အီတလီနိုင်ငံတွင် ဟာမီနီယာမုန်တိုင်းကြောင့် ရေဘေးအန္တရာယ်ဖြင့် ရင်ဆိုင်နေရ

News Image

  • အီတလီနိုင်ငံတွင် ဟာမီနီယာမုန်တိုင်းကြောင့် ရေဘေးအန္တရာယ်ဖြင့် ရင်ဆိုင်နေရ

ရောမ   ဇန်နဝါရီ ၃၀

ဟာမီနီယာ မုန်တိုင်းသည် ပြင်သစ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၉ ရက်တွင် အီတလီနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ အီတလီနိုင်ငံ တက်စ်ကာနီနယ်မြေနှင့် လီဂူရီယာနယ်မြေတို့တွင် ရေဘေးအန္တရာယ်ဖြင့် ရင်ဆိုင်နေရကြောင်း Civil Protection Agency က ထုတ်ပြန်ခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။

ဖလောရင့်မြို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး ဖလောရင့်မြို့ရှီ မြေအောက်လမ်းကူးလူသွားလမ်းများ ‌‌ရေလွှမ်းလျက်ရှိသကဲ့သို့ လမ်းမကြီးတချို့လည်း ရေလွှမ်းလျက်ရှိကြောင်း၊ ဂျီနိုအာမြို့တွင်လည်း ရေကြီးရေလျှံမှုအပြင် မြေပြိုကျမှုများဖြစ်ပေါ်နေပြီး လမ်းမကြီးတချို့ကို ယာယီပိတ်ထားကာ ရေဘေးအန္တရာယ်အရေးပေါ်အခြေအနေ ကြေညာထားကြောင်း၊ မြေပြိုကျမှုနှင့်အတူ သစ်ပင်ကြီးများလည်းလဲကျခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း Civil Protection Agency ကထုတ်ပြန်ခဲ့သည်။

“ဟာမီနီယာမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့အတူ မြေပြိုကျမှုတွေလဲဖြစ်ပေါ်နေပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေလျှံတက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ စီဗီမြစ်ရေပမာဏလဲ မြင့်တက်လာနေတဲ့အတွက် မြစ်ရေလျှံတက်မှုနဲ့ပတ်သက်ပြီး အချိန်မီသတိပေးချက်ထုတ်ပြန်နိုင်အောင် ဆောင်ရွက်နေပါတယ်” ဟု Civil Protection Agency မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ