သတင်းများ

အီတလီ ဂန္ထဝင်တယော ပညာရှင် စထရာဒီဗာရီ၏ ၃၁၁ နှစ်သက်တမ်းရှိ တယောအား   ဒေါ်လာ ၁၁ ဒသမ ၂၅ သန်းဖြင့်ရောင်းချ

အီတလီနိုင်ငံမှ ဂန္ထဝင်တယောပညာရှင်နှင့် လက်မှုတူရိယာ ပညာရှင်တစ်ဦးဖြစ်သူ အန်တိုနီယို စထရာဒီဗာရီ၏ သက်တမ်း ၃၁၁ နှစ်ရှိ တယောအား အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့ရှိ Sotheby’s လေလံပွဲ၌ ဒေါ်လာ ၁၁ ဒသမ  ၂၅ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတယောအား စထရာဒီဗာရီ၏ ထင်ပေါ်ကျော်ကြားမှု အမြင့်ဆုံးကာလဖြစ်သည့် ၁၇၁၄ ခုနှစ်တွင် ဖန်တီးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၇ ရက်ကကျင်းပသည့် လေလံပွဲ၌ ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတယောအား ဟန်ဂေရီမှ ပြိုင်စံရှား တယောပါရဂူ  ဂျိုအာချင်နှင့် ထင်ရှားသည့် တရုတ်တယော ပညာရှင် ရှီဟုန်မာတို့အား ဂုဏ်ပြုသောအားဖြင့် ဂျိုအာချင်-မာ- စထရာဒီဗာရီတယောဟု Sotheby’s လေလံကုမ္ပဏီက အမည်ပေးထားသည်။

ဂျိုအာချင်နှင့် ရှီဟုန်မာတို့သည် စထရာဒီဗာရီ၏ အဆိုပါ တယောအား ပိုင်ဆိုင်ခဲ့ကြသည့် ပိုင်ရှင်ဟောင်းများဖြစ်သည်။ နောက်ဆုံးပိုင်ရှင်ဖြစ်သည့် ရှီဟုန်မာ သေဆုံးပြီးနောက် ၎င်း၏ မိသားစုက ၎င်းတယောအား ဘော့စတွန်မြို့ရှိ နယူးအင်္ဂလန် ဂီတသင်တန်းကျောင်းသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

နယူးအင်္ဂလန် ဂီတသင်တန်းကျောင်းအနေဖြင့် ယခုရောင်းချခဲ့သည့် ငွေကြေးများကို  ကျောင်းသားများအား ပညာသင်ဆုပေးရန် လိုအပ်သည့် ရန်ပုံငွေအတွက် အသုံးပြုသွားမည်ဟု ကျောင်းဥက္ကဋ္ဌ ဖြစ်သူ အန်ဒရေ ကာလင်က ပြောကြားခဲ့သည်။

Source: Myawady Web Portal

AI ဉာဏ်ရည်တုနည်းပညာ ထိပ်သီးအစည်းအဝေး ပြင်သစ်တွင် ကျင်းပမည်

ပြင်သစ်နိုင်ငံ၌ ဖေဖော်ဝါရီလ၊ ၁၀ ရက်နေ့တွင် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပထဝီနိုင်ငံရေး ထိပ်သီးအစည်းအဝေး ကျင်းပပြုလုပ်မည် ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ၊ အစိုးရအရာရှိကြီးများနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးမည် ဖြစ်ပါသည်။ 

တရုတ်နိုင်ငံထုတ် Deepseek AI Chatbot နည်းပညာ လောကတွင် နေရာယူလာပြီးနောက် ကမ္ဘာ့‌ခေါင်းဆောင်များ အကြား AI နည်းပညာအုပ်ချုပ်ရေးအကြောင်း ဆွေးနွေးကြမည့် အစည်းအဝေးဖြစ်ပါသည်။ 

ထိုအစည်းအဝေးသို့ အမေရိကန်ဒုတိယသမ္မတ JD Vance နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အထူးသံတမန်တို့ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုးကား -AP news

မီဒီယာ ကန်ထရိုက်တာ အားလုံး ဖျက်သိမ်းရန် ထရမ့် အမိန့်ထုတ်ပြန်

မီဒီယာကန်ထရိုက်များအားလုံးကို ဖျက်သိမ်းရန် အမေရိကန် အစိုးရ၏ အထွေထွေဝန်ဆောင်မှုစီမံခန့်ခွဲရေး အေဂျင်စီဖြစ်သည့် General Services Administration (GSA) ကို သမ္မတဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်ခဲ့ကြောင်း New York Post သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရအေဂျင်စီများအနေဖြင့် မီဒီယာများကို အခငွေကြေးများပေးနေရကြောင်း ထရမ့်က ပြောကြားခဲ့ပြီးနောက် အမိန့်ထုတ်ပြန်ခြင်း ဖြစ်သည်။ GSA ထံ ညွှန်ကြားချက်အရ Politico၊ BBC၊ E&E (Politico sub)၊ Bloomberg တို့နှင့် ချုပ်ဆိုထားသည့်ကန်ထရိုက်များ ဖျက်သိမ်းပေးရန် ဖော်ပြထားပါသည်။

အမေရိကန်အစိုးရအေဂျင်စီများသည် Politico Pro မီဒီယာ၏သတင်းများကို အခကြေးငွေပေးပြီး ဖတ်ရှုရန် ဒေါ်လာသန်းချီ အသုံးပြုခဲ့ရကြောင်း အီလွန်မက် ဦးဆောင်သည့် အစိုးရလုပ်ငန်းစဉ်များ ထိန်းချုပ်ရေးဌာနတို့က ပြောကြားခဲ့ပြီးနောက် အိမ်ဖြူတော်၏ ညွှန်ကြားချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်အစိုးရသည် သတင်းများကို အခကြေးငွေပေးပြီး ဖတ်ရှုမှုကို ရပ်တန့်သွားရန် ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်သတင်းပြန်ကြားရေး အရာရှိ ကယ်ရိုလိုင်းလက်ဗစ်က ပြောကြားထားပါသည်။

ကိုးကား (New York Post)

တရုတ်နိုင်ငံ တောင်ပိုင်း၌ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ (၃၀) ကျော် ပျောက်ဆုံး

တရုတ်နိုင်ငံတောင်ပိုင်း စီချွမ်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၈ ရက်က မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် လူ (၃၀) ဦးကျော် ပျောက်ဆုံးနေကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က ရေးသားဖော်ပြခဲ့ပါသည်။ ဖေဖော်ဝါရီလ ၈ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ် အချိန်၌ ယီဘင်းမြို့ ဂျင်းပင်ရွာတွင် မြေပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

CCTV က မြေပြိုကျမှုနှင့်အတူ နေအိမ် (၁၀) လုံး မြေအောက်မြုပ်သွားပြီး လူ(၃၀)ကျော် ပျောက်ဆုံးနေကြောင်းနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပျောက်ဆုံး နေသူများကို ရှာဖွေကယ်ဆယ်ရန်၊ အသေအပျောက် နည်းစေရန်နှင့် နောက်ဆက်တွဲ အကျိုးဆက်များကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ရေး ဖြစ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်ရန် အာဏာပိုင်များကို အမိန့်ပေးထားကြောင်း ရေးသားဖော်ပြခဲ့ပါသည်။ မြေပြိုကျမှုဖြစ်ပွားပြီးနောက် လူ (၂) ဦးကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့သည်ဟု တရုတ်အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပြီး အရေးပေါ် တုံ့ပြန်ရေးအဖွဲ့များသည် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန်နှင့် ကယ်ဆယ်မှုများ လုပ်ဆောင်ရန် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါ သည်။

ကိုးကား-NP News

တောင်အာဖရိကလူဖြူများကို ပြန်လည်နေရာချထားပေးရန် Trump ကမ်းလှမ်း

အမေရိကန်သမ္မတ Donald Trump သည် ပြန်လည် နေရာချထားရေးအစီအစဉ်များအပါအဝင် လူဖြူ တောင်အာဖရိကဒုက္ခသည်များအတွက် ဦးစားပေးအကူအညီပေးရန် အစိုးရအေဂျင်စီများအား ညွှန်ကြားသည့် အမှုဆောင် အမိန့်ကိုထုတ်ပြန်ခဲ့သည်။

အာဖရိကနိုင်ငံသည် မြေယာပိုင်ဆိုင်ခွင့်တွင် လူမျိုးရေးမတူညီမှုများကို ကိုင်တွယ်ဖြေရှင်းရန် မြေယာသိမ်းယူခြင်းဥပဒေကို အတည်ပြုပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၇ ရက်နေ့က ထုတ်ပြန်သည့် ၎င်း၏ အမိန့်တွင် Trump သည် ပရီတိုးရီးယားတွင် “နိုင်ငံသား များ၏ အခွင့်အရေးများကို တုန်လှုပ်စရာဖြစ်စေရန် လျစ်လျူရှုမှု” ဖြစ်သည်ဟု စွပ်စွဲကာ အသစ်ပြဋ္ဌာန်း လိုက်သော ဥပဒေတွင် အစိုးရကလျော်ကြေးမပေးဘဲ လူနည်းစုအာဖရိကန်များ၏ လယ်ယာမြေပိုင်ဆိုင်မှုများကို သိမ်းယူနိုင်သည်ဟု အခိုင်အမာဆိုခဲ့သည်။

အာဖရိကန်များသည် ၁၇ ရာစုတွင် ခေတ်သစ် တောင်အာဖရိကနယ်မြေသို့ ရောက်ရှိခဲ့သော နယ်သာလန်မှ အများစုဖြစ်ပြီး ဥရောပကိုလိုနီလက်အောက်ခံများ၏ မျိုးဆက်များဖြစ်သည်။ အသားရောင်ခွဲခြားဆက်ဆံမှုကိုကျင့်သုံးပြီး ၁၉၉၀ ပြည့်လွန် နှစ်များတွင် အာဖရိက၏ အတိုးတက်ဆုံးသော စီးပွားရေးကို ဖျက်သိမ်းကာ ဆယ်စုနှစ်များစွာ ကြာပြီး သည်အထိ လူဖြူလယ်သမားများက တိုင်းပြည်၏ လယ်ယာမြေအများစုကို ပိုင်ဆိုင်ထားခဲ့သည်။

ပရီတိုးရီးယားသည် ဤမညီမျှမှုကို ဖြေရှင်းရန်အတွက် လယ်မြေများ၏ ၃၀% ကို ၂၀၃၀ ခုနှစ်တွင် လူမည်း လယ်သမားများထံ လွှဲပြောင်းရန် ရည်မှန်းထားသည်။ 

တောင်အာဖရိကတွင် တရားမမျှတမှုများနှင့် အကျင့်ပျက်ခြစားမှုများ ရှိနေသမျှကာလပတ်လုံး အစိုးရအား ကူညီထောက်ပံ့မှုများရပ်ဆိုင်းထားရန်နှင့် နိုင်ငံခြားရေးဝန်ကြီး နှင့် ပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှူးတို့သည် ခွဲခြားခံရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ

အကူအညီများကို ဦးစားပေးလုပ်ဆောင်ကြရမည်ဟု သမ္မတ Trump ၏ ညွှန်ကြားချက်တွင် ပါရှိကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Bubio သည် ယခုလနှောင်းပိုင်းတွင် တောင်အာဖရိက၌ကျင်းပမည့် G-20 အစည်းအဝေးသို့ အမေရိကန်မှ တက်ရောက်ခြင်းမပြုဟု ပြောကြားထားပြီး တောင်အာဖရိကနွယ်ဖွား Elon Musk ကလည်းအဆိုပါဥပဒေကို လူမျိုးရေးခွဲခြားမှု ဟု ပြောဆိုထားသည်။

ကိုးကား-RT

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် မြေပြိုမှုဖြစ်ပွား၊ လူ ၃၀ ကျော် ပျောက်ဆုံးလျက်ရှိပြီး ၂၀၀ ခန့်အား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရ

 တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားခြင်းကြောင့် လူ ၃၀ ကျော် ပျောက်ဆုံးလျက်ရှိပြီး ဒေသခံပြည်သူ ၂၀၀ ခန့်အား ဘေးကင်းရာသို့  ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

မြေပြိုမှုသည်   ယီပင်းမြို့  ကျွမ်လျန်ခရိုင်ရှိ ကျင်းပင်းကျေးရွာ၌   ဒေသစံတော်ချိန်  နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြေပြိုမှုအတွင်း လူနေအိမ် ၁၀ လုံးပြိုကျသွားခဲ့ပြီးနောက်  အာဏာပိုင်များက သဘာဝကပ်ဘေးဆိုင်ရာ အမြင့်ဆုံးသတိပေးချက် တစ်ရပ်ကို ပြည်နယ်အတွင်း ထုတ်ပြန်ခဲ့ရသည်။

ကယ်ဆယ်ရေးအဖွဲ့များက လူနှစ်ဦးအား မွန်းလွဲပိုင်းတွင်ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်လုပ်ဆောင်လျက်ရှိသည်။

မြေပြိုမှုဖြစ်ပွားရာဒေသသို့ အာဏာပိုင်အဖွဲ့က ပြည်သူ့လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆေးဝါးကုသရေးနှင့် အခြားအဖွဲ့အစည်းများကို စေလွှတ်ထားကြောင်း သိရသည်။

အမေရိကန်ပြည်သူများ၏ ငွေကြေးအချက်အလက်များကို စစ်ဆေးခြင်း DOGE ပိတ်ပင်ခံရ

တရားလွှတ်တော်ချုပ်၏ ထုတ်ပြန်ချက်အရ အမေရိကန် ပြည်ထောင်စုတရားသူကြီးတစ်ဦးက  ဘဏ္ဍာရေးဌာနရှိ သန်းနှင့်ချီသော အမေရိကန်ပြည်သူများ၏ ငွေကြေးအချက်အလက်များကို Elon Musk ဦးဆောင်သော အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) က ကြည့်ရှုခွင့်မရစေရန် ပိတ်ပင်ခဲ့ပါသည်။

ထို့အပြင်   လက်ခံရရှိထားသော မိတ္တူများကို အီလွန်မတ်စ်နှင့် အဖွဲ့က ဖျက်ဆီးရန် ယာယီတားမြစ်သောအမိန့်ကို ဖေဖော်ဝါရီ ၈ ရက်နေ့က အမေရိကန်ပြည်နယ် တရားသူကြီး Paul က ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

အီလွန်မတ်စ်အကြီးအကဲအဖြစ် ဦးဆောင်သည့် အစိုးရ စွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) သည် သမ္မတ ထရမ့်က သီးခြားတာဝန်ပေးထားခြင်းဖြစ်ပြီး တရားဝင် အစိုးရဌာနမဟုတ်သည့်အတွက် ထိုကဲ့သို့ ဘဏ္ဍာရေးဌာန၏ငွေကြေးအချက်အလက်များကို အသုံးပြုခြင်းသည် ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း အမေရိကန် ပြည်ထောင်စုတရားသူကြီးက စွပ်စွဲပြောဆိုထားပါသည်။ 

ကိုးကား -BBC

ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်နှင့် USAID အလားအလာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေး အေဂျင်စီ (USAID) ကို အဂတိလိုက်စားမှု လွန်စွာ များပြားနေသည့်အဖွဲ့အစည်းဖြစ်သည့်အတွက် ပိတ်သိမ်းသွားရန် ဖေဖော်ဝါရီ ၃ ရက်တွင် ညွှန်ကြားခဲ့ပါသည်။ 

ထိုညွှန်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် USAID ၏ လုပ်ငန်းများသည် အချိန်ကာလ တစ်ခုအထိ ရပ်ဆိုင်းခဲ့ပါသည်။

ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်အရ နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကို USAID ၏ ခေတ္တအကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။ ထိုလုပ်ငန်းစဉ်ကို ဦးဆောင်ရန် အမေရိကန် အစိုးရလုပ်ငန်းစဉ်များ ထိန်းချုပ်ရေးဌာန (DOGE) အကြီးအကဲအဖြစ် ဘီလီယံနာသူဌေးကြီး Elon Musk ကို တာဝန်ပေးအပ်ခဲ့သည်။

USAID ကို ၁၉၆၁ ခုနှစ်တွင် အမေရိကန်သမ္မတ John F. Kennedy က တည်ထောင်ခဲ့ပြီး အမေရိကန်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာအကူအညီ၏ ၆၀% ခန့်ကို စီမံခန့်ခွဲ နေသည့် အဖွဲ့အစည်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၃.၇၉ ဘီလီယံခန့်ကို အဆိုပါ အေဂျင်စီသို့ ထောက်ပံ့ပေးခဲ့ပါသည်။ 

ယခုအခါ ဒေါ်နယ်ထရမ့် ၏ USAID အပေါ် ဆုံးဖြတ်ချက် နှင့် နောင်လာမည့် ရန်ပုံငွေ အစီအစဉ် အလားအလာကို စိတ်ဝင်စားနေကြသည်။ 

ကိုးကား -TASS

အမေရိကန် အာဇာနည်များ၏ အမျိုးသားပန်းခြံသစ် တည်ဆောက်မည့်အမိန့်အား သမ္မတ ထရမ့်   ပြန်လည် အသက်သွင်း

အမေရိကန် အာဇာနည်များ၏ အမျိုးသားပန်းခြံ (National Park of American Heroes) ကို ပြန်လည် အသက်သွင်းမည့် သမ္မတဒေါ်နယ်ထရမ့်၏ စီမံအုပ်ချုပ်မှု အမိန့်တစ်ရပ်ကို ဖေဖော်ဝါရီ ၆ ရက် နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါသည်။

သမိုင်းကြောင်းတစ်လျှောက် အကြီးမြတ်ဆုံး အမေရိကန် ခေါင်းဆောင်များ၏ ရုပ်တုများဖြင့် ပြည့်နက်နေသည့် အာဇာနည်ပန်းခြံသစ် တည်ဆောက်ရေးလုပ်ငန်းကို ပြန်လည်စတင်မည့် အုပ်ချုပ်ရေးအမိန့်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း” ထရမ့်က US Capitol အဆောက်အအုံတွင် ပြုလုပ်သည့် National Prayer Breakfast မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

မိမိတို့နိုင်ငံ၏ အာဇာနည်သူရဲကောင်းများကို တိုင်းပြည်၏ အကြီးမြတ်ဆုံးသူရဲကောင်းများအဖြစ် ဂုဏ်ပြုသည့်အနေဖြင့် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ အသက်သွေးနှင့် စတေးခဲ့ရသည့်တိုင်းပြည်ကို ဖျက်ဆီးမှု မရှိစေဘဲ ဆက်လက်တည်ဆောက်သွားရန် ထရမ့်က ပြောကြားခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ်တွင် သမ္မတထရမ့်က အလားတူ အုပ်ချုပ်ရေးအမိန့်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီးနောက် တစ်နှစ်တွင် သမ္မတဟောင်း ဂျိုးဘိုင်ဒင်က အဆိုပါ အမိန့်အား ရုတ်သိမ်းစေခဲ့ပါသည်။ ယခင် ထုတ်ပြန်ခဲ့သည့် အမိန့်တွင် အဆိုပါပန်းခြံအား အမေရိကန်နိုင်ငံ၏ နှစ် ၂၅၀ ပြည့်နှစ်ပတ်လည်နေ့မတိုင်မီ ၂၀၂၆ ခုနှစ်တွင် မူသတ်မှတ်ချက်ပါအတိုင်း အပြီးတည်ဆောက်သွားရန်   သတ်မှတ်ခဲ့သော်လည်း ယခု ပြန်လည်အသက်သွင်းလိုက်သည့်အမိန့်တွင် အာဇာနည်ပန်းခြံအား တတ်နိုင်သမျှ မြန်မြန်ပြီးစီး‌အောင် တည်ဆောက်သွားရန် ထရမ့်က တောင်းဆိုထားသည်။

ကိုးကား -MSN

Photo: Yahoo

အိမ်ခြေယာမဲ့များအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ပူတင်ညွှန်ကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရုရှားနိုင်ငံ တစ်ဝှမ်းရှိ အိုးမဲ့အိမ်မဲ့များအား အခမဲ့ဆေးဘက်ဆိုင်ရာ အကူအညီများပေးရန် အစိုးရကို တာဝန်ပေးအပ်ထားပြီး ၎င်းတို့၏ အထောက်အထား သို့မဟုတ် မှတ်ပုံတင်/လိပ်စာကို အတည်ပြုသည့် စာရွက်စာတမ်းများ မပါရှိစေကာမူ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးရန် ညွှန်ကြားထားကြောင်းသိရှိရပါသည်။

ညွှန်ကြားချက်အတွက် နောက်ဆုံးသတ်မှတ်ရက်မှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ဖြစ်ပြီး ရုရှား ဝန်ကြီးချုပ် Mikhail Mishustin အား အဆိုပါတာဝန်ကို အကောင်အထည်ဖော်ရန်အတွက် တာဝန်ပေးအပ်ထား ကြောင်းသိရှိရသည်။

ကရင်မလင်၏ ဖေဖော်ဝါရီလ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ အိမ်ခြေယာမဲ့ ရုရှားနိုင်ငံသားများအား အထောက်အထားများ မပြည့်စုံစေကာမူ ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင် အိမ်ခြေယာမဲ့များနှင့် အထောက်အထားပျောက်ဆုံးခဲ့သူများအား ရုရှား ကျန်းမာရေးဌာနက လိုအပ်သောစောင့်ရှောက်မှုများပေးအပ်မည်ဟု ပူတင်က ကတိပေးခဲ့ပြီးနောက် ယခု ကဲ့သို့သော ညွှန်ကြားချက်ထွက်ရှိလာခြင်းဖြစ်သည်။

နေစရာနေရာမရှိသူများသည် အထောက်အပံ့ လိုအပ်နေသူများထဲတွင် အထိခိုက်အလွယ်ဆုံး ငဲ့ညှာရမည့်သူများဖြစ်သည်ဟု သမ္မတပူတင်က ဆိုသည်။