သတင်းများ

ရုရှားတပ်ဖွဲ့များသည် ယခုသီတင်းပတ်အတွင်း Donetsk ပြည်သူ့သမ္မတနိုင်ငံနှင့် Kharkov ဒေသများတွင် ရန်သူ့ နယ်မြေလေးခုကို သိမ်းပိုက်နိုင်

ရုရှားတပ်ဖွဲ့များသည် ယခုသီတင်းပတ်အတွင်း Donetsk ပြည်သူ့သမ္မတနိုင်ငံနှင့် Kharkov ဒေသများတွင် ရန်သူ့ နယ်မြေလေးခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း  ရုရှား ကာကွယ်ရေးဝန်ကြီးဌာန၏ အပတ်စဉ် အထူးစစ်ဆင် ရေးတိုးတက်မှုနှင့် ပတ်သက်၍ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

ရုရှားတပ်ဖွဲ့ဝင်များသည် ယူကရိန်းစစ်သွေးကြွ အကျဉ်း သား ၃၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အနက် ၁၇ ဦး သည် ရုရှားနိုင်ငံ Kursk စစ်ရေးနယ်မြေတွင် လက်နက်ချခဲ့ ပါသည်။ 

ရုရှားတပ်မတော်၏ Tsentr တပ်ဖွဲ့သည် ယူကရိန်း တို့၏ တန်ပြန်တိုက်ခိုက်မှု ၅၃ ခုကို ချေမှုန်းနိုင်ခဲ့ပြီး  ယူကရိန်းတပ်ဖွဲ့ဝင် ၂,၉၀၀ ကျော် ဆုံးရှုံးမှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

ရုရှားတိုက်ခိုက်ရေးတပ်ဖွဲ့၏ တာဝန်ယူရာ Sever ဒေသ တွင် ယူကရိန်းစစ်သည် ၂,၄၂၀ဦး အထိ ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။ 

ရုရှားတပ်မတော်၏ Zapad တပ်ဖွဲ့သည် ယူကရိန်းတို့၏ တန်ပြန်တိုက်ခိုက်မှု ၂၈ ခုကို ချေမှုန်းနိုင်ခဲ့ပြီး ယူကရိန်းစစ်သည်  ၃,၁၅၀ ဦး ကျော် ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

ရုရှားတပ်မတော်၏ Yug တိုက်ခိုက်ရေးတပ်ဖွဲ့၏ တာဝန် ကျရာဒေသတွင် ယူကရိန်းစစ်သည်၂,၇၀၀ကျော် ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်များသည် Neptune ဒုံးပျံတစ်စင်း၊ ATACMS ဒုံးကျည် ၁၀ စင်း၊ HAMMER ဗုံး ၁၅ လုံးနှင့် ယူကရိန်းဒရုန်း ၃၅၃ စင်းတို့ကိုပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အပတ်စဉ်အထူးစစ်ဆင်ရေးတိုးတက်မှုနှင့်ပတ်သက်၍ ရှင်းလင်းချက်တွင်ဖော်ပြထားသည်။

ကိုးကား- Ministry of Defence of the Russian Federation

လက်ဘနွန်တွင်  အစ္စရေး-ဟစ်ဘိုလာ အပစ်အခတ် ရပ်စဲရေး စတင်

အစ္စရေးနှင့် ဟစ်ဘိုလာအကြား  အပစ်အခတ်ရပ်စဲမှုသည်  ဒေသစံတော်ချိန် နံနက် ၀၄၀၀ (လက်ဘနွန်စံတော်ချိန် ၀၂၀၀) အချိန်တွင် စတင်မည်ဖြစ်ပါသည်။  ယခုစစ်ပြေ ငြိမ်းရေးသည် လက်ဘနွန်မြို့အပါအဝင် အခြားမြို့ကြီး များအပေါ် အစ္စရေးတို့၏ တိုက်ခိုက်မှုများ အပြီးသတ် အဆုံးသတ်စေလိမ့်မည်ဖြစ်ပြီး တစ်နှစ်ကျော်ကြာ ဖြစ်ပွားလျက်ရှိသည့် လက်ဘနွန်တောင်ပိုင်းနှင့်  အစ္စရေး မြောက်ပိုင်းတို့ရှိ စစ်ရေးပဋိပက္ခများ ရပ်တန့်သွားမည် ဟု မျှော်လင့်နေကြပါသည်။ 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က  အစ္စရေးနှင့် ဟစ်ဘိုလာ အကြား အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်တွင်  အစ္စရေးတပ်များအနေဖြင့်  ရက်ပေါင်း ၆၀ အတွင်း လက်ဘနွန်မှဆုတ်ခွာပေးရန်နှင့်  လက်ဘနွန်တောင်ပိုင်း တွင်  ဟစ်ဘိုလာများက တပ်ဖွဲ့များ ပြန်လည် မဖွဲ့စည်း နိုင်ရေး လက်ဘနွန်စစ်တပ်အနေဖြင့် နယ်မြေစိုးမိုးမှုလုပ်ငန်းများဆောင်ရွက်ရေးတို့ ပါဝင်ကြောင်း ပြောကြား လိုက်သည်။

“ပစ်ခတ်ရပ်စဲခြင်းသည် စစ်ပွဲ အမှန်တကယ် အဆုံး သတ်ခြင်း ဟုတ်၊ မဟုတ် ဆိုသည်ကို လက်ဘနွန် ပြည်သူများက စောင့်ကြည့်လျက်ရှိကြောင်း” လက်ဘနွန် တောင်ပိုင်းတွင် နေထိုင်သူ Ali Hashem က AI Jazeera ကို ပြောကြားပါသည်။

ကိုးကား - AI Jazeera

Trump သမ္မတရာထူးကို မရယူခင် Biden သည် ယူကရိန်း၏ရပ်တည်ချက် အားကောင်းစေရန် ကြိုးပမ်းနေ

Trump သမ္မတရာထူးကို မရယူခင် Biden သည် ယူကရိန်း၏ရပ်တည်ချက် အားကောင်းစေရန် ကြိုးပမ်းနေသည်ဟု The Washington Post သတင်းက ရေးသားဖော်ပြသည်။

ယူကရိန်းသို့ ATACMS ဒုံးကျည်များနှင့် မြေမြုပ်မိုင်းများ ထောက်ပံ့မှုသည် မြောက်ကိုရီးယား၏ စွက်ဖက်မှုကို ဟန့်တားရန်နှင့် ရုရှား၏ထိုးစစ်ကို ရပ်တန့်ရန် ရည်ရွယ်ပြီး ယူကရိန်း၏စေ့စပ်ညှိနှိုင်းရေးအနေအထားကို အားကောင်း စေသည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြား ခဲ့သည်။ အဆိုပါမိုင်းများနှင့် ATACMS ထောက်ပံ့ရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို အမေရိကန်သမ္မတရွေးကောက်ပွဲ အပြီး တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ရေးသားဖော်ပြပါသည်။

ကိုးကား - The Washington Post

Sumy နှင့် Krivoy Rog နယ်မြေများတွင် ရုရှား တပ်မတော်က တိုက်ခိုက်မှုများ ပြုလုပ်

Sumyနှင့်Krivoy Rog နယ်မြေများတွင် ရုရှားတပ်မတော် က တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း၊ ယူကရိန်း တစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှု သတိပေးချက်ထွက်ပေါ်လာပြီး၊ ခရိုင်းမီးယားနယ်မြေမှ ဒုံးကျည်ပစ်လွှတ်မှုကိုလည်း ယူကရိန်းတပ်ဖွဲ့များက ဖော်ပြထားသည်။

ထို့အပြင် ယူကရိန်းမီဒီယာများက Kapustin Yar စမ်းသပ်မှုနယ်မြေမှ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ရန် ပြင်ဆင် နေကြောင်းဖော်ပြထားသည်။

ကိုးကား - ယူကရိန်းဒေသတွင်းမီဒီယာ

ပုလဲကို သိမ်းဖို့ကြံနေတဲ့ BNRA ၊ BPLA နဲ့ PDF တပ်ပေါင်းစု လေကြောင်းချေမှုန်းခံနေရလို့ စတင်ဆုတ်ပြေး

၁၄. ၁၁. ၂၀၂၄
Written by Nay Moe

ပုလဲမြို့ကို သိမ်းဖို့ကြံရွယ်တိုက်ခိုက်နေတဲ့ ဗိုလ်နဂါးရဲ့ BNRA၊ မောင်ဆောင်းခတို့ BPLA နဲ့ PDF တပ်ပေါင်းစုကို လေကြောင်းက ဆက်တိုက်ချေမှုန်းနေတာကြောင့် ဒီနေ့လယ်က စ ဆုတ်ခွာပြေးနေရပြီလို့ မြေပြင်ကနဦးသတင်းတွေအရ သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက်ကစ BNRA ၊ BPLA နဲ့ မဟာမိတ်တပ်ပေါင်းစုဟာ ပုလဲမြို့ကို ဝင်ရောက်တိုက်ခိုက်ပြီး ထွေအုပ်ရုံးကို စီးနင်းနိုင်တဲ့အပြင် မြို့ပေါ်နေရာအများစုကို ထိန်းချုပ်နိုင်ခဲ့ပြီး မနေ့က နိုဝင်ဘာ ၁၃ ရက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လက်နက်ချဖို့အထိပါ လိုက်လံအော်ဟစ်ခဲ့ကြတာပါ။ PDF တပ်ပေါင်းစုဟာ ထွေအုပ်၊ ရဲစခန်း၊ ကျောင်း၊ ဌာနဆိုင်ရာရုံးတွေကို ဦးတည်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း အသက်ပေးခဲ့ရတဲ့အပြင် နိုင်ငံ့ဝန်ထမ်းတချို့လည်း အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

ဒါကြောင့် သာလွန်အင်အားအများအပြားသုံးပြီး လက်နက်ကိုင်ထောင်ဂဏန်းလောက်နဲ့ စီးနင်းတိုက်ခိုက်နေတဲ့ PDF တွေကို တပ်မတော်က လေကြောင်းကချေမှုန်းမှုအပြင် ဒီနေ့မနက်တင် စစ်ကူလေးခေါက်ခန့်ပို့ခဲ့တာ၊ မနက် ၇ နာရီကျော်ကနေ လက်ရှိအချိန်အထိ လေကြောင်းပစ်ခတ်မှု ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် PDF တွေ ယာယီဆုတ်ပြေးကုန်တာလို့ PDF တစ်ဦးက ဆိုပါတယ်။

“တော်လှန်ရေးအဖွဲ့တွေ နောက်ဆုတ်တယ်၊ စစ်ကူရောက်တယ်။ လေကြောင်းတိုက်ခိုက်နေလို့ ငြိမ်နေရတယ်”လို့ မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတဲ့ ဓားမဆိုင်း PDF အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန်အထိ PDF တွေဘက်က ပုလဲမြို့ကို အပြီးသတ်သိမ်းနိုင်ခြင်းမရှိသေးသလို တပ်မတော်ဘက်ကလည်း ပုလဲမြို့မကျဖို့ အပြင်းအထန် တိုက်ခိုက်နေတာကြောင့် တပ်မတော်ဘက်က စစ်ကူပို့ပေးနေသလို PDF တပ်ပေါင်းစုဘက်ကလည်း စစ်ကူရောက်လာနေတယ်လို့လည်း မြေပြင်မှာ တိုက်ခိုက်နေတဲ့ PDF တွေက ပြောပါတယ်။ ဒါ့အပြင် PDF ထောက်ခံတဲ့ မီဒီယာတွေမှာလည်း ရခိုင်လက်နက်ကိုင် AA က ပုလဲကိုသိမ်းနိုင်ဖို့ တပ်ရင်းတစ်ရင်းစာ စစ်ကူပို့ထားတယ်လို့ ဖော်ပြနေပါတယ်။

ပုလဲမြို့နယ်ကို PDF တွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာကြောင့် နေအိမ်အများအပြားပျက်စီးခဲ့သလို မြို့ခံပြည်သူ ၁၀၀၀၀ ကျော် စစ်ရှောင်နေရတဲ့အပြင် နှစ်ဖက်လက်နက်ကိုင်တွေသေဆုံးမှု၊ အပြန်အလှန်ဖမ်းဆီးခံရမှု၊ ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရပေမဲ့ အရေအတွက်ကိုတော့ PDF ဘက်က သုံးဦးနဲ့နိုင်ငံ့ဝန်ထမ်းနှစ်ဦး သေဆုံးတယ်ဆိုတာကိုပဲ ကနဦးအတည်ပြုနိုင်ပြီး အရေအတွက် အတိအကျကိုတော့ ထုတ်ပြန်မှုမရှိသလို MT News ကလည်း မြေပြင်အတည်ပြုနိုင်ခြင်းမရှိပါဘူး။

Source- MT News

ပထမဆုံးအကြိမ်အဖြစ် အိမ်ဖြူတော်သည် ယူကရိန်း နိုင်ငံအား ရုရှားနိုင်ငံအတွင်းသို့  ATACMS ကိုအသုံးပြု တိုက်ခိုက်ခွင့်ပြုခဲ့သည်ကို တရားဝင်အတည်ပြု

ပထမဆုံးအကြိမ်အဖြစ် အိမ်ဖြူတော်သည် ယူကရိန်း နိုင်ငံအား ရုရှားနိုင်ငံအတွင်းသို့  ATACMS ကိုအသုံးပြု တိုက်ခိုက်ခွင့်ပြုခဲ့သည်ကို တရားဝင်အတည်ပြုကြောင်း အိမ်ဖြူတော်၏ မဟာဗျူဟာဆက်သွယ်ရေးညှိနှိုင်းရေးမှူး၊ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ဟု RIA Novosti သတင်းဌာနက ဖော်ပြထားသည်။

ယူကရိန်းစစ်တပ်သည် ရုရှားနိုင်ငံရှိ Kursk ဒေသနှင့် ၎င်း၏ ဘေးဘက်နယ်မြေများတွင် တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ “မိမိကိုယ်ကို ကာကွယ်ရေးအတွက် ATACMS များကိုအသုံးပြုရန် အခွင့်အလမ်းရှိသည်” ဟု ၎င်းက အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် မှတ်ချက်ပြုပြောကြားခဲ့သည်။

ကိုးကား - RIA Novosti သတင်းဌာန

PDF လက်နက်ကိုင်အဖွဲ့ အများဆုံးရှိသည့် မြန်မာပြည်အလယ်ပိုင်းဒေသတွင် အုပ်ချုပ်ရေးမှူးများ အကြမ်းဖက်သတ်ဖြတ်ခံရမှုတိုးလာ

သန့်ဇင် (NP News) - နိုဝင်ဘာ ၁၆ 

မြန်မာပြည်အလယ်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် နယ်မြေခံ PDF လက်နက်ကိုင်အဖွဲ့များစွာရှိနေပြီး အုပ်ချုပ်ရေးမှူးများ အကြမ်းဖက်သတ်ဖြတ်ခံရမှု ယခင်ထက်တိုးလာကြောင်း NP News က ရရှိထားသည့် သတင်းအချက်အလက်များအရ သိရသည်။

အဆိုပါဒေသများတွင် အကြမ်းဖက်သတ်ဖြတ်မှုများကို နယ်မြေခံလက်နက်ကိုင် (PDF) အဖွဲ့များက အများဆုံး ကျူးလွန်နေခြင်းဖြစ်ပြီး အထက်ပါနေရာဒေသများတွင် ၎င်းလက်နက်ကိုင်အဖွဲ့များက အာဏာရှိကြောင်း ပြသရန်အတွက် သတ်ဖြတ်နေခြင်းများဖြစ်ကြောင်း သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ဆိုသည်။
“တရားဝင်အစိုးရသည် အရေးမပါဘူး။ သူတို့သာ အရေးပါသူဆိုတာ ပြရအောင်လုပ်ကြတာ။ သူတို့က တော်လှန်ရေးလို့ အော်နေကြပြီး တော်လှန်ရေးဆိုပေမယ့် အကြမ်းဖက်ကို အရမ်းနွယ်တယ်။ ဒီအတိုင်းဆက်သွားနေရင် အကြမ်းဖက်ပုံစံပဲ ဆက်တိုက်ရောက်သွားလိမ့်မယ်။ အခုလည်း ဒီအတိုင်းပါပဲ။ အခုက ခေတ်ကာလတစ်ခုလည်းကြာသွားပြီ။ သူတို့အရင်ကပြောထားတဲ့ ကြီးကြီးကျယ်ကျယ်ရည်ရွယ်ချက်တွေက ပေါက်မြောက်အောင် မြင်လာတာမရှိဘူး။ ဒီနေရာမှာ ဆက်လက်အာဏာတည်မြဲနေကြောင်း ပြဖို့အတွက်ကတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ အပြစ်မဲ့ပြည်သူတို့ သူတို့က ပစ်မှတ်တွေဖြစ်ကုန်တာ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် နိုဝင်ဘာလ ၁ ရက်မှ လက်ရှိအချိန်ထိ မကွေးတိုင်းဒေသကြီးတွင် PDF လက်နက်ကိုင်အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူ (၆)ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင်လည်း ၁၀ရက်ကျော်ကာလအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပြစ်မဲ့ပြည်သူ (၃)ဦး ထက်မနည်း သတ်ဖြတ်ခံခဲ့ရကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို နယ်တို့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူး(၂)ဦးအား PDF အဖွဲ့(၄)ဖွဲ့က ပူးပေါင်းသတ်ဖြတ်ခဲ့ကြောင်းကို ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ဝန်ခံချက်ထုတ်ပြန်ထားခဲ့ဖူးသည်။
ထိုသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား PDF လက်နက်ကိုင်အဖွဲ့များက ပစ်မှတ်ထား သတ်ဖြတ်နေခြင်းသည် နစကအစိုးရ၏ အမှူထမ်းများအပေါ် ရန်သူဟု သတ်မှတ်ကာ အကြမ်းဖြတ်မှုများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီမှ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေး က ဆိုသည်။
“ဒီလူတွေသတ်ဖြတ်ခံနေရတာကို ကျွန်တော်တို့ဘေးအမြင်နဲ့ပြောရမယ်ဆိုရင် လုံခြုံရေးတာဝန်ယူပေးမှု အားနည်းလို့။ လုံခြုံရေးအား နည်းတဲ့အပေါ်မှာ ဖြစ်ပေါ်လာတဲ့ အနေအထားလို့ပဲ ကျွန်တော်တို့က သုံးသပ်ရမှာပဲလေ။ နယ်မြေအမျိုးမျိုးရှိတာပေါ့လေ။ နယ်မြေအမျိုးမျိုးမှာကလည်း လက်လှမ်းမမှီတော့တဲ့လုံခြုံရေးကို ပြည့်ပြည့်ဝဝ မပေးနိုင်တော့တဲ့နယ်မြေတွေလည်း ရှိနေတာဖြစ်တယ်။ အဲဒီနယ်မြေတွေမှာရှိနေတဲ့အစိုးရနဲ့ တာဝန်ယူဆောင်ရွက်နေတဲ့လူတွေကလည်း ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ဖို့လိုတာပေါ့နော်။‌ နေတာထိုင်တာ။ သွားတာလာတာကစ။ မိမိနေထိုင်နေတဲ့ဘဝဟာ လုံခြုံသလားမလုံခြုံသလားဆိုတာကို တွေးရမှာပေါ့။ မလုံခြုံရင်လည်း လုံခြုံအောင် ဘယ်လိုနေရမလဲဆိုတဲ့အနေအထားမျိုးကို သူတို့ကိုယ်တိုင်ကလည်း တွေးဖို့လိုအပ်တယ်” ဟု ၎င်းက ဆိုသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်း၌ အုပ်ချုပ်ရေးမှူးများ အကြမ်းဖက် သတ်ဖြတ်ခံရသူ (၈၀၀)ကျော်ထိ ရှိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Source- NP News

မြန်မာနိုင်ငံပြည်တွင်းစစ် တိုက်ပွဲတွေမှာ လက်နက်ကိုင်တွေဘက်က အမေရိကန်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားလက်နက်ကိုင်တွေ ပါဝင်တိုက်ခိုက်နေ

၁၄.၁၁. ၂၀၂၄
Translated by Htwe Ko Tun

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက သာမန်ဆိုရရင်တော့ အစိုးရနဲ့ အစိုးရကိုဆန့်ကျင်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေပဲလို့ အပေါ်ယံအားဖြင့်တော့ ထင်မြင်ယူဆနိုင်ပါတယ်။ ဒါပေမယ့် ဒီပဋိပက္ခ ကြာရှည်လာတာမှာ မြန်မာနိုင်ငံအတွင်း ပြည်ပကနေ ခိုးဝင်လာကြပြီး ပြည်တွင်းစစ်ပွဲမှာ အစိုးရဆန့်ကျင်ရေးအင်အားစုတွေဘက်က ပါဝင်နေတဲ့ နိုင်ငံခြားသားတွေရှိလာနေတာကို The Telegraph သတင်းစာကြီးမှာ နိုဝင်ဘာလ ၁၃ ရက်က ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးတစ်ပုဒ်အရ ထင်ထင်ရှားရှားတွေ့ရနိုင်တယ်လို့လည်း ဆိုရမှာပါ။

ဒီမှာ အာဇတ်(Azud) ဆိုတဲ့ အမေရိကတောင်ပိုင်း ကျေးလက်တောရွာပိုင်းကနေ မြန်မာနိုင်ငံမြောက်ပိုင်း တောတောင်ထူထပ်တဲ့နေရာက သူပုန်တွေရဲ့ စခန်းကို ရောက်ရှိလာသူတစ်ဦးဆိုရင် အသက် ၂၄ နှစ်သာ ရှိသေးပြီး ဒီမိုကရေစီနိုင်ငံကြီးပါဆိုတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးပါ။ ဒါပေမယ့် ဒီမိုကရေစီနိုင်ံငံသားဆိုသူက အခုတော့ တခြားနိုင်ငံပြည်တွင်းရေးမှာ သူပုန်တွေဘက်ကနေ လက်နက်ကိုင်တိုက်ပေးနေတာ တွေ့ရပြန်ပါတယ်။

အာဇတ်ဟာ လွန်ခဲ့တဲ့ကိုးလလောက်က သူ့မိသားစုကိုနှုတ်ဆက်ပြီး မိုင် ၈,၀၀၀ လောက်ဝေးတဲ့ မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်တွေရဲ့ အခိုင်အမာစခန်းတစ်ခုကို ရောက်ခဲ့တာပါ။ တော်လှန်ရေးအတွက် စိတ်အားထက်သန်မှုရှိတဲ့လူလို့ သူ့ကိုယ်သူဆိုတဲ့ အာဇတ်က မြန်မာနိုင်ငံမြောက်ပိုင်းက လက်နက်ကိုင်တွေကိုလည်း တော်လှန်ရေးဆင်နွှဲနေသူတွေဆိုတော့ လာရောက်ပူးပေါင်းခဲ့ပြန်တာပါ။

ဒါ့ပြင် အာဇတ်က သူ့အနေနဲ့ တရားဝင် ဘယ်စစ်သင်တန်းကိုမှ တက်ရောက်ခဲ့ဖူးသူမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သူက ဆီးရီးယားမှာဆိုရင် ကာ့ဒ်တပ်ဖွဲ့တွေနဲ့အတူ လေးနှစ်လောက် လက်တွဲတိုက်ပွဲဝင်ခဲ့တာလို့ ဆိုပါတယ်။ သူက နှစ်လလောက် အမေရိကန်က မိသားစုဆီသွားလည်ခဲ့အပြီးမှာတော့ ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံ အနောက်မြောက်ဘက်က ချင်းပြည်နယ်ကို သွားခဲ့ပါတယ်။ အဲဒီမှာ သူက ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ တိုက်ခဲ့ပြီး တိုက်ခိုက်ရေးသင်တန်းတွေလည်း ဖွင့်လှစ်ပေးခဲ့ပါတယ်။ အထူးသဖြင့်တော့ လက်ဖြောင်တပ်သားကျွမ်းကျင်မှုသင်တန်းတွေပါ။

အာဇတ်က အရေအတွက်အားဖြင့်နည်းသော်လည်း တိုးပွားမှုရှိတယ်ဆိုတဲ့ မြန်မာနိုင်ငံအတွင်း ခိုးဝင်ပြီး သောင်းကျန်းသူလက်နက်ကိုင်တွေနဲ့အတူ မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသူတွေထဲက တစ်ဦးလို့ လည်း ဆိုရမှာပါ။ သူတို့က မြန်မာ့တပ်မတော်ကို ဦးတည်တိုက်ခိုက်နေတယ်ဆိုသော်လည်း နိုင်ငံနဲ့ပြည်သူတွေမှာတော့ စစ်ဒဏ်ကြောင့်တော်တော်လေးအထိနာလှပါပြီ။

အခုဆိုရင်လည်း ၂၀၂၃ ခုနှစ် အောက်တိုဘာလကစလို့ မြန်မာ့တပ်မတော်က မမျှော်လင့်ဘဲ မြို့အချို့ဆုံးရှုံးခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်အုပ်စုတွေဆီ ခိုးဝင်ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေက ပထမဆုံးအကြိမ်အဖြစ် ဖက်ဆစ်ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာတပ်ဦး(Anti-Fascist International Front—AIF) ကို ဖွဲ့စည်းခဲ့ကြပါတယ်။

AIF ကိုပူးတွဲတည်ထောင်သူ အာဇတ်က အခုအချိန်ဟာ မဟာဗျူဟာအရ စစ်ဆင်မှုပြုဖို့ အရေးကြီးတဲ့ အချိန်ပါလို့ ပြောခဲ့ပါသေးတယ်။

မြန်မာနိုင်ငံအတွင်းတိုက်ခိုက်မှုတွေမှာ လူ့အခွင့်အရေးကယ်ဆယ်ရေးအဖွဲ့ဆိုပြီး လက်နက်ကိုင်တွေဘက်က ပါဝင်တိုက်ခိုက်နေတဲ့ ပြည်ပအဖွဲ့တစ်ဖွဲ့ကတော့ Free Burma Rangers(FBR) ဆိုတာဖြစ်ပါတယ်။ သူတို့အဖွဲ့အနေနဲ့ စစ်ဘေးရှောင်ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ဖြစ်ပေမယ့် ကိုယ့်ကိုယ်ကို ယ်ကာကွယ်ဖို့ လက်နက်တွေကိုင်ဆောင်တယ်ဆိုတာ အဖွဲ့ရဲ့ခေါင်းဆောင် ဒေးဗစ် ယူဘန့် (David Eubank) ကဝန်ခံပြောကြားခဲ့ပါတယ်။

ဒါဆိုရင်ဖြင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းအရေးအခင်းမှာ လူကိုယ်တိုင် ပါဝင်စွက်ဖက်နေတဲ့ နိုင်ငံခြားသားတွေက နိုင်ငံအနှံ့ လက်နက်ကိုင်အုပ်စုတွေရဲ့ စခန်းတွေမှာရှိနေတယ်လို့သာ ဆိုချင်ပါတယ်။

မိုးကုတ် ဗုံးအကြဲခံရပြီးနောက်မှာ ထပ်အကြဲမခံရဖို့ Starlink အင်တာ နက်လိုင်းတွေနဲ့ CDMA ဖုန်းလိုင်းတွေ ပိတ်ဖို့ TNLA ညွှန်ကြား

၁၄. ၁၁. ၂၀၂၄
Written by Nay Moe

မိုးကုတ်မြို့ ဗုံးအကြဲခံရပြီးနောက်မှာ ထပ်အကြဲမခံရဖို့အတွက် Starlink အင်တာနက်လိုင်းတွေနဲ့ CDMA ဖုန်းလိုင်းတွေ ပိတ်ပေးဖို့ TNLA ရဲ့ မိုးကုတ်ထွေအုပ်ရုံးက ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဖြစ်စဥ်က နိုဝင်ဘာ ၁၁ ရက်မှာ မိုးကုတ်မြို့နယ်၊ လယ်ဦးအုပ်စု၊ အထက်လယ်ဦးရပ်နဲ့ ကသဲအုပ်စု၊ လူးထရပ်တို့က TNLA ရဲ့ ကျောက်အရောင်းအဝယ်ပြုရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် လူ ၆ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးနဲ့ လူများစွာထိခိုက်ခဲ့ရတဲ့အပြင် အဆောက်အအုံ ၆၅ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်မှာ TNLA ရဲ့ အတည်ပြုထုတ်ပြန်ချက်က လူ ၉ ဦးသေပြီး ၁၃ ဦး ဒဏ်ရာရခဲ့တာလို့ ထုတ်ပြန်ခဲ့ပေမဲ့ မိုးကုတ်ထွေအုပ်မှာတော့ TNLA လက်နက်ကိုင်ဘက်က သေဆုံးသူ ၃ ဦးကို မဖော်ပြတော့တာ တွေ့ရပါတယ်။ ဒီလိုမျိုး တိုက်ခိုက်မှုတွေ ဆက်မဖြစ်ဖို့အတွက် TNLA ထွေအုပ်က တာဝန်ရှိသူတွေအနေနဲ့ မိမိအုပ်စုနယ်မြေအတွင်းက အင်တာနက်ဆက်သွယ်ရေး Star Link ဝန်ဆောင်မှုလုပ်ငန်းတွေ CDMA ဖုန်း ဝန်ဆောင်မှုလုပ်ငန်းတွေ ပိတ်ပင်ပေးဖို့၊ မသင်္ကာရန်သူသတင်းပေးတွေ့ရှိရင် အမြန်ဆုံး တိုင်ကြားပေးဖို့နဲ့ TNLA ညွှန်ကြားချက်မလိုက်နာတဲ့ မိုးကုတ်ပြည်သူတွေကို အရေးယူပြီး သက်ဆိုင်ရာကို သတင်းပို့တိုင်ကြားဖို့ ညွှန်ကြားခဲ့သလို မိုးကုတ်မြို့အတွင်းက Star Link ဝန်ဆောင်မှုလုပ်ငန်းပေးသူစာရင်းတွေကိုပါ ပူးတွဲပေးပို့ ပိတ်သိမ်းစေခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းစစ်တပ် အကြီးအကဲ Syrsky သည် ရုရှား နိုင်ငံအပေါ် တန်ပြန်ထိုးစစ်အသစ် ပြုလုပ်မည် ဟု ကြေ ညာ

ယူကရိန်းစစ်တပ် အကြီးအကဲ Syrsky သည် ရုရှား နိုင်ငံအပေါ် တန်ပြန်ထိုးစစ်အသစ် ပြုလုပ်မည်ဟုကြေညာခဲ့ကြောင်း၊ ယူကရိန်းတပ်ဖွဲ့များ အနေဖြင့်ရန်သူကို တားဆီးရမည်ဖြစ်သော်လည်း ယူကရိန်းတပ်ဖွဲ့များသည် ခံစစ်ကိုသာ ဆက်လက်ထိန်းသိမ်း ထားမည်ဆိုပါက အောင်ပွဲရနိုင်မည် မဟုတ်ကြောင်း၊ အစပျိုးပြီး တန်ပြန်တိုက်ခိုက်ခြင်းကို ယူကရိန်းတပ်ဖွဲ့များ အနေဖြင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား- ယူကရိန်းဒေသတွင်းမီဒီယာ