Medevac ဂျက်လေယာဉ် US ရှိ လူနေရပ်ကွက်အတွင်းသို့ ပျက်ကျ
လူခြောက်ဦးလိုက်ပါလာသည့် Learjet 55 ဆေးဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ဇန်နဝါရီ ၃၁ ရက်နေ့ ညနေပိုင်းတွင် အမေရိကန် အရှေ့မြောက်ပိုင်း Philadelphia ၌ ပျက်ကျခဲ့သည်။ ပျက်ကျမှုမတိုင်မီ ကောင်းကင်ယံ၌ အလင်းတန်းတစ်ခု ထွက်ပေါ်ခဲ့ပြီး ပေါက်ကွဲသံများနှင့် မီးခိုးမြူများ ထူထပ်စွာ ထွက်ပေါ်လာခဲ့ခြင်းကို လုံခြုံရေးကင်မရာ များမှ မှတ်တမ်းတင်နိုင်ခဲ့သည်။
Federal Aviation Administration (FAA) မှ ဂျက်လေယာဉ်သည် ဒေသစံတော်ချိန် ညနေ ၆:၃၀ ခန့်တွင် အရှေ့မြောက်ဖီလာဒဲလ်ဖီးယားလေဆိပ်မှ ထွက်ခွာပြီး မကြာမီ ပျက်ကျခဲ့ကြောင်း အတည်ပြုခဲ့သည်။ မက္ကဆီကိုနိုင်ငံတွင် မှတ်ပုံတင်ထားသော အင်ဂျင်နှစ်လုံးတပ် ဂျက်လေယာဉ်သည် Jet Rescue Air Ambulance နှင့် သက်ဆိုင်ကြောင်း FlightRadar24 အချက်အလက်များ အရသိရသည်။ အသစ်ခန့်အပ်ခံရသော အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး Sean Duffy က လေယာဉ်ပေါ်တွင် လူခြောက်ဦးပါရှိကြောင်း အတည်ပြုခဲ့သည်။ လေယာဉ်ပျက်ကျမှုကြောင့် ဆရာဝန်နှစ်ဦး၊ လေယာဉ်မှူးနှစ်ဦးနှင့် လူနာတစ်ဦးတို့ သေဆုံးသွားခဲ့ကြကြောင်း NBC သတင်းဌာနက ဖော်ပြခဲ့သည်။
ကိုးကား-RT