သတင်းများ

ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်နှင့် USAID အလားအလာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေး အေဂျင်စီ (USAID) ကို အဂတိလိုက်စားမှု လွန်စွာ များပြားနေသည့်အဖွဲ့အစည်းဖြစ်သည့်အတွက် ပိတ်သိမ်းသွားရန် ဖေဖော်ဝါရီ ၃ ရက်တွင် ညွှန်ကြားခဲ့ပါသည်။ 

ထိုညွှန်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် USAID ၏ လုပ်ငန်းများသည် အချိန်ကာလ တစ်ခုအထိ ရပ်ဆိုင်းခဲ့ပါသည်။

ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်အရ နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကို USAID ၏ ခေတ္တအကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။ ထိုလုပ်ငန်းစဉ်ကို ဦးဆောင်ရန် အမေရိကန် အစိုးရလုပ်ငန်းစဉ်များ ထိန်းချုပ်ရေးဌာန (DOGE) အကြီးအကဲအဖြစ် ဘီလီယံနာသူဌေးကြီး Elon Musk ကို တာဝန်ပေးအပ်ခဲ့သည်။

USAID ကို ၁၉၆၁ ခုနှစ်တွင် အမေရိကန်သမ္မတ John F. Kennedy က တည်ထောင်ခဲ့ပြီး အမေရိကန်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာအကူအညီ၏ ၆၀% ခန့်ကို စီမံခန့်ခွဲ နေသည့် အဖွဲ့အစည်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၃.၇၉ ဘီလီယံခန့်ကို အဆိုပါ အေဂျင်စီသို့ ထောက်ပံ့ပေးခဲ့ပါသည်။ 

ယခုအခါ ဒေါ်နယ်ထရမ့် ၏ USAID အပေါ် ဆုံးဖြတ်ချက် နှင့် နောင်လာမည့် ရန်ပုံငွေ အစီအစဉ် အလားအလာကို စိတ်ဝင်စားနေကြသည်။ 

ကိုးကား -TASS

အမေရိကန် အာဇာနည်များ၏ အမျိုးသားပန်းခြံသစ် တည်ဆောက်မည့်အမိန့်အား သမ္မတ ထရမ့်   ပြန်လည် အသက်သွင်း

အမေရိကန် အာဇာနည်များ၏ အမျိုးသားပန်းခြံ (National Park of American Heroes) ကို ပြန်လည် အသက်သွင်းမည့် သမ္မတဒေါ်နယ်ထရမ့်၏ စီမံအုပ်ချုပ်မှု အမိန့်တစ်ရပ်ကို ဖေဖော်ဝါရီ ၆ ရက် နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါသည်။

သမိုင်းကြောင်းတစ်လျှောက် အကြီးမြတ်ဆုံး အမေရိကန် ခေါင်းဆောင်များ၏ ရုပ်တုများဖြင့် ပြည့်နက်နေသည့် အာဇာနည်ပန်းခြံသစ် တည်ဆောက်ရေးလုပ်ငန်းကို ပြန်လည်စတင်မည့် အုပ်ချုပ်ရေးအမိန့်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း” ထရမ့်က US Capitol အဆောက်အအုံတွင် ပြုလုပ်သည့် National Prayer Breakfast မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

မိမိတို့နိုင်ငံ၏ အာဇာနည်သူရဲကောင်းများကို တိုင်းပြည်၏ အကြီးမြတ်ဆုံးသူရဲကောင်းများအဖြစ် ဂုဏ်ပြုသည့်အနေဖြင့် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ အသက်သွေးနှင့် စတေးခဲ့ရသည့်တိုင်းပြည်ကို ဖျက်ဆီးမှု မရှိစေဘဲ ဆက်လက်တည်ဆောက်သွားရန် ထရမ့်က ပြောကြားခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ်တွင် သမ္မတထရမ့်က အလားတူ အုပ်ချုပ်ရေးအမိန့်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီးနောက် တစ်နှစ်တွင် သမ္မတဟောင်း ဂျိုးဘိုင်ဒင်က အဆိုပါ အမိန့်အား ရုတ်သိမ်းစေခဲ့ပါသည်။ ယခင် ထုတ်ပြန်ခဲ့သည့် အမိန့်တွင် အဆိုပါပန်းခြံအား အမေရိကန်နိုင်ငံ၏ နှစ် ၂၅၀ ပြည့်နှစ်ပတ်လည်နေ့မတိုင်မီ ၂၀၂၆ ခုနှစ်တွင် မူသတ်မှတ်ချက်ပါအတိုင်း အပြီးတည်ဆောက်သွားရန်   သတ်မှတ်ခဲ့သော်လည်း ယခု ပြန်လည်အသက်သွင်းလိုက်သည့်အမိန့်တွင် အာဇာနည်ပန်းခြံအား တတ်နိုင်သမျှ မြန်မြန်ပြီးစီး‌အောင် တည်ဆောက်သွားရန် ထရမ့်က တောင်းဆိုထားသည်။

ကိုးကား -MSN

Photo: Yahoo

အိမ်ခြေယာမဲ့များအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ပူတင်ညွှန်ကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရုရှားနိုင်ငံ တစ်ဝှမ်းရှိ အိုးမဲ့အိမ်မဲ့များအား အခမဲ့ဆေးဘက်ဆိုင်ရာ အကူအညီများပေးရန် အစိုးရကို တာဝန်ပေးအပ်ထားပြီး ၎င်းတို့၏ အထောက်အထား သို့မဟုတ် မှတ်ပုံတင်/လိပ်စာကို အတည်ပြုသည့် စာရွက်စာတမ်းများ မပါရှိစေကာမူ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးရန် ညွှန်ကြားထားကြောင်းသိရှိရပါသည်။

ညွှန်ကြားချက်အတွက် နောက်ဆုံးသတ်မှတ်ရက်မှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ဖြစ်ပြီး ရုရှား ဝန်ကြီးချုပ် Mikhail Mishustin အား အဆိုပါတာဝန်ကို အကောင်အထည်ဖော်ရန်အတွက် တာဝန်ပေးအပ်ထား ကြောင်းသိရှိရသည်။

ကရင်မလင်၏ ဖေဖော်ဝါရီလ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ အိမ်ခြေယာမဲ့ ရုရှားနိုင်ငံသားများအား အထောက်အထားများ မပြည့်စုံစေကာမူ ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင် အိမ်ခြေယာမဲ့များနှင့် အထောက်အထားပျောက်ဆုံးခဲ့သူများအား ရုရှား ကျန်းမာရေးဌာနက လိုအပ်သောစောင့်ရှောက်မှုများပေးအပ်မည်ဟု ပူတင်က ကတိပေးခဲ့ပြီးနောက် ယခု ကဲ့သို့သော ညွှန်ကြားချက်ထွက်ရှိလာခြင်းဖြစ်သည်။

နေစရာနေရာမရှိသူများသည် အထောက်အပံ့ လိုအပ်နေသူများထဲတွင် အထိခိုက်အလွယ်ဆုံး ငဲ့ညှာရမည့်သူများဖြစ်သည်ဟု သမ္မတပူတင်က ဆိုသည်။

ကိုးကား-RT

အမေရိကန်က USAID အဖွဲ့အတွက် ၉ နှစ်ကျော်အတွင်း ဒေါ်လာ ၃၃၀ ဘီလီယံကျော် အသုံးပြုခဲ့

အမေရိကန်ပြည်ထောင်စုသည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (USAID) အဖွဲ့အတွက် ၉ နှစ်ကျော်အတွင်း ဒေါ်လာ ၃၃၀ ဘီလီယံကျော် အသုံးပြုခဲ့ကြောင်း မီဒီယာတစ်ခုက ဖေဖော်ဝါရီလ ၆ ရက်တွင် ဖော်ပြသည်။

အမေရိကန်အစိုးရသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အဆိုပါငွေကြေးများကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယင်းပမာဏသည် ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတော် အသုံးစရိတ်၏ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အမေရိကန်သမ္မတများအနက်   ဒီမိုကရက်များသည် ရီပတ်ဘလစ်ကန်များနှင့် နှိုင်းယှဉ်ပါက USAID အဖွဲ့အား ငွေကြေးထောက်ပံ့မှု ပိုမိုလုပ်ဆောင်ခဲ့ပြီး ယခင်သမ္မတဟောင်း    ဘားရက်အိုဘားမား လက်ထက်၂၀၁၆ ခုနှစ်တွင် USAID အတွက်အသုံးစရိတ်အဖြစ် ဒေါ်လာ ၅၀ ဒသမ ၃ ဘီလီယံ၊  ဂျိုးဘိုင်ဒင်လက်ထက်တွင်မူ တစ်နှစ်လျှင် ဒေါ်လာ ၃၇ ဒသမ ၄ ဘီလီယံမှ ၅၀ ဘီလီယံအထိ အသုံးပြုခဲ့သော်လည်း ဒေါ်နယ်ထရမ့် လက်ထက်တွင် ဒေါ်လာ ၂၅ဒသမ ၅ ဘီလီယံမှ ၂၆ ဒသမ ၇ ဘီလီယံ အထိသာ အသုံးပြုခဲ့ကြောင်း သိရသည်။

USAID အဖွဲ့သည် အမေရိကန်ပြည်သူများ၏  အခွန်ဘဏ္ဍာများကို   အသုံးပြု၍ ဇီဝလက်နက်များ ထုတ်လုပ်ရန် သုတေသန လုပ်ဆောင်လျက်ရှိသည်ဟု ပြောဆိုမှုများ ထွက်ပေါ်လာပြီးနောက်ပိုင်း အငြင်းပွားဖွယ် အကြောင်းရင်းများကြောင့် USAID အဖွဲ့၏လုပ်ဆောင်ချက်များကို ထရမ့် အစိုးရက ဖေဖော်ဝါရီလ ၃ရက်မှစ၍ ရပ်ဆိုင်းခဲ့ပြီး ဝါရှင်တန်မြို့ရှိ ရုံးချုပ်ကိုလည်း ပိတ်ပစ်ခဲ့သည်။ ထို့ပြင် USAID အဖွဲ့က လုပ်ဆောင်နေသည့် အစီအစဉ်များကိုလည်း သမ္မတထရမ့်က ရက်ပေါင်း ၉၀ ကြာရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

Source: Myawady Web Portal

အနောက်နိုင်ငံများအပေါ် နည်းပညာမှီခိုမှုကို လျှော့ချရန် အတွက် အိန္ဒိယက ကိုယ်ပိုင် AI chip ထုတ်လုပ်မည်

အနောက်နိုင်ငံမှ နည်းပညာများအပေါ် အမှီသဟဲပြုနေရခြင်းကို  လျှော့ချနိုင်ရန်အတွက် အိန္ဒိယနိုင်ငံက ၎င်းတို့၏ကိုယ်ပိုင် AI chip များကို ထုတ်လုပ်မည်ဟု တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ Mint သတင်းစာတွင် ဖော်ပြထားသည်။

ကိုယ်ပိုင် AI chip များ ထုတ်လုပ်နိုင်ရန်အတွက်   အိန္ဒိယအီလက်ထရွန်နစ်နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးဌာန (Meity) က နိုင်ငံပိုင်အိုင်တီနှင့် ကွန်ပျူတာစင်တာများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါစင်တာများတွင် အဆင့်မြင့်ကွန်ပျူတာနည်းပညာ ဖွံ့ဖြိုးရေးစင်တာ (C-DAC) လည်း ပါဝင်လျက်ရှိသည်။

လက်ရှိတွင် AI နည်းပညာကဏ္ဍ၌ အမေရိကန်ပြည်ထောင်စုသည် ထိပ်တန်းမှ ရပ်တည်နေသည့်    နိုင်ငံတစ်နိုင်ငံဖြစ်ပြီး Nvidia ကုမ္ပဏီမှ ထုတ်လုပ်သည့် chip များကို ChatGPT ကဲ့သို့သော AI model တွင် အသုံးပြုလျက်ရှိသည်။

ထို့ပြင် အမေရိကန်တို့သည် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးတွင် လွှမ်းမိုးထားနိုင်သည့် အပြင် ကမ္ဘာပေါ်တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တင်ပို့ရောင်းချရာမှ ရရှိသည့်   ငွေကြေး စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို   လက်ခံရရှိနေသည်ဟု သုတေသန အဖွဲ့ကြီးတစ်ခုဖြစ်သည့် Gartner ကဖော်ပြခဲ့သည်။

သို့သော် အမေရိကန်အစိုးရသည် မကြာသေးမီကပင် တရုတ်နိုင်ငံ၏ နည်းပညာ တိုးတက်မှုများကို   ထိန်းချုပ်နိုင်ရန်အတွက် AI chip များ တင်ပို့ရောင်းချခြင်းအပေါ် ကန့်သတ်လိုက်သည့်အပြင် Nvidia ကဲ့သို့သော နည်းပညာကုမ္ပဏီများအပေါ်တွင်လည်း စည်းမျဉ်းစည်းကမ်းများ တင်းကျပ်ခဲ့သည်။

ထို့ကြောင့်   အိန္ဒိယနိုင်ငံ၏ ယခုလုပ်ဆောင်မည့် ကနဦးဆောင်ရွက်ချက်သည် ကိုယ်ပိုင် AI chip များကို ထုတ်လုပ်၍ အခြားနိုင်ငံများအပေါ် အမှီသဟဲပြုနေရသည့်အခြေအနေကို ပြောင်းလဲပစ်ရန် ကြိုးပမ်းခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံအနေဖြင့်   ၎င်းတို့၏ ကိုယ်ပိုင် AI chip များကို လာမည့် ၂၀၂၇ ခုနှစ်တွင်   ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားပြီး ထိုသို့လုပ်ဆောင်နိုင်ရန်အတွက်လည်း    အမေရိကန်နည်းပညာကုမ္ပဏီကြီးများနှင့် တရုတ် (တိုင်ပေ)မှ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးကော်မတီ (TSMC) တို့က အကြံဉာဏ်များ ပေးအပ်လျက် ရှိသည်။        

၂၀၂၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ ပြည်ပခရီးသွား ၂၅ သန်းကျော် ဝင်ရောက်ခဲ့

ကွာလာလမ်ပူ   ဖေဖော်ဝါရီ ၅

၂၀၂၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည် ၂၅ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း မလေးရှား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ သိရသည်။

၂၀၂၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ ဝင်ရောက်လာသော ပြည်ပခရီးသွား ဧည့်သည်အရေအတွက်မှာ ၂၅၀၁၆၆၉၈ ဦးထိ ရောက်ရှိခဲ့ကြောင်း မလေးရှားအစိုးရကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် ပြည်ပခရီးသွားအရေအတွက်မှာ ၂၀၂၃ ခုနှစ်ကထက် ၂၄ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း မလေးရှားခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နှိုင်းယှဉ်ကြည့်ပါက ၂၀၂၃ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ ဝင်ရောက်ခဲ့သော နိုင်ငံတကာခရီးသည်အရေအတွက်မှာ ၂၀၁၄၁၈၄၆ ဦးထိ ရှိခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ အများဆုံးလာရောက်ခဲ့သော ပြည်ပခရီးသည်များမှာ စင်ကာပူနိုင်ငံသားများဖြစ်ပြီး ၉ ဒသမ ၁ သန်းထိ ဝင်ရောက်ခဲ့သည်။

ဒုတိယအများဆုံးဝင်ရောက်သူများမှာ အင်ဒိုနီးရှားနိုင်ငံသားများဖြစ်ကြပြီး တတိယအများဆုံးဝင်ရောက်ခဲ့သူများမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြကြောင်း မလေးရှား တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Source: ရတနာပုံသတင်းစာ

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့မှ ပါဆယ် ပစ္စည်းများလက်ခံခြင်းကို အမေရိကန် စာတိုက်ဝန်ဆောင်မှု (USPS) ရပ်နား

အမေရိကန်စာတိုက်ဝန်ဆောင်မှု (USPS) က တရုတ် ပြည်မကြီးနှင့် ဟောင်ကောင်တို့မှ ပါဆယ်ပစ္စည်းများ လက်ခံခြင်းကို နောက်ထပ်အမိန့်‌စာမထုတ်ပြန်မချင်း ရပ်တန့်ထားသည်ဟု ဆိုသည်။

ပါဆယ်ပစ္စည်းလက်ခံခြင်းကို ရပ်ဆိုင်းထားသော်လည်း စာပေးပို့ခြင်းလုပ်ငန်းကို ထိခိုက်စေလိမ့်မည်မဟုတ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပြီး ထိုသို့ဆုံးဖြတ်ရခြင်း၏ အကြောင်းအရင်းကို မေးမြန်းရာတွင် ကုမ္ပဏီက ဖြေကြားရန် ငြင်းဆိုခဲ့သည်။

အမေရိကန်ဒေါ်လာ ၈၀၀ (ပေါင် ၆၄၁) တန်ဖိုးရှိသည့် သို့မဟုတ် အဆိုပါငွေပမာဏထက်နည်းသော ပါဆယ်အထုပ်ငယ်များကို အခွန် သို့မဟုတ် အခကြေးငွေ ပေးဆောင်ရန်မလိုဘဲ အမေရိကန်သို့ ပေးပို့နိုင်သည့် အခွင့်အရေးကို ပိတ်ပင်လိုက်သည့် စည်းမျဥ်းအသစ်များ အသက်ဝင်လာပြီးနောက်ပိုင်း အဆိုပါစည်းကမ်းချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

တရုတ်အွန်လိုင်းကုမ္ပဏီကြီးများဖြစ်သည့် Shein နှင့် Temu ကဲ့သို့ လက်လီ ရောင်းချသူများသည် အခွန် ကင်းလွတ်ခွင့်ရရှိသည့် တန်ဖိုးနည်းပါဆယ်ထုပ်များကို အမေရိကန်သို့တင်ပို့၍ အခွန်ကင်းလွတ်ခွင့်ရရှိစေရန် အသုံးချလျက်ရှိသည်။ ထို့ပြင် အဆိုပါကုမ္ပဏီများသည် သန်းနှင့်ချီသော သုံးစွဲသူများထံသို့ ၎င်းတို့၏ ပစ္စည်းများရောက်ရှိနိုင်ရန် UK အပါအဝင် ဥရောပနိုင်ငံများတွင် အလားတူနည်းလမ်းများ အသုံးပြု၍ အကျိုးအမြတ်များ ရရှိခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်သို့ တင်သွင်းသည့် တရုတ်ကုန်ပစ္စည်းများအားလုံးအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ရန် အမေရိကန်သမ္မတ Donald Trump က ကြေညာခဲ့သည်။

ထို့ကြောင့် အမေရိကန်၏ သွင်းခွန်နှုန်းထားအသစ်များအပေါ် အလားတူနည်းလမ်းများဖြင့် ပြန်လည်တုံ့ပြန်ရန် စီစဉ်နေသည့် EU ကလည်း ၎င်းတို့၏ Platforms များတွင် ရောင်းချနေသော အန္တရာယ်ရှိသည့် ထုတ်ကုန်များအတွက် Temu နှင့် Shein တို့တွင် တာဝန်ရှိကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။

အခွန်အခကင်းလွတ်ခွင့်ပြုသည့် အနိမ့်ဆုံးတန်ဖိုး သတ်မှတ်ချက်အရ အခွန်ပေးဆောင်ရန်မလိုသော တန်ဖိုးနည်းထုတ်ကုန်များ တင်ပို့ခြင်းကို ရပ်တန့်မည့် အစီအစဉ်သည် သီတင်းပတ်ကုန်တွင် သမ္မတ ဒေါ်နယ် ထရမ့်ကိုယ်တိုင် ချမှတ်ထားသော ကုန်သွယ်မှုဆိုင်ရာ အပြောင်းအလဲများအနက် တစ်ခုအပါအဝင်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ၂၂ ယူရို အောက်ရှိသော တန်ဖိုးနည်း ပစ္စည်းတန်ဖိုး ၄.၆ ဘီလီယံကို အီးယူသို့ တင်သွင်းခဲ့ပြီး ယင်းပစ္စည်းများ၏ ၉၁ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ တင်သွင်းခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်ထက် နှစ်ဆပိုများ လာခြင်းဖြစ်ကြောင်း ဥရောပကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အွန်လိုင်းဈေးရောင်းသူများက တိုက်ရိုက်တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်ဆိုင်ရာ စစ်ဆေးမှုများ တိုးမြှင့်မည်ဟု ဖေဖော်ဝါရီ ၅ ရက် (ဗုဒ္ဓဟူးနေ့)တွင် အီးယူက ကြေညာခဲ့သည်။

ကိုးကား (BBC)

အာတိတ်ဒေသအပူချိန် ပျမ်းမျှထက် 20°C (68°F) အထိ မြင့်တက်လာ

မြောက်ဝင်ရိုးစွန်း အာတိတ်ရပ်ဝန်းဒေသအပူချိန်သည် ပျမ်းမျှရှိသင့်သည်ထက် 20°C (68°F) အထိ ရုတ်တရက် မြင့်တက်လာပြီး ရေခဲပျော်မှတ်အပူချိန်ကိုပင် ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။

“ဤအချက်ကို ငြင်းခုန်စရာမလိုပါ၊ ရေခဲများ ပျောက်ကွယ်သွားမည်ဆိုသည့်အချက်ကိုလည်း ငြင်းခုန်စရာမလိုပါ” ဟု ဟမ်ဘာ့ဂ်တက္ကသိုလ်မှ ရာသီဥတုသိပ္ပံပညာရှင် Dirk Notz က ပြောကြားခဲ့သည်။

ရာသီဥတုသိပ္ပံပညာရှင်များက ဤအခြေအနေဖြစ်‌ပေါ်လာရခြင်းမှာ အိုက်စလန်ဒေသအပေါ်ရှိ လေဖိအားနည်းရပ်ဝန်းကြောင့်ဟု ဆိုသည်။ ထိုလေဖိအားနည်းရပ်ဝန်းက အာတိတ်ဒေသဆီသို့ ပူနွေးသောလေကို တွန်းပို့ခဲ့သည်။ ထို့အပြင် အတ္တလန္တိတ်သမုဒ္ဒရာ အရှေ့မြောက်ပိုင်းတွင် ပုံမှန်ထက် ပိုမိုပူနွေးနေသော ပင်လယ်အပူချိန်များကလည်း ဤအပူလှိုင်းကို ပိုမိုပြင်းထန်စေခဲ့သည်။

ထိုသို့သောဖြစ်ရပ်များသည် ရှားပါးသော်လည်း ၂၀၁၈ ခုနှစ်ကဖြစ်ခဲ့ဖူးသည့် ယခင်ဖြစ်ရပ်များကို ထောက်ရှုခြင်းအားဖြင့်လည်း အာတိတ်ဒေသသည် ပျမ်းမျှရှိသင့်သည်ထက် လေးဆနီးပါး ပိုမိုမြန်ဆန်စွာ ပူနွေးလာနေသည့် စိုးရိမ်ဖွယ်အခြေအနေကို ညွှန်ပြနေသည်။

ဤမျှမျှော်လင့်မထားသော ဆောင်းတွင်းအပူချိန်မြင့်တက်မှုသည် ရာသီဥတုပြောင်းလဲမှု၏ အရှိန်မြင့်လာနေကြောင်း နောက်ထပ်သတိပေးချက်တစ်ခုဖြစ်သည်။ သိပ္ပံပညာရှင်များက အပူချိန်မြင့်တက်မှုသည် အာတိတ်ရေခဲများကို ဆက်လက်ပျက်စီးစေကာ ဂေဟဗေဒဆိုင်ရာနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ပြင်းထန်သောအကျိုးဆက်များကို ဖြစ်ပေါ်စေမည်ဟု သတိပေးထားသည်။

ကာဗွန်ထုတ်လွှတ်မှုကို ပြင်းထန်စွာလျှော့ချသည့်တိုင် အာတိတ်ဒေသဆောင်းရာသီ ပင်လယ်ရေခဲများသည် လာမည့်နှစ်နှစ်ဆယ်အတွင်း ပျောက်ကွယ်သွားမည်ဟု ရာသီဥတုမော်ဒယ်များအရ သိပ္ပံပညာရှင်တို့က ခန့်မှန်းထားသည်။ ရေခဲများ ပျောက်ကွယ်သွားသည်နှင့်အမျှ ကမ္ဘာ့ရာသီဥတုစနစ်၏ အရေးပါသောအစိတ်အပိုင်းတစ်ခုလည်း ဆုံးရှုံးသွားမည်ဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာမှုကိုထိန်းချုပ်ရန် ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်မှုများလိုအပ်နေကြောင်း သိရသည်။

Source: Popular Myanmar

အမေရိကန်နုတ်ထွက်မှုကို တုန့်ပြန်သည့်အနေဖြင့် WHO က ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ လျှော့ချရန်စီစဉ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်၏ ဘတ်ဂျက်ကို အမေရိကန်ဒေါ်လာသန်း ၄၀၀ ခန့် လျှော့ချဖွယ်ရှိသည်ဟုသိရှိရပြီး အမေရိကန် က WHO မှ နုတ်ထွက်ရန် ရည်ရွယ်ထားကြောင်းထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ တုန့်ပြန်လာခြင်း ဖြစ်သည်။

အမေရိကန်သည် WHO ကို ငွေကြေးအများဆုံး ထောက်ပံ့သောနိုင်ငံဖြစ်ပြီး ဇန်နဝါရီလအတွင်း သမ္မတတာဝန် စတင်ထမ်းဆောင်သည့် ပထမဆုံးရက်တွင် ထရမ့်က အမေရိကန်သည် WHO မှ နုတ်ထွက်ရန် ရည်ရွယ်ထားကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပြီးနောက် သမ္မတ အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

WHO အဖွဲ့ဝင်နိုင်ငံများသည် အမှုဆောင်ဘုတ် အဖွဲ့အစည်းအဝေး၌ ဘတ်ဂျက်နှင့် အခြားကိစ္စရပ်များအတွက် အစီအစဉ်များကိုဆွေးနွေးနေကြပြီး အဆိုပါ အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ဖေဖော်ဝါရီ ၃ ရက်နေ့ မှ စတင်ခဲ့ပါသည်။

WHO ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် WHO သည် အခြေခံထောက်ပံ့မှုများအတွက် နှစ်နှစ်တာ ဘတ်ဂျက်အား အမေရိကန်ဒေါ်လာ ၄.၉ ဘီလီယံသို့ လျှော့ချရန်အဆိုပြုထားပြီး မူလအဆိုပြုချက်မှာတွင် ဒေါ်လာ ၅.၃ ဘီလီယံခန့် ရှိခဲ့ကြောင်းသိရှိရပါသည်။

ငွေကြေးအများဆုံးပံ့ပိုးကူညီသော အမေရိကန်နိုင်ငံက ထွက်ခွာသွားခြင်းကြောင့် WHO အနေဖြင့် ဘတ်ဂျက်နှင့်ပတ်သက်၍ ပုံမှန်အတိုင်းဆက်လက် ဆောင်ရွက်ရန် မဖြစ်နိုင်တော့ကြောင်း WHO က ရှင်းလင်းဖော်ပြခဲ့ပါသည်။

ကိုးကား-NHK World

ဆန်တိုရီနီကျွန်း၌ မြေငလျင်ဆက်တိုက်လှုပ်ခတ်မှုကြောင့် လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ

ဂရိနိုင်ငံ၊ ဆန်တိုရီနီကျွန်းစုတွင် မကြုံစဖူး မြေငလျင်ဆက်တိုက်လှုပ်ခတ်မှုများကြောင့် ဖေဖော်ဝါရီ ၄ ရက် နေ့ကလူထောင်ပေါင်းများစွာ ရေကြောင်း၊ လေကြောင်းလမ်းများနှင့် နေရပ်စွန့် ထွက်ခွာခဲ့ကြပါသည်။

ရင်သပ်ရှုမောဖွယ်ရာ ချောက်ကမ်းပါး မြင်ကွင်းများကြောင့် ကမ္ဘာလှည့်ခရီးသွားများအကြား နာမည်ကျော်သော ဆန်တိုရီနီကျွန်းသည် မီးတောင်ကြောင့် ဖြစ်သည့် ငလျင်လှုပ်ခတ်မှုများကြောင့် လွန်ခဲ့သော သီတင်းပတ်ကတည်းက လူပေါင်း (၆,၀၀၀)ခန့် နေရပ်စွန့်ခွာ ထွက်ခွာသွားကြကြောင်း တာဝန်ရှိသူများက ပြောကြားပါသည်။ ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် အစောပိုင်းတွင်လည်း ပြင်းအား ၄ ဒသမ ၉ ရှိသော နောက်ထပ်ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့သည်ဟု သိရ ပါသည်။ ကျွမ်းကျင်သူများက အဆိုပါဒေသသည် ယခင်က ငလျင်လှုပ်ခတ်မှုကြုံတွေ့ရခြင်း မရှိသော်လည်း ယခုကဲ့သို့လှုပ်ခတ်မှုမျိုး မည်မျှကြာကြာအထိ ရှိနေမည်ဆိုသည်ကို မသိနိုင်ကြောင်း ဆိုပါသည်။ “ဒါက ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ ယခင်က မတွေ့ဖူးကြောင်း” အမျိုးသားနက္ခတ်တာရာ ဘူမိဒိုင်း နမစ် အင်စတီကျုမှ သုတေသနဒါရိုက်တာ အန်သန်နာ ဆီယိုဂါနက်စ်က ပြောပါသည်။

ဂရိကမ်းခြေစောင့်တပ်၏ အဆိုအရ ဖေဖော်ဝါရီ ၂ ရက်နေ့ကတည်းကပင် လူပေါင်း ၄,၆၀၀ ကျော်သည် ကူးတို့ဆိပ်များမှ ထွက်ခွာပြောင်းရွှေ့သွားကြပြီကြောင်း သိရပါသည်။

ကိုးကား-NP News