အမေရိကန်လေကြောင်းလိုင်း ဂျက်လေယာဉ်နှင့် အမေရိကန်တပ်မတော်ရဟတ်ယာဉ် တိုက်မိမှု

News Image

  • အမေရိကန်လေကြောင်းလိုင်း ဂျက်လေယာဉ်နှင့် အမေရိကန်တပ်မတော်ရဟတ်ယာဉ် တိုက်မိမှု

ဇန်နဝါရီ ၂၉ ရက် ဒေသစံတော်ချိန် ည ၈:၄၇ အချိန်တွင် အမေရိကန်လေကြောင်းလိုင်း၏ ဂျက်လေယာဉ် (Flight 5342) နှင့် အမေရိကန်တပ်မတော် Black Hawk ရဟတ်ယာဉ် (Sikorsky UH-60) တို့သည် ရော်နယ်ရီဂန် ဝါရှင်တန်ဒီစီ အမျိုးသားလေဆိပ်အနီး တွင် တိုက်မိမှုဖြစ်ပွားခဲ့သည်။

ဂျက်လေယာဉ်တွင် ခရီးသည် ၆၀ ဦးနှင့် လေယာဉ်မှူး အပါအဝင် ဝန်ထမ်း ၄ ဦး တို့ လိုက်ပါလာကြပြီး တပ်မတော်ရဟတ်ယာဉ်တွင် အမေရိကန်စစ်သား ၃ ဦး တို့ လိုက်ပါလာကြသည်။ 

တိုက်မိပြီးနောက် ဂျက်လေယာဉ်သည် အလယ်မှ ထက်ပိုင်းကျိုးသွားပြီး Potomac မြစ်ထဲသို့ ပြုတ်ကျသွားခဲ့သည်။ ရဟတ်ယာဉ်မှာလည်း လှည့်လည် ပြုတ်ကျသွားခဲ့သည်။ မီးသတ်တပ်ဖွဲ့နှင့် တပ်ဖွဲ့ဝင်များက မြစ်ထဲရှိ လေယာဉ်အပျက်အစီးအကြား ခရီးသည်များကို အရေးပေါ် လိုက်လံရှာဖွေခဲ့သည်။ ဖြစ်စဉ်အတွင်း သေဆုံးသူဦးရေကို အတည်ပြုနေဆဲ ဖြစ်ပါသည်။

ရော်နယ်ရီဂန် အမျိုးသားလေဆိပ်အနေဖြင့် လေယာဉ်များ ဆင်းသက်မှုမရှိစေရေး လေဆိပ်ကို ခေတ္တပိတ်ထားပြီး အနီးအနားရှိ အခြားလေဆိပ်များသို့သာ ပြောင်းလဲဆင်းသက်ကြရန် လေကြောင်းလိုင်းများကို အကြောင်းကြားထားပါသည်။ မြစ်ထဲရှိ ကျိုးပဲ့ပျက်စီးနေသည့်လေယာဉ်ထဲရှိ ခရီးသည်များကို အရေးပေါ် ရှာဖွေကယ်ထုတ်ကြရန် သမ္မတဒေါ်နယ်ထရမ့်က ညွှန်ကြားထားပါသည်။ 

ကိုးကား-CNN

Photo: ABC News