သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံ အာဆီယံ ရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ လာရောက်ဂါရဝပြုတွေ့ဆုံ

Source- MRTV 

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်သို့ အဆင့်(၅) အဆင့်ရှိ ဟာရီကိန်းမုန်တိုင်း မီတန် ဦးတည်ချဉ်းကပ်လာ

ဝါရှင်တန် ‌အောက်တိုဘာ ၉

ဟာရီကိန်းမုန်တိုင်း မီတန်သည် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်သို့ အဆင့်(၅)အဆင့်ရှိ မုန်တိုင်းအဖြစ် ဦးတည်ချဉ်းကပ်လာနေကြောင်း ယနေ့ အင်န်အိတ်ချ်ကေ သတင်းအရ သိရသည်။

မီတန်မုန်တိုင်းသည် နှစ် ၁၀၀ အတွင်း ဖလော်ရီဒါပြည်နယ်သို့ တိုက်ခတ်သည့် မုန်တိုင်းများတွင် အဆိုးရွားဆုံးမုန်တိုင်းတစ်ခု ဖြစ်လာနိုင်သည်ဟု သမ္မတဘိုင်ဒင်က သတိပေးပြောကြားသည်။ ယင်းဟာရီကိန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် မြေပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။ မုန်တိုင်းကြောင့် ရေလှိုင်းများ မြင့်တက်လာနိုင်သဖြင့် ကမ်းရိုးတန်းရှိ ဒေသခံများအား သတိပြုနေထိုင်ရန် တာဝန်ရှိသူများက ညွှန်ကြားထားသည်။

ဒေသခံတစ်သန်းကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားထားသည်။ ဒေသခံများအနေဖြင့် ယနေ့တွင် မုန်တိုင်းဆိုင်ရာ ကြိုတင်သတိပေးချက်များကို သတိပြုဆောင်ရွက်ပြီး ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန်အချိန်ရသေးကြောင်း ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က‌ ပြောကြားသည်။ 

သမ္မတဘိုင်ဒင်သည် အန်ဂိုလာနှင့် ဂျာမနီနိုင်ငံတို့သို့ သွားရောက်မည့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ပြီး မုန်တိုင်းကြိုတင်ကာကွယ်ရေး အစီအစဉ်များကို ဆောင်ရွက်ခဲ့သည်။ 

အင်န်အိတ်ချ်ကေ

Source- မြန်မာ့အလင်း

အမေရိကန် ပရန်စတန်တက္ကသိုလ်မှ  ပါမောက္ခဂျွန်ဟော့ဖီးနှင့် ကနေဒါနိုင်ငံ တိုရန်တို တက္ကသိုလ်မှ ပါမောက္ခဂျီရိုဖရီဟင်တန်တို့ ရူပ‌ဗေဒဆိုင်ရာ နိုဘယ်ဆုရရှိ

ယခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်ပရန်စတန်တက္ကသိုလ်မှ ဂျွန်ဟော့ဖီးနှင့် ကနေဒါနိုင်ငံ တိုရန်တိုတက္ကသိုလ်မှ ဂျီရိုဖရီဟင်တန်တို့အား ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီက ဉာဏ်ရည်တုနယ်ပယ်တွင် ၎င်းတို့၏ ရှာဖွေတွေ့ရှိမှုနှင့် တီထွင်ဖန်တီးမှုများကို ယခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆု ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ပရန်စတန်တက္ကသိုလ်မှ ဂျွန်ဟော့ဖီးသည် ဒီဇိုင်းပုံစံများကို သိမ်းဆည်းခြင်းနှင့် ပြန်လည်ဖန်တီးခြင်းအတွက် ကွန်ရက်တစ်ခုကို တီထွင်ခဲ့ကြောင်း တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီက ပြောသည်။

ကနေဒါနိုင်ငံ တိုရန်တိုတက္ကသိုလ်မှ ဂျီရိုဖရီဟင်တန်သည် ဆုံးဖြတ်ချက်များ ချနိုင်သည့် နျူရွန်များ (အာရုံကြောစနစ်များ)ဖြင့် အပြန်အလှန်ချိတ်ဆက်ထားသော ကွန်ရက်အမျိုးအစားတစ်ခုကို တီထွင်ခဲ့သည်။

၎င်းတို့၏ ရှာဖွေတွေ့ရှိချက်များသည် ဘာသာပြန်ခြင်းနှင့် မျက်နှာပုံဖတ်ခြင်းအပါအဝင် ယနေ့အသုံးပြုသည့် နည်းပညာသုံးသင်ယူမှုအမျိုးအစားများအတွက် အထောက်အကူဖြစ်စေကြောင်းသိရသည်။

ရူပဗေဒ နိုဘယ်ဆုရှင်များကို ၎င်းတို့၏လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းခန့် ချီးမြှင့်မည်ဖြစ်သည်။

ကိုးကား- အင်န်အိတ်ချ်ကေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့ရှိ နက္ခတ်တာရာပြခန်းအား အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှုနှင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ဥယျာဉ်အတွင်းရှိ နက္ခတ်တာရာပြခန်းသို့သွားရောက်၍ နက္ခတ်တာရာပြခန်းအား အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်ရန်ဆောင်ရွက်နေမှုအခြေအနေများနှင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဋ္ဌေးက နက္ခတ်တာရာပြခန်းသမိုင်းကြောင်းနှင့် ပြခန်းဆိုင်ရာအချက်အလက်များ၊ နက္ခတ်တာရာပြခန်းအား အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် နက္ခတ်တာရာပြခန်းအတွင်းရှိ ပြကွက်အလိုက်ပြသထားရှိမှုများနှင့် ကြယ်နက္ခတ်တာရာများကိုလေ့လာခြင်းပြကွက်တို့ကို ကြည့်ရှုကြသည်။

အဆိုပါ နက္ခတ်တာရာပြခန်းအား ဂျပန်မြန်မာချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ၁၉၈၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားလူငယ်များနှင့်ပြည်သူများ၊ နက္ခတ်တာရာသိပ္ပံဆိုင်ရာ ဗဟုသုတများတိုးပွားလာစေရေး၊ ပညာပေးရေးနှင့် အပန်းဖြေပျော်ရွှင်စေရေး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ နက္ခတ်တာရာပြခန်းအား အဆင့်မြှင့်တင်မှုများပြုလုပ်၍ အာကာသပြခန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်မြို့နှင့်ဒလမြို့တို့ကို ဆက်သွယ်ဖောက်လုပ်လျက်ရှိသည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းသို့ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က တံတားတည်ဆောက်ရေးစီမံကိန်း ဖြစ်ပေါ်လာပုံနှင့် တံတားဆိုင်ရာအချက်အလက်များ၊ စီမံကိန်း၏အကျိုးကျေးဇူးများ၊ ၂၀၂၃ ခုနှစ်၊ မေလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ဒလဘက်ကမ်းချဉ်းကပ်တံတားလုပ်ငန်းပြီးစီးမှု၊ ပင်မတံတားလုပ်ငန်းပြီးစီးမှု၊ တံတား၏အဓိကကျသည့် ရေလယ်တာဝါတိုင်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ရန်ကုန်ဘက်ကမ်းချဉ်းကပ်တံတားလုပ်ငန်း ပြီးစီးမှု၊ စီမံကိန်းလုပ်ငန်းအပိုင်းအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာ၌ အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တံတားတည်ဆောက်ရေးစီမံကိန်းသည် ပြည်သူများအတွက် အကျိုးပြုသည့်လုပ်ငန်းတစ်ခုဖြစ်သဖြင့် တံတားတည်ဆောက်မှုလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အပိုင်းအလိုက်ပြီးစီးစေရေးနှင့် တံတားကြံ့ခိုင်မှုကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာဖြင့်သွားလာနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ တံတားတွဲဆက်ခြင်းလုပ်ငန်းများ စနစ်တကျဖြစ်ရန်လိုကြောင်း၊ သင်္ဘောများ၏ ရေလမ်းကင်းလွတ်မှုကိုလည်း စနစ်တကျဆောင်ရွက်သွားရန်နှင့် ရေလယ်တာဝါတိုင်များ အန္တရာယ်ကင်းရှင်းရေးအတွက်လည်း ကြိုတင်စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အင်ဂျင်နီယာများအတွက် ဂုဏ်ပြုသစ်သီးခြင်းများကို ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တံတားတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အဆိုပါ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတားစီမံကိန်း တစ်ခုအကောင်အထည်ဖော်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအား စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တံတားအမျိုးအစားမှာ ကြိုးဆိုင်းတံတား (Cable - Stayed Bridge) အမျိုးအစားဖြစ်ကြောင်း၊ တံတားတည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့မှ ဒလ၊ တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ၊ ဒေးဒရဲတံတားမှတစ်ဆင့် ကမ်းခြေဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများသည်လည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာသွားမည်ဖြစ်ကြောင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ကဏ္ဍပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး ရန်ကုန်မြို့၏ အထင်ကရပြယုဂ် (Landmark) တစ်ခုလည်း ဖြစ်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်) သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်) သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား စက်ရုံအစည်းအဝေးခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ရန်ကုန်မြို့ပတ်လမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်) ၏ သမိုင်းအကျဉ်းနှင့် အချက်အလက်များ၊ မြို့ပတ်ရထားလမ်း၏သမိုင်းကြောင်းနှင့် အဆင့်မြှင့်တင်ရေးစီမံကိန်း၏ သမိုင်းကြောင်းများ၊ မြို့ပတ်ရထားများပြေးဆွဲသွားမည့်အစီအစဉ်များနှင့် ရထားလမ်းဆိုင်ရာအဆောက်အဦများ၊ ရထားလမ်းတစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် လေ့လာရေးအဖွဲ့၏တွေ့ရှိချက်များ၊ မြို့ပတ်လျှပ်စစ်ရထားအတွက် သုံးသပ်တင်ပြချက်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီးဦးအောင်မြိုင်က အဓိကမီးရထားလမ်းပိုင်းများ၌ မြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရေး  ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ မြန်မာ့မီးရထား၏နောက်ခံအခြေအနေ၊ လမ်းပိုင်းဆိုင်ရာအချက်အလက်များနှင့် လိုအပ်ချက်များ၊ စက်ခေါင်း၊ တွဲနှင့် DEMU (Rolling Stock) များ၏ စက်မှုပိုင်းဆိုင်ရာလိုအပ်ချက်များ၊ အချက်ပြနှင့်သွားလာရေးစနစ်ဆိုင်ရာလိုအပ်ချက်များနှင့် သုံးသပ်ချက်များကိုလည်းကောင်း၊ မြန်မာ့မီးရထား၊ တိုင်းအသီးသီးရှိလမ်းပိုင်းများတွင် ကွန်ကရစ်ဇလီဖားတုံးများ ထုတ်လုပ်၊ လဲလှယ်နိုင်ရေး ဆောင်ရွက်မည့်အစီအမံနှင့်ပတ်သက်၍ ကွန်ကရစ်ဇလီဖားစက်ရုံများ၏ထုတ်လုပ်နိုင်မှုနှင့် ဖြန့်ဝေနိုင်မှု၊ လမ်းပိုင်းများ၌ ကွန်ကရစ်ဇလီဖားတုံးများထည့်သွင်းထားရှိမှု၊ လမ်းပိုင်းများအားလုံးတွင် သံလမ်းတစ်ဆက်လျှင် ကွန်ကရစ်ဇလီဖား ၂၁ တုံး အပြည့်ဖြည့်တင်းနိုင်ရေးအတွက် ထပ်မံလိုအပ်ချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဓိကမီးရထားလမ်းပိုင်းများတွင် တစ်နာရီလျှင် ၈၀ ကီလိုမီတာအထိမြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရေးဆောင်ရွက်ရာတွင် အချို့လမ်းပိုင်းအကွေ့နေရာများအား အမြန်နှုန်းကန့်သတ်ချက်များကိုက်ညီမှုရှိစေရေး လမ်းပိုင်းအလိုက် သုတေသနပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါအမြန်နှုန်းနှင့် ကိုက်ညီမှုမရှိသည့် ရထားလမ်းနေရာများ၊ တံတားနေရာများကိုလည်း လေ့လာဆန်းစစ်ခြင်းများဆောင်ရွက်၍ မိမိတို့နိုင်ငံရှိလမ်းပိုင်းများနှင့်ကိုက်ညီသည့် အမြန်နှုန်းစံတစ်ခုကို သတ်မှတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ မီးရထားသယ်ယူပို့ဆောင်ရေးသည် ၁၈၇၇ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်သော်လည်း အခြားနိုင်ငံများနှင့် ယှဉ်ကြည့်ပါက ရထားသယ်ယူပို့ဆောင်ရေးစနစ်များ နောက်ကျနေဆဲဖြစ်ကြောင်း၊ မီးရထားသယ်ယူပို့ဆောင်ရေးတွင် ရထားလမ်းသည် အဓိကအရေးကြီးပြီး သတ်မှတ်စံချိန်စံညွှန်းများအတိုင်းကိုက်ညီသည့် ကျောက်များ၊ ဇလီဖားတုံးများဖြည့်သွင်းပေးခြင်း၊ ကြံ့ခိုင်မှုကောင်းမွန်အောင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားရန်လိုကြောင်း။

မိမိတို့အနေဖြင့် အမြန်နှုန်းတစ်နာရီလျှင် ၈၀ ကီလိုမီတာအထိ မြန်နှုန်းမြှင့်တင် မောင်းနှင်နိုင်ရေး စံသတ်မှတ်ဆောင်ရွက်သွားရန်လိုပြီး ကုန်ရထားတွဲများအား တစ်နာရီလျှင် ၆၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒီဇယ်လျှပ်စစ်သုံး (DEMU) စက်ခေါင်းများ၊ ရထားတွဲများကိုလည်း ပြည်တွင်း၌ တည်ဆောက်ထုတ်လုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မီးရထားစက်ခေါင်းများနှင့်ရထားတွဲများ ကောင်းမွန်ရန်လိုသကဲ့သို့ ရထားလမ်းများစနစ်တကျဖြင့် ကောင်းမွန်ချောမွေ့မှုရှိစေရေးကိုလည်း အမြဲမပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ လျှပ်စစ်ရထား (EMU) ပြေးဆွဲနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေးသည် မလွဲမသွေပြောင်းလဲရမည့် လုပ်ငန်းရပ်တစ်ခုဖြစ်ပြီး စီမံကိန်းအောင်မြင်စေရေးအတွက် လိုအပ်သည်များကို ဆက်လက်သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း။

ရထားလမ်းများကောင်းမွန်ပြီး အချိန်မှန်မှန်ဖြင့် ပြေးဆွဲနိုင်မည်၊ မြန်နှုန်းမြင့်စွာဖြင့် ပြေးဆွဲနိုင်မည်ဆိုပါက ရထားသယ်ယူပို့ဆောင်ရေးကို အများပြည်သူများက ပိုမိုသုံးစွဲလာမည်ဖြစ်ကြောင်း၊ ရထားများအား သတ်မှတ်အမြန်နှုန်းအတိုင်း မောင်းနှင်နိုင်ရေးအတွက် Level Crossing နေရာများလျှော့ချခြင်း၊ Underpass များ တည်ဆောက်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပြီး ရထားလမ်းနယ်များ၌လည်း ဥပဒေသတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း ဖြစ်ရန်လိုကြောင်း၊ ရထားဘူတာများ၊ ရထားမြေများအားလုံး၌လည်း သွားလာနေထိုင်မှုများအားလုံး စည်းကမ်းစနစ်တကျအတိုင်း ဖြစ်ရန်လိုကြောင်း၊ ရထားလမ်းနယ်များ၌ မျက်စိပသာဒဖြစ်စေရေး၊ မြေထိန်းသိမ်းမှုဖြစ်စေရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းများကို စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားပို့ဆောင်ရေးစနစ်သည် တိုင်းပြည်တစ်ခု၏ အဓိကကျသည့် ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ပြီး အကျိုးရှိသည့်စနစ်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ရထားပို့ဆောင်ရေးစနစ် တစ်ခေတ်ပြန်လည်ဆန်းသစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စပိန်နိုင်ငံမှရောက်ရှိလာသည့် DEMU ရထားတွဲဆိုင်းအသစ်များအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်သိပ္ပံပညာရှင်နှစ်ဦး ဆေးပညာဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခံရ

အမေရိကန်သိပ္ပံပညာရှင်နှစ်ဦးသည် မျိုးရိုးဗီဇထိန်းညှိမှုတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်သည့် microRNA မော်လီကျူးများကို ရှာဖွေတွေ့ရှိမှုအတွက် ယခုနှစ် ဆေးပညာဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခဲ့သည်။

မက်ဆာချူးဆက် ဆေးကျောင်းမှ ပါမောက္ခ ဗစ်တာအမ်းဘရော့စ်နှင့် ဟားဗက်ဆေးကျောင်းမှ ပါမောက္ခဂယ်ရီရုဗ်ကွန်တို့သည် ပူးတွဲဆုရရှိသူများဖြစ်ကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ အောက်တိုဘာ ၇ ရက်တွင် ကျင်းပသည့် နိုဘယ်ညီလာခံတွင် ကြေညာခဲ့သည်။

 microRNA မော်လီကျူးများသည် မျိုးရိုးဗီဇလုပ်ဆောင်မှုများကို ထိန်းညှိပေးကြောင်း အဆိုပါသိပ္ပံပညာရှင်နှစ်ဦးက တွေ့ရှိခဲ့သည်။ ၎င်းတို့၏ သုတေသနပြုချက်တွင် microRNA သည် လူသားများ၏ မျိုးရိုးဗီဇ ထိန်းညှိမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

နောက်ဆက်တွဲ သုတေသနပြုချက်များအရ microRNA မှ ပုံမှန်မဟုတ်သော ထိန်းညှိမှုသည် ကင်ဆာဖြစ်စေနိုင်ပြီး ကိုယ်တွင်းအင်္ဂါများနှင့် အရိုးများဖွံ့ဖြိုးမှုတွင် မူမမှန်မှုများကို ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့သည်။

၎င်းတို့နှစ်ဦး၏ ရှာဖွေတွေ့ရှိမှုသည် လူသားများအပါအဝင် သက်ရှိများအတွက် မရှိမဖြစ်လိုအပ်သော မျိုးဗီဇစည်းမျဉ်းဆိုင်ရာ နိယာမအသစ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း ညီလာခံက ပြောကြားခဲ့သည်။ microRNA သည် သက်ရှိများ ဖွံ့ဖြိုးပုံနှင့် လုပ်ဆောင်ပုံအတွက် အခြေခံအားဖြင့် အရေးကြီးကြောင်း သက်သေပြနေသည်ဟုလည်း ညီလာခံက ဆိုသည်။

ဗီယက်နမ်သို့ ကိုးလအတွင်း ကမ္ဘာလှည့်ခရီးသည် ၁၂ ဒသမ ၇ သန်းလာရောက်

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ ကိုးလအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၁၂ ဒသမ ၇ သန်းကျော် ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကထက် ၄ ဒသမ ၃ ရာခိုင်နှုန်းတိုးလာကြောင်း အထွေထွေစာရင်းအင်းရုံးမှ ထုတ်ပြန်သည်။

ယင်းကာလအတွင်း ဗီယက်နမ်နိုင်ငံသို့ ပြည်ပမှ လေကြောင်းဖြင့် ဝင်ရောက်သူ ၁၀ ဒသမ ၈ သန်းနီးပါး(ခရီးသည်စုစုပေါင်း၏ ၈၄ ဒသမ ၉ ရာခိုင်နှုန်း)၊ ကုန်းလမ်းဖြင့် ၁ ဒသမ ၈ သန်း (၁၃ ဒသမ ၈ ရာခိုင်နှုန်း)နှင့် ပင်လယ်ရေ‌ကြောင်းမှ ၁၆၅၇၀၀ (၃ ရာခိုင်နှုန်း)ရှိသည်။ ခရီးသည်လူအများစုမှာ အာရှဒေသမှဖြစ်ပြီး ခရီးသည် ၁၀ ဒသမ ၁၂ သန်းရှိကာ ယမန်နှစ်ကထက် ၄၇ ဒသမ ၇ ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာကဆိုသည်။ ပြီးခဲ့သည့် စက်တင်ဘာလတွင် ဗီယက်နမ်သို့ နိုင်ငံတကာခရီးသွားဧည့်သည် ၁ ဒသမ ၂၇ သန်း လာရောက်ခဲ့သဖြင့် ခရီးသည် ၁ ဒသမ ၄၃ သန်းဝင်ရောက်ခဲ့သည့် ဩဂုတ်လနှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့နည်းခဲ့ကြောင်း အဆိုပါရုံးကပြောသည်။

စက်တင်ဘာလတွင် ခရီးသွားဦးရေ ကျဆင်းခဲ့သော်လည်း ယခုနှစ်တွင် နိုင်ငံတကာ ခရီးသွား ၁၇ သန်းမှ ၁၈ သန်းအထိ ဆွဲဆောင်နိုင်ရန် ရည်ရွယ်ထားပြီးလွန်ခဲ့သည့် သုံးလအတွင်း ဗီယက်နမ်သို့ ခရီးသည်ဝင်ရောက်မှု အမြင့်ဆုံးရာသီဖြစ်ကြောင်း ဗီယက်နမ်သတင်းက အောက်တိုဘာ ၇ ရက်တွင် ဖော်ပြသည်။

ယခုနှစ်တွင် နိုင်ငံတကာခရီးသွား ၁၈ သန်း ဝင်ရောက်ရန် ရည်မှန်းချက်ပြည့်မီ တော့မည်ဖြစ်ကြောင်း ဗီယက်နမ်အမျိုးသားခရီးသွားလုပ်ငန်း စီမံကွပ်ကဲမှုဌာန၏ လက်ထောက် ညွှန်ကြားရေးမှူး ငုယင်လီဖူက ပြောကြားသည်။

ဆင်ဟွာ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအနီးရှိ ဝက်အင်းနဂါးရွှံ့မီးတောင် ပေါက်ကွဲမှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေး၀-ရွာအနီးတွင် ဒေသအခေါ် ဝက်အင်းနဂါးအမည်ရှိ ရွှံ့မီးတောင် ၄ ခုပါ မီးတောင်အုပ်စုမှ မြောက်ဘက်အစွန်ဆုံးမီးတောင်သည် အောက်တိုဘာလ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် မိနစ် ၃၀ ကြာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ ရွှံ့ရည်ပူများသည် အမြင့်ပေ ၁၀ ပေခန့်အထိ လွင့်စင်ပေါက်ထွက်ခဲ့ပြီး ရွှံ့မီးတောင်၏ဘေးပတ်လည် ၃၀၀ ပေခန့် ရွှံ့ချော်ရည်များ ဖုံးလွှမ်းခဲ့သည်။ အဆိုပါမီးတောင်ပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် လယ်ယာမြေစိုက်ခင်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရှိရသည်။

ရမ်းဗြဲကျွန်း၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအနီးတွင် ဝက်အင်းနဂါးရွှံ့မီးတောင်အုပ်စု၊ ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် သပြေတောနဂါးရွှံ့မီးတောင်အုပ်စု ၃ ခုရှိပြီး ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် ဝက်အင်းနဂါးရွှံ့မီးတောင်အုပ်စုတို့မှာ အများဆုံးပေါက်ကွဲလေ့ရှိကြောင်း၊ ရွှံ့မီးတောင်များ၏ အမြင့်များမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၀ မီတာမှ ၆၀ မီတာခန့် အထိရှိကြောင်း၊ ရွှံ့မီးတောင်သည် မီးတောင်ပေါက်ကွဲရန် ပံ့ပိုးပေးသည့် ကုန်းမြေထုလှုပ်ရှားမှုနှင့် မြေအောက်ဓာတ်ငွေ့များစုစည်းကာ ပေါက်ကွဲထွက်လာမှုတို့ကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်းနှင့် ယခုပေါက်ကွဲခဲ့သည့် ဝက်အင်းနဂါးရွှံ့မီးတောင်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် နောက်ဆုံးအကြိမ်ပေါက်ကွဲခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ(၆)ကြိမ် ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

ဘရာဇီးမြို့တော်၌ မိုးမရွာသည်မှာ ရက်ပေါင်း ၁၆၄ ရက်ဖြင့် အရှည်ကြာဆုံး မိုးခေါင်မှုအဖြစ် စံချိန်တင်

ဘရာဇီးနိုင်ငံ ဘရာဆီးလီးယားမြို့၌ မိုးမရွာဘဲ ရှိသည်မှာ ရက်ပေါင်း ၁၆၄ ရက် ဆက်တိုက်ရှိပြီဖြစ်ပြီး အကြာဆုံး ခြောက်သွေ့မှုအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း အမျိုးသား မိုးလေဝသ အင်စတီကျုက အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကာလရှည်ကြာ မိုးခေါင်မှုသည် တောမီးလောင်မှုနှင့် မြက်ခင်းပြင်များ မီးလောင်မှုကို ဖြစ်ပေါ်စေသည်။ ဩဂုတ်လလယ်ပိုင်းမှစတင်ကာ နိုင်ငံအနှံ့ ဒေသများတွင် တောမီးလောင်မှုများ ပျံ့နှံ့လာခဲ့သည်။ ၁၉၆၃ ခုနှစ်ကလည်း ဘရာဆီးလီးယားမြို့၌ ၁၆၃ ရက်တိုင်တိုင် မိုးမရွာဘဲ မိုးခေါင်မှု ဖြစ်ပွားခဲ့သည်။ 

ဘရာဆီးလီးယားမြို့သည် ဘရာဇီးနိုင်ငံအလယ်ပိုင်းဒေသတွင်ရှိပြီး ယခုအခါ အလွန် အမင်း ပူပြင်းခြင်းနှင့် စိုထိုင်းဆနည်းခြင်းဟူသော ခြိမ်းခြောက်မှုနှစ်ခုနှင့် ရင်ဆိုင်နေရသည်။ အာဏာပိုင်များက လိမ္မော်ရောင်အဆင့် သတိပေးမှုထုတ်ပြန်ထားပြီး အပူချိန် ၃၅ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထက် ကျော်လွန်ကာ စိုထိုင်းဆ ၁၅ ရာခိုင်နှုန်းကျဆင်းနေသည်။ ယခင်နှစ်ကနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်အတွင်း ဘရာဆီးလီးယားမြို့၌ တောမီးလောင်မှုမှာ ၂၆၉ ရာခိုင်နှုန်း တိုးလာသည်ဟု အမျိုးသားအာကာသသုတေသနအင်စတီကျု၏ အစီရင်ခံစာအရ သိရသည်။

အောက်တိုဘာ ၈ ရက်တွင် မိုးရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။ ဘရာဆီးလီးယား သည် ယခုနှစ်အတွင်း စံချိန်တင် တောမီး‌လောင်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ 