ကနေဒါနိုင်ငံတွင် ပြင်းထန်သောအပူချိန်ကြောင့် အပူချိန် သတိပေးချက်များ ထုတ်ပြန်ခဲ့

News Image

  • ကနေဒါနိုင်ငံတွင် ပြင်းထန်သောအပူချိန်ကြောင့် အပူချိန် သတိပေးချက်များ ထုတ်ပြန်ခဲ့

အော့တဝါ ဇူလိုင် ၁၅ 
ကနေဒါနိုင်ငံတွင် ပြင်းထန်သော အပူချိန်ကြောင့် Environment Canada မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသူများ က အပူချိန်သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

Environment Canada ၏ အစီရင်ခံစာအရ အွန်တာရီယိုပြည်နယ်၊ ကွီဘက်ပြည်နယ်၊အတ္တလန် တိတ်ပြည်နယ်၊ တော်ရွန်တိုမြို့၊ အော့တဝါမြို့၊ မွန်ထရီရယ်မြို့ များအပါအဝင် အခြားမြို့နှင့် ပြည်နယ်အများအပြားတွင် ဇူလိုင် ၁၄ ရက်နေ့လယ်ပိုင်းတွင် အပူချိန် သတိပေးချက် အများအပြားကို ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။ အပူချိန် သတိပေးချက်များ အရ ထိုပြည်နယ်နှင့် မြို့ကြီးများတွင် နေ့အပူချိန်သည် ပုံမှန်အပူချိန် ၃၅  ဒီဂရီစင်တီဂရိတ်မှ ၄၂ ဒီဂရီစင်တီဂရိတ်ထိ မြင့်မားနိုင် ပြီး အဆိုပါအခြေအနေသည် ဇူလိုင် ၁၇ ရက်ထိ ဖြစ်ပေါ်နိုင်ကြောင်း နိုင်ငံပိုင် မိုးလေဝသဌာန ကခန့်မှန်းထားသည်။

အပူလွန်ကဲမှုက လူတိုင်းရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါ တယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ ပြင်ပမှာ အလုပ် ထွက်လုပ်ရသူတွေ အထူးဂရုစိုက်ရမဲ့ အခြေအနေဖြစ်တာကြောင့်အခုလိုသတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတာပါ”ဟု Environment Canada သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။

Ref: Sputnik News

Trs: KZ

YDNB Newspaper
Photo - CBC