိုင်စင် သက်တမ်း(၃)နှစ် ပြည့်ပြီး          သက်တမ်းရှိလိုင်စင်ဖြစ်ရမည်။

  • အခြားတိုင်းဒေသကြီး /ပြည်နယ်/ ခရိုင်ရုံးများ၏ "ခ"ယာဉ်မောင်းလိုင်စင်ဖြစ်ပါက ရန်ကုန်တိုင်းရုံးများတွင်           နယ်ဝင် ဆောင်ရွက်ပြီး ရန်ကုန်တိုင်း လိုင်စင်ပြောင်းလဲရရှိ ပြီးဖြစ်ရမည်။

 "င" ယာဉ်မောင်းလိုင်စင်ရယူလိုသူများ -

  • အသက်(၂၃)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

  • ပြည်ထောင်စုမြန်မာနိုင်ငံသား(သို့မဟုတ်)ဧည့်နိုင်ငံသား(သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူများဖြစ်ရမည်။

  • ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် “ဃ” ယာဉ်မောင်းလိုင်စင်သက်တမ်း (၂) နှစ် ပြည့်ပြီးသူ(သို့မဟုတ်)  တစ်ဆက်တည်း “ခ” ယာဉ်မောင်းလိုင်စင် (၅) နှစ် ပြည့်ပြီးသူ (သို့မဟုတ်) “ခ” ယာဉ်မောင်းလိုင်စင်    သက်တမ်းနှင့် “ဃ”ယာဉ် မောင်းလိုင်စင် သက်တမ်းစုစုပေါင်း တစ်ဆက်တည်း (၅)နှစ်ပြည့်ပြီးသူ၊           သက်တမ်းရှိယာဉ် မောင်းလိုင်စင်များဖြစ်ရမည်။

  • အခြားတိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံးများ၏ "ခ"ယာဉ်မောင်းလိုင်စင် (သို့) "ဃ" ယာဉ်မောင်း     လိုင်စင်ဖြစ်ပါက ရန်ကုန်တိုင်းအတွင်းရှိ ရုံးများတွင် နယ်ဝင် ဆောင်ရွက်ပြီး ရန်ကုန်တိုင်းလိုင်စင်ပြောင်းလဲရရှိ        ပြီးဖြစ်ရမည်။ 

ဝန်ဆောင်ခ

ယာဉ်မောင်းစစ်ဆေးခ

လိုင်စင်အသစ်အားလုံးအတွက် စစ်ဆေးခ(တစ်ကြိမ်လျှင်)၂၀၀ဝိ/-

ယာဉ်ငှားရမ်းခ

  • "ခ"၊ "ဃ" တစ်ကြိမ်အတွက်      ၅၀၀ဝိ/-

  • "င" တစ်ကြိမ်အတွက်             ၁၀၀၀ဝိ/-    

  • Simulator တစ်ကြိမ်အတွက်    ၅၀၀ဝိ/-

Online Booking ရယူရန်အတွက် ဝန်ဆောင်ခမှာ အခမဲ့ ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

"ခ"လိုင်စင်ဖြေဆိုသူများ

  • သင်မောင်းလိုင်စင်(မူရင်း/မိတ္တူ)

  • နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)

  • ယာဉ်မောင်းသင်တန်းတက်ရောက်ပြီးသည့် သင်တန်းဆင်းလက်မှတ် (မူရင်း/မိတ္တူ)

  • QR Code ပါသည့် Appointment Letter Printout စာရွက်(သို့)လက်ခံ ရရှိသည့် mail အထောက် အထား      (phone or Tablet or Notebook) တစ်ခုခု ဖြင့်တင်ပြနိုင်သည်။

"ဃ"လိုင်စင်ဖြေဆိုသူများ

  • "ခ"ယာဉ်မောင်းလိုင်စင်(မူရင်း/မိတ္တူ)

  • နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)

  • QR Code ပါသည့် Appointment Letter Printout စာရွက်(သို့)လက်ခံရရှိ သည့် mail           အထောက်အထား(Phone or Tablet or Notebook) တစ်ခုခု ဖြင့်တင်ပြနိုင်သည်။

"င "လိုင်စင်ဖြေဆိုသူများ

  • "ခ"(သို့)"ဃ"ယာဉ်မောင်းလိုင်စင်(မူရင်း/မိတ္တူ)

  • နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)

  • QR Code ပါသည့် Appointment Letter Printout စာရွက်(သို့) လက်ခံရရှိသည့် mail           အထောက်အထား(phone or Tablet or Notebook) တစ်ခုခု ဖြင့်တင်ပြနိုင်သည်။

လျှောက်ထားရန်အဆင့်များ

            အောက်ပါအချက်အလက်များကို Online Appointment Application Form တွင် ရွေးချယ် ဖြည့်စွက်ရန် -

          (က)   လာရောက်ဖြေဆိုမည့်ရုံးအမည်၊

          (ခ)     ရယူလိုသည့်လိုင်စင်အမျိုးအစား၊

          (ဂ)     လာရောက်ဖြေဆိုမည့်နေ့၊

          (ဃ)    လာရောက်ဖြေဆိုမည့်အချိန်၊

          (င)     လက်ရှိလိုင်စင်အမှတ်၊

          (စ)     လက်ရှိလိုင်စင်ထုတ်ပေးထားသည့်ရုံး၊

Online Booking ရယူရန်အတွက်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်လွှာပုံစံ တွင် ဖြည့်စွက်၍ Booking ရယူနိုင်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သံသုမာလမ်းနှင့်မြင်သာလမ်းထောင့်၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။         

Online Booking လျှောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက

ရန်ကုန်ရုံး
ဖုန်း - 09 781 425 403, 09 974885896, 09 254 513 042 များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Website လိပ်စာ

https://www.rtad.gov.mm/

ဖြည့်စွက်ချက်

  • ယာဉ်မောင်းလိုင်စင်ရယူလိုသူများ များပြားလာသဖြင့် လိုင်စင်ဖြေဆိုလိုသူများအနေဖြင့် အချိန်ကြာမြင့်စွာ      စောင့်ဆိုင်းရခြင်း၊

  • အချိန်ကုန်၊ လူပင်ပန်း၊ စိတ်ပင်ပန်းခြင်း အဆိုပါအခက်အခဲများ လျော့နည်းသွားစေရန်အတွက်  လူကိုယ်တိုင်လာရောက်ရန် မလိုအပ်သော (Online Booking System) ကို ပြောင်းလဲ ကျင့်သုံးခြင်း  ဖြစ်ပါသည်။

အောက်ဖော်ပြပါ link များတွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 

https://www.motc.gov.mm/my/all-services

https://www.rtad.gov.mm/

 

 

purchasing air ticket
လေယာဉ်လက်မှတ်ဝယ်ယူခြင်း

မြန်မာအမျိုးသားလေကြောင်းအနေဖြင့် လက်မှတ်ဝယ်ယူသည့် နိုင်ငံသားများနှင့် ဧည့်သည်များ အဆင်ပြေစေရန်အတွက် လေယာဉ်လက်မှတ်များကို မိမိတို့ Website မှ MPU, Visa, Master စသည်ဖြင့် နိုင်ငံတကာတွင် အသုံးပြုနိုင်သော ကတ်အမျိုးမျိုးဖြင့် ဝယ်ယူနိုင်ရန် စီမံဆောင်ရွက်ထားပါသည်။ ထို့ပြင် လေယာဉ်အသစ်များဖြင့် လည်း ပြည်တွင်း ၂၈ မြို့နှင့် ပြည်ပ ၄ မြို့သို့ ပြေးဆွဲနေပြီး လမ်းကြောင်းအသစ်များကိုလည်း ထပ်မံတိုးချဲ့ပြေးဆွဲရန် ရှိပါသည်။

အကယ်၍ Website တွင် ဝယ်မည်ဆိုပါက ဝယ်မယ့်သူ၏ ဖုန်းနံပါတ်၊ အီးမေး နှင့် နိုင်ငံသားမှတ်ပုံတင်နံပါတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်နံပါတ်တို့ လိုအပ်ပါသည်။

လက်မှတ်ဝယ်ယူပုံ

၁. ပထမဦးဆုံးအနေဖြင့် Browser မှနေ၍  www.flymna.com သို့ ဝင်ရောက်ပြီး ထွက်ခွာမည့်မြို့နှင့်အချိန်၊ ဆိုက်ရောက်မည့်မြို့နှင့်အချိန်တို့ကို ရွေးချယ်ရန်လိုအပ်ပါသည်။

၂.  နောက်တစ်ဆင့်တွင် မိမိကြိုက်နှစ်သက်အဆင်ပြေရာ Class ကိုရွေးချယ်နိုင်ပါသည်။

၃. စုစုပေါင်းကုန်ကျစရိတ်ကို ဖော်ပြထားပြီး မြန်မာအမျိုးသားလေကြောင်း၏ Terms and Conditions များကို  သဘောတူပါက နောက်တစ်ဆင့်သို့ သွားနိုင်ပါသည်။

၄. ခရီးသည်၏ နာမည်၊ ဖုန်းနံပါတ်၊ အီးမေးနှင့် နိုင်ငံသားမှတ်ပုံတင်နံပါတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်       နံပါတ်တို့ကို ဖြည့်သွင်းရန် လိုအပ်ပါသည်။

၅. Booking အဆင့်သို့ရောက်ပြီး သတ်မှတ်ထားသော ကုန်ဆုံးချိန်မတိုင်မီ လက်မှတ်ထုတ်ခြင်းဖြင့် စီးနင်းလိုက်ပါနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာ

ရန်ကုန်

မြန်မာအမျိုးသားလေကြောင်းရုံးချုပ်

အမှတ် ၁၀၄၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်

ဖုန်းနံပါတ် - ၀၁ ၃၇၈၆၀၃၊ ၃၇၇၈၄၀

နေပြည်တော်

ရုံးအမှတ် ၅၊ ပို့ဆောင်ရေးဝန်ကြီးဌာန

ဖုန်းနံပါတ် - ၀၆၇ ၄၁၁၄၃၃

မန္တလေး

၈၁လမ်း၊ ၂၅နှင့် ၂၆လမ်းကြား၊ အောင်မြေသာစံရပ်

ဖုန်းနံပါတ်-၀၂၃၆၂၂၁
Website လိပ်စာ

www.flymna.com

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 

https://www.motc.gov.mm/my/all-services