ယူကရိန်း ပဋိပက္ခအား ငြိမ်းချမ်းစွာဖြေရှင်းရန် မည်သည့်အခါမျှ ငြင်းဆိုခဲ့ခြင်းမရှိဟု ဗလာဒီမာပူတင်ပြော

News Image

  • ယူကရိန်း ပဋိပက္ခအား ငြိမ်းချမ်းစွာဖြေရှင်းရန် မည်သည့်အခါမျှ ငြင်းဆိုခဲ့ခြင်းမရှိဟု  ဗလာဒီမာပူတင်ပြော

ရုရှားနိုင်ငံသည် ယူကရိန်းပဋိပက္ခအား ငြိမ်းချမ်းစွာဖြေရှင်းရန် မည်သည့်အခါမျှ ငြင်းဆိုခဲ့ခြင်း မရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

ယူကရိန်းပဋိပက္ခအပါအဝင် အခြားအကျပ်အတည်းများကို ငြိမ်းချမ်းစွာဖြင့် ဖြေရှင်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ရုရှားက မည်သည့်အခါမျှ လက်လျှော့ပေးခြင်းမရှိကြောင်း၊ ထိုသို့ လုပ်ဆောင်ရန် အတွက်လည်း ရုရှားနိုင်ငံက အစဉ်ပြောကြားခဲ့ကြောင်း ပူတင်က ပြည်ထောင်စု လုံခြုံရေးအဖွဲ့၏ တွေ့ဆုံဆွေးနွေးပွဲတစ်ခု၌ ပြောကြားခြင်းဖြစ်သည်။

ယူကရိန်းအရေးတွင်သာမက အခြားကမ္ဘာ့ရေးရာ ကိစ္စရပ်များတွင်လည်း နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါကြောင်း  သမ္မတပူတင်က ဆက်လက်ပြောကြားသည်။

ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့၏ နိုင်ငံရေးအရပြင်းပြသည့် စိတ်ဆန္ဒသည် ယူကရိန်းနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်စေမည့် အဓိကသော့ချက်ဖြစ်သည်ဟု ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ မက်ဗီဒက်က ဖေဖော်ဝါရီလ ၂၇  ရက်တွင်  ပြောကြားခဲ့ကြောင်း သိရသည်။

Source: Myawady Web Portal