တောင်ကိုရီးယားနိုင်ငံတွင် အပူလှိုင်း ဖြတ်သန်းမှုကြောင့် ဇူလိုင်လမှ ဩဂုတ်လထိလျှပ်စစ်မီတာခကို လျှော့ပေါ့ပေးသွားမည်

News Image

  • တောင်ကိုရီးယားနိုင်ငံတွင် အပူလှိုင်း ဖြတ်သန်းမှုကြောင့် ဇူလိုင်လမှ ဩဂုတ်လထိလျှပ်စစ်မီတာခကို လျှော့ပေါ့ပေးသွားမည်

ဆိုးလ် ဇူလိုင် ၁၅

တောင်ကိုရီးယားနိုင်ငံတွင် အပူလှိုင်းဖြတ်သန်းကာ အပူချိန်မြင့်တက်နေသည့်အတွက် နေအိမ်နှင့် စီးပွားရေးအဆောက်အအုံများ၌ အပူအအေးမျှတအောင်လေအေးပေးစက်များကို အချိန်ပြည့်ဖွင့်ထားရသည့်အတွက် လျှပ်စစ်မီတာခ ကုန်ကျစရိတ် ပိုမိုမြင့်မားလာမည်ဖြစ်သောကြောင့် ပြည်သူများ ကုန်ကျစရိတ်သက်သာစေရန်အတွက် အပူချိန်မြင့်တက်သည့် ဇူလိုင်လမှ ဩဂုတ်လအတွင်း လျှပ်စစ်မီတာခကို လျော့ပေါ့ပေးသွားမည်ဟု တောင်ကိုရီးယား အစိုးရအဖွဲ့က ထုတ်ပြန်ထားကြောင်း ယနေ့သတင်းများအရ သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင် အပူလှိုင်းဖြတ်သန်းကာ အပူချိန်မြင့်တက်မှုကြောင့် ကျန်းမာရေးလုံခြုံမှုကို ထိခိုက်စေနိုင်သည့် အခြေအနေရောက်ရှိနေပြီး တောင်ကိုရီးယားအစိုးရက ကျန်းမာရေး လုံခြုံမှု အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။ 
"နိုင်ငံအတွင်း အပူလှိုင်း ဖြတ်သန်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အပူချိန်ပမာဏဟာ စံချိန်တင် ပမာဏတစ်ရပ်ကို ရောက်ရှိသွားနိုင်ပါတယ်။ အပူချိန်မြင့်တက်လာမှုနဲ့အတူ လျှပ်စစ်စွမ်းအင်သုံးစွဲမှုနှုန်းကလဲ မြင့်တက်လာတယ်။ မှတ်တမ်းတွေအရ ဇူလိုင် ၈ရက် တစ်ရက်တည်းမှာတင် ၉၅ ဒသမ ၇ ဂီဂါဝပ်ထိ လျှပ်စစ်စွမ်းအင်သုံးစွဲ မှု မြင့်တက်ခဲ့တယ်။ လျှပ်စစ်စွမ်းအင်သုံးစွဲမှုလည်း ဆက်လက်ဖြင့်တက်လာဖွယ် ရှိနေပါတယ်။ အပူချိန် မြင့်တက်နေတဲ့ ဇူလိုင်လကနေ ဩဂုတ်လအတွင်း လျှပ်စစ်စွမ်း အင်သုံးစွဲမှု ဆက်လက်မြင့်တက်လာမှာဖြစ်တဲ့အတွက် ပြည်သူတွေကုန်ကျစရိတ် သက်သာစေဖို့ အတွက် ဒီကာလအတွင်း လျှပ်စစ်မီတာခကို လျှော့ပေါ့ပေးသွားမှာ ဖြစ်ပါတယ်”ဟု တောင်ကိုရီးယား ကုန်သွယ်ရေး၊ စက်မှုဇုန်၊ စွမ်းအင် နှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ကင်မ်ဝန်အီက ပြော ကြားခဲ့ကြောင်း သိရသည်။

Ref: Russia Today

Trs: Sai Sat

YDNB Newspaper

Photo - Korea JoongAng Daily