ပထမဆုံးအကြိမ်အဖြစ် အိမ်ဖြူတော်သည် ယူကရိန်း နိုင်ငံအား ရုရှားနိုင်ငံအတွင်းသို့  ATACMS ကိုအသုံးပြု တိုက်ခိုက်ခွင့်ပြုခဲ့သည်ကို တရားဝင်အတည်ပြု

News Image

  • ပထမဆုံးအကြိမ်အဖြစ် အိမ်ဖြူတော်သည် ယူကရိန်း နိုင်ငံအား ရုရှားနိုင်ငံအတွင်းသို့  ATACMS ကိုအသုံးပြု တိုက်ခိုက်ခွင့်ပြုခဲ့သည်ကို တရားဝင်အတည်ပြု

ပထမဆုံးအကြိမ်အဖြစ် အိမ်ဖြူတော်သည် ယူကရိန်း နိုင်ငံအား ရုရှားနိုင်ငံအတွင်းသို့  ATACMS ကိုအသုံးပြု တိုက်ခိုက်ခွင့်ပြုခဲ့သည်ကို တရားဝင်အတည်ပြုကြောင်း အိမ်ဖြူတော်၏ မဟာဗျူဟာဆက်သွယ်ရေးညှိနှိုင်းရေးမှူး၊ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ဟု RIA Novosti သတင်းဌာနက ဖော်ပြထားသည်။

ယူကရိန်းစစ်တပ်သည် ရုရှားနိုင်ငံရှိ Kursk ဒေသနှင့် ၎င်း၏ ဘေးဘက်နယ်မြေများတွင် တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ “မိမိကိုယ်ကို ကာကွယ်ရေးအတွက် ATACMS များကိုအသုံးပြုရန် အခွင့်အလမ်းရှိသည်” ဟု ၎င်းက အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် မှတ်ချက်ပြုပြောကြားခဲ့သည်။

ကိုးကား - RIA Novosti သတင်းဌာန