ဗြိတိန်နှင့် ပြင်သစ်တို့သည် ယူကရိန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင် ၃၀,၀၀၀ အထိ စေလွှတ်ရန် အစီအစဉ်ကို မူကြမ်းရေးဆွဲနေကြောင်း The Wall Street Journal သတင်းစာက ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် အမည်မဖော်လိုသော EU အရာရှိများ၏ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

သို့သော် အဆိုပါ အစီအစဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ရေးပါဝင်မှု ကန့်သတ်ချက်များအပေါ် မူတည်နေကြောင်း အစီရင်ခံစာ ကဖော်ပြသည်။ ဝါရှင်တန်သည် ယူကရိန်းသို့ စစ်သည်များစေလွှတ်ရန် ပယ်ချထားသော်လည်း ဗြိတိန်နှင့် ပြင်သစ်တို့က အမေရိကန်သည် အရေးကြီးသောပံ့ပိုးမှုများ အထူးသဖြင့် လေကြောင်းကာကွယ်ရေး၊ ထောက်ပံ့ရေးနှင့် ထောက်လှမ်းရေးတို့တွင် ကန့်သတ်ထားသော တပ်ဖွဲ့ တစ်ခုကို ထောက်ပံ့ရန် သဘောတူညီမည်ဟု မျှော်လင့်နေသည်။
EU တာဝန်ရှိသူများက အဆိုပါအစီအစဉ်သည် Trump ၏ သဘောတူညီချက်အပေါ် များစွာမူတည်နေသည်ဟု သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရှိရသည်။
ကိုးကား-RT

သီရိလင်္ကာနိုင်ငံတွင် အမည်ဆိုးနှင့် ကျော်စောသည့် လူဆိုးဂိုဏ်းခေါင်းဆောင် ကိုရှေ့နေအဖြစ် ဟန်ဆောင်ထားသည့် သေနတ်သမားက တရားခွင်ထဲ ဝင်ရောက်ပစ်သတ်လိုက်ပါသည်။

အဆိုပါ သေနတ်သမားသည် အမျိုုးသမီးတစ်ဦးကိုင်ဆောင်သည့် စာအုပ်ထဲတွင် ခြောက်လုံးပြူးသေနတ်ကို လျှို့ဝှက်ထည့်သွင်းယူဆောင်လာ ခဲ့ကြောင်း သိရှိရပါသည်။ ခြောက်လုံးပြူးသေနတ်ကို သယ်ဆောင်နိုင်ရန်အတွက် စာအုပ်ထူထူကို အတွင်း၌ ခေါင်းပေါက်ထွင်းပြီး သိုဝှက်ခဲ့သည့် သံသယတရားခံ အမျိုးသမီးသည်လည်း ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါသည်။ လူဆိုးဂိုဏ်းခေါင်းဆောင်သည် ဆန်ဂျီး၀ကူမာရ ဆာမာ ရာရက်နေး ဆိုသူဖြစ်ပြီး တရားခွင်ကို ရဲလုံခြုံရေး အစောင့်များနှင့် ခေါ်ထုတ်လာချိန်တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပါသည်။ ၎င်းသည် လူသတ်မှု အများအပြားအတွက် တရားစွဲဆိုခံထားရခြင်းဖြစ်ပါသည်။ ပစ်ခတ်ခံ ရပြီး ဆေးရုံကို ပို့ဆောင်စဉ်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ပါသည်။ ပစ်ခတ် လုပ်ကြံသူ သေနတ်သမားသည် ပစ်ခတ်မှုအပြီး ထွက်ပြေးခဲ့သော်လည်း ဖမ်းမိခဲ့ပါသည်။ နောက်ထပ် သံသယတရားခံ အမျိုးသမီးတစ်ဦးကတော့ အသက် (၂၅) နှစ်အရွယ်ရှိသူ ဒီဝက်အစ္စဟာရာဆီဝန်ဒီ ဟု သိရှိရ ပါသည်။ အဆိုပါ အမျိုးသမီးကို ဖမ်းမိရန် သတင်း ပေးနိုင်ပါက ဆုငွေချီးမြှင့်မည် ဖြစ်ကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့က ကြေညာထားပါသည်။ သီရိလင်္ကာ တွင် ပြိုင်ဘက် လူဆိုးဂိုဏ်းများအကြား အကြမ်းဖက်မှုကြောင့် လုံခြုံရေး ပျက်ပြားမှုများ ဖြစ်နေပါသည်။ ဖေဖော်ဝါရီ ၁၉ ရက်(ဗုဒ္ဓဟူးနေ့)တွင် ကျင်းပသည့် ပါလီမန်တွင် အတိုက်အခံအမတ်များက ယခုလို ဖြစ်စဉ်သည် နိုင်ငံအတွက် အရေးတကြီး ကိုင်တွယ်ဖြေရှင်းရမည့် လုံခြုံရေးကိစ္စရပ်ဟု သတ်မှတ်၍ အကြိတ်အနယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ကိုးကား-One News Myanmar

နေတိုးအဖွဲ့သည် ရုရှားနိုင်ငံ၏ ဆိပ်ကမ်းအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မည့် အလားအလာရှိသော တိုက်ခိုက်ရေး စစ်ဆင်ရေးအတွက် အစီအစဉ်များရေးဆွဲနေသည်ဟု ရုရှားနိုင်ငံလုံခြုံရေး ကောင်စီ လက်ထောက်အတွင်းဝန် ဂရီဂိုရီမိုလ်ချန်နော့ဗ်က ပြောကြားခဲ့ ပါသည်။ အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့သည် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး၊ရေနံချက်စက်ရုံကြီးများ၊ လောင်စာဆီပို့ဆောင်ရန် ရည်ရွယ်ထားသော ရထားလမ်းများနှင့် တံတားကြီးများကို ပစ်မှတ်ထားရန် အတွက် ၎င်းတို့၏စွမ်းရည်များကို မြှင့်တင်နေသည်ဟု ဂရီဂိုရီမိုလ် ချန်နော့ဗ်က ဆိုသည်။ ရုရှား၏ဆိပ်ကမ်း အခြေခံအဆောက်အအုံများ အတွက် ခြိမ်းခြောက်မှုများ
နေတိုးအဖွဲ့သည် ရုရှားနိုင်ငံ၏ ဆိပ်ကမ်းအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မည့် အလားအလာရှိသော တိုက်ခိုက်ရေး စစ်ဆင်ရေးအတွက် အစီအစဉ်များရေးဆွဲနေသည်ဟု ရုရှားနိုင်ငံလုံခြုံရေး ကောင်စီ လက်ထောက်အတွင်းဝန် ဂရီဂိုရီမိုလ်ချန်နော့ဗ်က ပြောကြားခဲ့ ပါသည်။ အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့သည် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး၊ရေနံချက်စက်ရုံကြီးများ၊ လောင်စာဆီပို့ဆောင်ရန် ရည်ရွယ်ထားသော ရထားလမ်းများနှင့် တံတားကြီးများကို ပစ်မှတ်ထားရန် အတွက် ၎င်းတို့၏စွမ်းရည်များကို မြှင့်တင်နေသည်ဟု ဂရီဂိုရီမိုလ် ချန်နော့ဗ်က ဆိုသည်။ ရုရှား၏ဆိပ်ကမ်း အခြေခံအဆောက်အအုံများ အတွက် ခြိမ်းခြောက်မှုများတွင် ပင်လယ်နက်၌ ယူကရိန်း၏ ရေအောက် သုံးဒရုန်းများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုများလည်း ပါဝင်ကြောင်း ၎င်းကမှတ်ချက်ပြုခဲ့ပါသည်။ ထို့အပြင် နေတိုးအဖွဲ့သည် ပင်လယ်ပြင်၌ စစ်ဆင်ရေးများလုပ်ဆောင်ရန် ရည်ရွယ်ချက်အတွက် အစီအစဉ်များကို ရေးဆွဲနေပြီး အဆိုပါအစီအစဉ်များကို မြေပြင်၊ ဝေဟင်၊ ပင်လယ်၊ အာကာသတို့အပြင် တိုက်ခိုက်ရေးပတ်ဝန်းကျင် အမျိုးအစားအသစ် တစ်ခု အဖြစ် ရှုမြင်ထားကြသည်ဟု ၎င်းကပြောခဲ့ပါသည်။ အဆိုပါ ခြိမ်းခြောက်မှု များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ရေအောက်နှင့် ဆိပ်ကမ်းများ အတွက် အရေးပါသော အခြေခံအဆောက်အအုံများအပေါ် ခြိမ်းခြောက်မှု များလုပ်ဆောင်နိုင်သည့် နိုင်ငံခြားတိုင်းပြည်များ၏ လုပ်ဆောင်ချက်များ အပေါ် နီးကပ်စွာစောင့်ကြည့်ရန်နှင့် အခြေခံအဆောက်အအုံများ၏ကာကွယ်ရေးစနစ် ထိရောက်မှုများကိုတိုးမြှင့်ရန် ရုရှားလုံခြုံရေးကောင်စီ က အကြံပြုထားကြောင်း ၎င်းက ထပ်မံပြောကြားခဲ့ပါသည်။
ကိုးကား-NP News

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် အနောက်ဘက်ကမ်းခြေတွင် စစ်ဆင်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အစ္စရေးစစ်တပ်ကို အမိန့်ပေးလိုက်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၀ ရက်က အစ္စရေးနိုင်ငံ တဲအဲဗစ် မြို့ကို မောင်းနှင်လာသည့် ဘတ်စ်ကားပေါ်တွင် ပေါက်ကွဲမှု ဖြစ်လာခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် အနောက်ဘက်ကမ်းခြေကို စစ်ဆင်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဘတ်စ်ကားပေါ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုသည် လူအများပြား သေဆုံးစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း မျိုးဖြစ်ကြောင်း ပြောသည်။

တဲအဲဗစ်မြို့အစွန်ရှိ အစ္စရေး ဆင်ခြေဖုံးရပ်ကွက်နားက ဘတ်စ်ကား သုံးစီးပေါ်တွင် ပေါက်ကွဲမှုများ ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပေါက်ကွဲ စေသောပစ္စည်းများကိုလည်း ဘတ်စ်ကားတစ်စီးအပေါ်တွင် ထပ်မံတွေ့ရှိ ခဲ့ ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ဘတ်စ်ကားများပေါ်တွင် လူများမရှိသည့်အတွက် အသက်သေဆုံးခြင်းများ မရှိခဲ့ကြောင်း သိရသည်။ အစ္စရေး စစ်တပ်က လက်ရှိအချိန်တွင် ဘက်စ်ကားများပေါ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အစ္စရေးစုံစမ်းထောက်လှမ်းရေးအဖွဲ့က စုံစမ်း စစ်ဆေးနေကြောင်းပြောသည်။ ဘတ်စ်ကားများပေါ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး ဝန်ခံထားသည့် လက်နက်ကိုင်အဖွဲ့အစည်း မရှိသေးကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ်သည် ဘတ်စ်ကား သုံးစီးပေါ်တွင်ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၁ ရက်တွင် အစ္စရေး ထောက်လှမ်းရေးအကြီးအကဲ၊ အစ္စရေးရဲတပ်ဖွဲ့အကြီးအကဲ၊ အစ္စရေး စစ်တပ်အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အစ္စရေး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပေါက်ကွဲစေသော ပစ္စည်းများသည် အချိန်ကိုက်ပြုလုပ်ထားသည့်ဗုံးများဖြစ်ပြီး လူအများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ပစ်မှတ်ထားကာ တိုက်ခိုက်ခြင်းမျိုး ဖြစ်ကြောင်း သတင်းများအရ သိရှိရပါသည်။
ကိုးကား- NP News

ဘရာဇီးသမ္မတ Luiz Inacio Lula da Silva သည် ဂျာမနီဝန်ကြီးချုပ် Olaf Scholz က ယူကရိန်းအတွက် လက်နက်ရောင်းချပေးရန် ကမ်းလှမ်းလာမှုကို ငြင်းပယ်လိုက်ပါသည်။ မိမိအနေဖြင့် ရုရှား သို့မဟုတ် မည်သူ့ကိုမျှ သတ်ရန်အတွက် လက်နက်များ ရောင်းချမည်မဟုတ်ကြောင်း ပြောကြားလိုက်ပါသည်။
Lula da Silva သည် ဖေဖော်ဝါရီ ၁၉ ရက် (ဗုဒ္ဓဟူးနေ့)က ပေါ်တူဂီ ဝန်ကြီးချုပ် Luis Montenegro နှင့် ပူးတွဲ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ရုရှား-ယူကရိန်းစစ်ပွဲ တင်းမာမှု လျော့ပါးစေရန် ဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဂျာမနီသည် ယူကရိန်းအတွက် အဓိကထောက်ပံ့နေသည့်နိုင်ငံဖြစ်ပြီး စစ်ပွဲစတင်ကတည်းက ဘီလီယံများစွာ တန်သော စစ်လက်နက်များ ပံ့ပိုးပေးခဲ့ပါသည်။
ပြီးခဲ့သည့်လက ဘရာဇီးသမ္မတ Lula da Silva သည် ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် မော်စကို၌ ကျင်းပမည့် ဒုတိယကမ္ဘာစစ်တွင် အနိုင်ရရှိမှု နှစ် ၈၀ ပြည့်အခမ်းအနား ( Victory in World War II) တက်ရောက်ရန် ရုရှား၏ ဖိတ်ကြားချက်ကို လက်ခံခဲ့ပြီး အခမ်းအနား တက်ရောက်မည် ဖြစ်ကြောင်း ပြောကြားထားပါသည်။
ကိုးကား- RT

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံနှင့် နျူကလီးယား လက်နက်လုံခြုံရေးအပါအဝင် ကျယ်ပြန့်သော သဘောတူညီချက်တစ်ရပ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြောင်း အမေရိကန် အစိုးရ အကြံပေးများ၏ ပြောဆိုချက်များကိုကိုးကားပြီး New York Times သတင်းစာက ရေးသားဖော်ပြခဲ့သည်။
အဆိုပါသဘောတူညီချက်သည် ကုန်သွယ်ရေး၊ များပြားသော တရုတ် ရင်းနှီးမြှုပ်နှံမှုများ ပေါင်းစပ်ခြင်းနှင့် အမေရိကန်ကုန်ပစ္စည်းများကို ဝယ်ယူရန် ကတိကဝတ်များထက် ကျော်လွန်ကြောင်း NYT ၏ ဖော်ပြချက်အရသိရသည်။

ယင်းသဘောတူညီချက်တွင် နျူကလီးယားလက်နက်လုံခြုံရေးကို ကိုင်တွယ်ဖြေရှင်းရန်လည်းပါဝင်ကြောင်း အကြံပေးများက ပြောကြားခဲ့သည်။ တရုတ်သမ္မတရှီကျင့်ဖျင်နှင့်အတူ အမေရိကန်-တရုတ် နှစ်ဖက်လုံးအတွက် အကျိုးရှိစေမည့် သဘောတူညီချက် တစ်ခုရယူလိုသည့်ဆန္ဒများကို ပြီးခဲ့သည့် လအနည်းငယ်တွင် ဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောကြားခဲ့ကြောင်း ၎င်း၏ အကြံပေးတစ်ဦးက ပြောကြားခဲ့သည်။
သို့သော်လည်း ဒေါ်နယ်ထရမ့်အစိုးရသည် တရုတ်ထံမှ မည်သည့် အရာလိုချင်ကြောင်းကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားခြင်းမျိုး မရှိသောကြောင့် သိသာထင်ရှားသည့် အတားအဆီးများ ရှိနေဆဲဖြစ်ကြောင်း အဆိုပါအကြံပေးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အမေရိကန် အတွက် အကြီးမားဆုံး အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသော်လည်း နျူကလီးယားလုံခြုံရေး၊ နည်းပညာနှင့် ကပ်ရောဂါ ကြိုတင်ပြင်ဆင်မှုအပါအဝင် အခြားကိစ္စရပ်များအတွက် အဓိကကျသော ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်းလည်း သိရသည်။

မြောက်ကိုရီးယားတွင် ပြီးခဲ့သည့်နွေရာသီက အရှိန်အဟုန်ဖြင့် စတင်ဆောင်ရွက်ခဲ့သည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံး (ICBM)စက်ရုံ အဆင့်မြှင့်တင်ရေးအကြီးစားစီမံကိန်းသည် မကြာသေးမီ လများအတွင်း အရင်းအမြစ်ပိုင်းဆိုင်ရာ သို့မဟုတ် စီမံကိန်းဆိုင်ရာလမ်းညွှန်ချက်အခြေအနေများကြောင့် တိုးတက်မှုနှေးကွေးလာသည်ဟု ယူဆရကြောင်း မြောက်ကိုရီးယားနိုင်ငံကို စောင့်ကြည့်လေ့လာနေသည့် သတင်းဝက်ဆိုက်တစ်ခုဖြစ်သော NK Pro ၏ ဂြိုလ်တု ပုံရိပ်အထောက်အထားများအရ သိရှိရပါသည်။

ပြုံယမ်းမြို့အနီး Thaesong Machine Factory တွင် တည်ဆောက်ထားသည့် ၂.၅ ဧကခန့်ရှိ အဆောက်အဦ (၂) ခု၏ ဆောက်လုပ်ရေးလုပ်ငန်းများသည် ဒီဇင်ဘာလအစောပိုင်းမှ ဖေဖော်ဝါရီလအတွင်း တိုးတက်မှု အနည်းငယ်သာ ရှိကြောင်း Planet Labs ၏ ဂြိုလ်တုပုံရိပ်များအရ သိရသည်။
ထိုကဲ့သို့ တိုးတက်မှုနှေးကွေးလာရခြင်းမှာ တောင်စောင်းများရှိ ဥမင်လိုဏ်ခေါင်းများအတွင်းတွင် ပြုပြင် မွမ်းမံခြင်း သို့မဟုတ် စက်ကိရိယာပစ္စည်းအသစ်များ တပ်ဆင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်နေခြင်းကြောင့် ဖြစ်နိုင်သော်လည်း လုပ်ငန်းတစ်ဝက်မျှ ဆောင်ရွက်ပြီးသည့် အဆိုပါ စီမံကိန်းကို ရပ်ဆိုင်းရခြင်းမှာ စီမံကိန်းပိုင်း ဆိုင်ရာအစီအစဉ်ရေးဆွဲမှု အားနည်းချက်ကြောင့် သို့မဟုတ် အခြားဦးစားပေးလုပ်ငန်းတစ်ခုအား ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းရသည်။
ပြီးခဲ့သည့် ဇူလိုင်လက အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင်ခဲ့ခြင်းနှင့်ပတ်သက်၍ NK Pro က အဦးဆုံး အစီရင်ခံတင်ပြခဲ့ပြီး လက်ရှိတည်ဆောက်နေသည့်စက်ရုံ၏ အနောက်ဘက်ခြမ်းတွင် ယခင်က တိုက်ချင်းပစ်ဒုံးကျည် (ICBM) သို့မဟုတ် ဂြိုလ်တုလွှတ်တင်ရေးဒုံးကျည်များအတွက် လောင်စာသုံးအင်ဂျင်ထုတ်လုပ်ရေးဆိုင်ရာနေရာများ ထားရှိခဲ့ဖွယ်ရှိကြောင်း အသေးစိတ်အထောက်အထားများကို အသေးစိတ်ရေးသားဖော်ပြခဲ့သည်။
စက်ရုံ၏အရှေ့ဘက်ခြမ်းသည် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် (IRBM) နှင့် တာဝေးပစ်ပဲ့ထိန်း ဒုံးကျည် (ICBM) များ အပြီးသတ်တပ်ဆင်ခြင်းအတွက် အသုံးပြုခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ စက်ရုံ၏ အနောက်ဘက်ခြမ်းသည် ဒုံးကျည် အင်ဂျင်ထုတ်လုပ်ရန် အသုံးပြုခဲ့ခြင်းဖြစ်နိုင်ကြောင်းနှင့် အခြားလုပ်ဆောင်ချက်များကိုမူ အတည်ပြုထားခြင်း မရှိသေးကြောင်း လက်ရှိအထောက်အထားများက ပြဆိုနေပါသည်။
ယခုတည်ဆောက်ရေးစီမံကိန်းသစ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ထောက်လှမ်းရေး ဂြိုလ်တုအစီအစဉ်အတွက် လောင်စာရည်သုံးအင်ဂျင်သစ်တစ်ခုအား အဆင့်မြှင့်တင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်နိုင်ပေသည်။
အဆိုပါစီမံကိန်းနှင့်ဆက်စပ်မှုသာရှိမည်ဆိုလျှင် ပြီးခဲ့သည့် မေလအတွင်း စစ်ဘက်ဆိုင်ရာ ဂြိုလ်တုလွှတ်တင်ရာတွင် အောင်မြင်မှု မရရှိခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာဂြိုလ်တု ၃ လုံးလွှတ်တင်ရန် ရည်မှန်းချက်ကို ကင်ဂျုံအန်က စွန့်လွှတ်လိုက်ခြင်းသည် ယခု ICBM စက်ရုံ အဆင့်မြှင့်တင်ရေးလုပ်ငန်း နှောင့်နှေးသွားရခြင်း၏ အဓိက အကြောင်းအရင်းတစ်ခု ဖြစ်နိုင်ပေသည်။
တစ်ချိန်တည်းတွင် မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်အတွင်း အခြားနေရာများတွင် စစ်သင်္ဘောအသစ်များ တည်ဆောက်ခြင်းနှင့် အခြားလက်နက်စက်ရုံများကို အဓိကအဆင့် မြှင့်တင်ခြင်းကဲ့သို့သော ကုန်ကျစရိတ် ကြီးမားသည့် စစ်ဘက်ဆိုင်ရာစီမံကိန်းများကို ဆောင်ရွက်ခဲ့သည်။ ထိုစီမံကိန်းများအနက် အချို့လုပ်ငန်းများသည် ဦးစားပေးဆိုင်ရာကန့်သတ်ချက်များကြောင့် ပြန်လည်စတင်နိုင်ခြင်း မရှိခဲ့ပေ။
ကိုးကား- https://www.nknews.org
ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင် (နစက-၄)

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ဖေဖော်ဝါရီ ၂၀ ရက်နေ့ညက တယ်လ်အဗီးမြို့ရှိ ကားပါကင်များတွင် ဘတ်စ်ကား အလွတ်သုံးစီး ချိတ်ဆက်ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် အနောက်ဘက် ကမ်းခြေသို့ စစ်ဆင်ရေးပြုလုပ်ရန် အမိန့်ပေးခဲ့သည်။

ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် “ဝန်ကြီးချုပ်သည် ဂျူးဒီးယားနှင့် ဆမာရီယာရှိ အကြမ်းဖက်မှုဗဟိုဌာနများကို IDF အား အပြင်းအထန် တိုက်ခိုက်မှု လုပ်ဆောင်ရန် အမိန့်ပေးခဲ့သည်။ ဝန်ကြီးချုပ်သည် အစ္စရေးမြို့များတွင် အခြားတိုက်ခိုက်မှုများကို ကာကွယ်တားဆီးရန် ရဲနှင့် ISAတို့အား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် အမိန့်ပေးခဲ့သည်” ဟု ဖော်ပြထားသည်။
အစ္စရေးတိုင်းမ်သတင်းစာအရ ရဲများသည် Bat Yam နှင့် Holon ဆင်ခြေဖုံးရှိ ဘတ်စ်ကားအလွတ်သုံးစီး ပေါက်ကွဲပြီးနောက် ဘတ်စ်ကား နှစ်စီးပေါ်တွင် ဗုံးနှစ်လုံးကို ရှာဖွေတွေ့ရှိပြီး ဖျက်ဆီးခဲ့ကြောင်း သိရှိ ရသည်။
တယ်လ်အဗီးရဲမှူး Haim Sargarof က သတင်းထောက်များအား အဆိုပါ တိုက်ခိုက်မှုသည် အနောက်ဘက်ကမ်းခြေမှ အကြမ်းဖက်အဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည် ဟု ပြောကြားခဲ့သည်။

ပနားမားတူးမြောင်းကို တရုတ် ထိန်းချုပ်မှုမှ ပြန်လည်ရယူမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကြေညာပြီးနောက် တူးမြောင်းအား တရုတ်လွှမ်းမိုးမှုမှ ထိန်းချုပ်ရန်နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးရန် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၀ အထိ အမေရိကန်စစ်တပ်၏ တောင်ပိုင်းစစ်ဌာနချုပ်မှ တပ်မှူး က ပနားမား သို့ သွားရောက်ခဲ့သည်။
တရုတ်သည် တူးမြောင်းစီမံခန့်ခွဲမှုနှင့် လည်ပတ်မှုတွင် မည်သည့်အခါမျှ ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနှင့် တူးမြောင်းကိစ္စများတွင်လည်း ဝင်ရောက် စွက်ဖက်ခြင်း မရှိကြောင်း ဖေဖော်ဝါရီ ၂၀ တွင် တရုတ်က ပြောကြားသည်။

တူးမြောင်းကို တရုတ်က ထိန်းချုပ်ထားသည်ဆိုခြင်းကို ပနားမားရှိ တရုတ်သံရုံးက “မည်သည့်အခါမျှ မရှိခဲ့ကြောင်းနှင့် လိမ်လည်ပြောဆိုခြင်း ဖြစ်ကြောင်း” ဖေဖော်ဝါရီ ၂၀ တွင် ငြင်းဆိုခဲ့သည် ဟု တရုတ်မီဒီယာ Global Times က ဖော်ပြသည်။
ပနားမားတူးမြောင်းကို တရုတ်ကွန်မြူနစ်ပါတီ သြဇာလွှမ်းမိုးမှုနှင့် ထိန်းချုပ်မှုမှ ကာကွယ်ရန် ကြိုးပမ်းမှုများအပါအဝင် ဒေသတွင်း စိန်ခေါ်မှုများကို ဆွေးနွေးရန်နှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်း စေရန် အမေရိကန် တောင်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြီး အဲလ်ဗင် ဟိုဆေး သည် ပနားမား ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်သည်။
တူးမြောင်းကို ပြန်လည်သိမ်းယူရန်နှင့် ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် အမေရိကန်သည် အမြဲတစေ ခြိမ်းခြောက်နေကြောင်း တရုတ်က ပြောကြားသည်။ တရုတ်-ပနားမား ဆက်ဆံရေးကို ပျက်ပြားစေသည့် အမေရိကန်၏ လုပ်ရပ်များသည် လူကြိုက်များပြီး အောင်မြင်မည်မဟုတ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ဟု Global Times က ဆိုသည်။
ကိုးကား- Mizzima

ပြင်သစ်သည် Cote d’Ivoire (အိုင်ဗရီကိုစ့်) ရှိ ၎င်း၏ တစ်ခုတည်းသော စစ်အခြေစိုက်စခန်းကို ယင်းနိုင်ငံ၏ အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်သည်။ အိုင်ဗရီကိုစ့်သမ္မတ Alassane Ouattara က ပြင်သစ်စစ်တပ်များ ရုပ်သိမ်းမည်ဟု ကြေညာပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ယခင်ကိုလိုနီနိုင်ငံများက ပြင်သစ်နှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး များကို ဖြတ်တောက်လိုက်သည့် ဒေသတွင်းလားရာတစ်ခု ဖြစ်သည်။

မြို့တော် Abidjan အနီးရှိ Port-Bouet စစ်အခြေစိုက်စခန်းသည် ယခင် က 43rd French Marine Infantry Battalion (43e BIMa) ကို လက်ခံကျင်းပခဲ့သည်။ ၎င်းကို အိုင်ဗရီကိုစ့်စစ်တပ်ထံ လွှဲပြောင်းပေးအပ်ခြင်းအား ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အခမ်းအနားဖြင့်ဆောင်ရွက်ခဲ့ပြီး ပြင်သစ်ကာကွယ်ရေးဝန်ကြီး Sebastien Lecornu က အိုင်ဗရီကိုစ့် ကာကွယ်ရေးဝန်ကြီး Tene Birahima Ouattara ထံသို့ ပေးအပ်ခဲ့သည်။
အာဖရိကနိုင်ငံရှိ ပြင်သစ်မစ်ရှင်က X တွင် အဆိုပါလုပ်ဆောင်ချက်ကို “ပြင်သစ်-အိုင်ဗရီကိုစ့်ပူးပေါင်းဆောင်ရွက်မှုအတွက် သမိုင်းဝင် အခိုက်အတန့်” ဟု ဖော်ပြခဲ့သည်။
AFP သတင်းဌာနက Abidjan ရှိ ပြင်သစ်ကာကွယ်ရေးဌာနမှ Colonel Damien Mireval ၏ပြောကြားချက်ကို ကိုးကားပြီး “အဆိုပါစခန်းကို အိုင်ဗရီကိုစ့်စစ်တပ်ထံ ပြန်လည်ပေးအပ်ခြင်းသည် အလွန်ကောင်းမွန်သော ပြယုဂ်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး သဟဇာတရှိမှု၊ ရင့်ကျက်မှု တို့ဖြင့် ပြုလုပ်ခဲ့သည်” ဟု ဖော်ပြခဲ့သည်။
အဆိုပါစခန်းကို အိုင်ဗရီကိုစ့်စစ်တပ်၏ ပထမဆုံးစစ်ဦးစီးချုပ် Thomas Aquinas Ouattara ၏ အမည်ကို အစွဲပြု၍ အမည်ပေးအပ်မည်ဟု သတင်းများအရသိရသည်။