ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုဂူးနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် အာရှ-ပစိဖိတ်ဒေသအတွင်း နေတိုးမဟာမိတ်အဖွဲ့၏ တိုးချဲ့ရေးကို ဆန့်ကျင်ကြောင်း ပြောကြား

News Image

  • ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုဂူးနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် အာရှ-ပစိဖိတ်ဒေသအတွင်း နေတိုးမဟာမိတ်အဖွဲ့၏ တိုးချဲ့ရေးကို ဆန့်ကျင်ကြောင်း ပြောကြား

ရုရှားလုံခြုံရေးကောင်စီရုံး၏ သတင်းထုတ်ပြန်ချက်အရ ဆွေးနွေးမှုများ အတွင်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုဂူးနှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်တို့သည် အာရှ-ပစိဖိတ်ဒေသအတွင်း နေတိုး၏ တာဝန်ယူမှုနယ်မြေ တိုးချဲ့ခြင်းကို ခွင့်မပြုနိုင်ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။

“အာရှ-ပစိဖိတ်ဒေသရှိ အခြေအနေများကို ဆွေးနွေးရာတွင် အထူး အာရုံ စိုက်ခဲ့ပါသည်။ အရှေ့တောင်အာရှနိုင်ငံများရှိ လုံခြုံရေးအခြေအနေနှင့် ပတ်သက်၍ ယုံကြည်မှုရှိရှိ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

“အာရှ-ပစိဖိတ်ဒေသအတွင်း နေတိုး၏ တာဝန်ယူမှုနယ်မြေ တိုးချဲ့ခြင်းကို ခွင့်မပြုနိုင်ကြောင်း၊ဒေသတွင်းအာဆီယံဗဟိုပြုလုံခြုံရေး တည်ဆောက် ပုံကို ထိန်းသိမ်းရန် အရေးကြီးကြောင်းနှင့် အာရှတွင် ပေါ်ပေါက်လာနေ သော ကျဉ်းမြောင်းသော ပိတ်ဆို့ထားသည့် ပုံစံများမှ ဖြစ်ပေါ်လာသော အန္တရာယ်များကို အလေးပေးပြောကြားခဲ့သည်” ဟု သတင်းထုတ်ပြန်ချက် တွင် ထပ်လောင်းဖော်ပြထားပါသည်။

ကိုးကား - RIA Novosti