ရော်နယ်ရေဂင်လေဆိပ်အနီးတွင်ဖြစ်ပွားခဲ့သည့် လေယာဉ်မတော်တဆမှုတွင် လိုက်ပါလာသူအားလုံး သေဆုံးဖွယ်ရှိဟုဆို

News Image

  • ရော်နယ်ရေဂင်လေဆိပ်အနီးတွင်ဖြစ်ပွားခဲ့သည့် လေယာဉ်မတော်တဆမှုတွင်  လိုက်ပါလာသူအားလုံး သေဆုံးဖွယ်ရှိဟုဆို

ဝါရှင်တန်၊ မတော်တဆမှု

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့    ရော်နယ်ရေဂင်လေဆိပ်အနီးတွင် ဖြစ်ပွားခဲ့သည့် လေယာဉ်မတော်တဆမှုတွင် လိုက်ပါလာသူအားလုံး သေဆုံးနိုင်ဖွယ်ရှိကြောင်း ဝါရှင်တန်မီးသတ်တပ်ဖွဲ့အကြီးအကဲက ဇန်နဝါရီလ ၃၀ ရက်တွင်ပြောသည်။

ရော်နယ်ရေဂင်  လေဆိပ်အနီးတွင်ဇန်နဝါရီလ ၂၉ ရက် ညပိုင်းက  ခရီးသည်တင်လေယာဉ်တစ်စင်းက လေဆိပ်သို့ ဆင်းသက်မည့်လမ်းကြောင်းအတွင်းသို့   စစ်ဘက်သုံး Blackhawk ရဟတ်ယာဉ်က   ပျံသန်းဝင်ရောက်လာစဉ် ဝေဟင်ပေါ်၌တိုက်မိခဲ့ခြင်းဖြစ်သည်။

လေယာဉ်မတော်တဆဖြစ်ပွားစဉ် ခရီးသည်တင်လေယာဉ်ပေါ်၌ ခရီးသည်၆၀ ဦး၊ လေယာဉ်အမှုထမ်းလေးဦးလိုက်ပါလာခဲ့ကြောင်းသိရသည်။ မတော်တဆမှုဖြစ်ပွားပြီးနောက် လေယာဉ်များမှာ အနီးအနားရှိ ပိုတိုမက်မြစ်အတွင်းသို့ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိအချိန်အထိ အနည်းဆုံးရုပ်အလောင်း ၃၀  ခန့်ကို   မြစ်အတွင်းမှ ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ရှာဖွေမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသော်လည်း မတော်တဆမှုအတွင်း အသက်ရှင်ကျန်ရစ်သူမရှိနိုင်ကြောင်း ဝါရှင်တန်မီးသတ်တပ်ဖွဲ့ အကြီးအကဲ ဂျွန်ဒေါ်နယ်လီကပြောသည်။

လက်ရှိတွင် ရဟတ်ယာဉ်၏ အပျက်အစီးများကို ပြန်လည်ရှာဖွေတွေ့ရှိထားပြီးဖြစ်သည်။ ယခုဖြစ်ပွားသည့် လေကြောင်းမတော်တဆမှုသည်    နိုင်ငံအတွင်း၌ နှစ်ပေါင်း ၂၀ ကျော်အတွင်း   လူအသေအပျောက်အများဆုံးမတော်တဆမှုတစ်ခုဖြစ်ကြောင်း သိရသည်။

Blackhawk ရဟတ်ယာဉ်ပေါ်တွင်လေယာဉ်ပျံသန်းရေးလေ့ကျင့်မှုအဖြစ် စစ်သည်သုံးဦးလိုက်ပါလာကြောင်း သိရသည်။           
Ref: Xinhua, Startribune

Source: Myawady Web Portal

ဆက်စပ်သတင်း- https://sacministry.gov.mm/my/news/2146