ထိုင်း- ကမ္ဘောဒီးယား အပြန်အလှန် ပစ်ခတ်
ထိုင်းနှင့် ကမ္ဘောဒီးယားတို့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၄ ရက် (ကြာသပတေးနေ့) အစောပိုင်းတွင် အငြင်းပွားနေသည့် နယ်မြေတွင် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း နှစ်ဖက်စလုံးက ပြောကြားထား ပါသည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း တင်းမာမှုများ မြင့်တက်လာသည့် ခမာဗိမာန် (Ta Muen Thom) အနီးတွင် ကမ္ဘောဒီးယားစစ်သားများက ပစ်ခတ်ခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောကြားထားသကဲ့သို့ ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ထိုင်းစစ်တပ်များ စတင် ပစ်ခတ် သည့်အတွက် မိမိတို့ဘက်က ခုခံကာကွယ်သည့်အနေဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ဆိုထားပါသည်။ ကမ္ဘောဒီးယားသည် လက်နက်ကြီး များ ကိုင်ဆောင်ထားသည့် တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ကာ ကင်းထောက် ဒရုန်းတစ်စင်း စေလွှတ်ခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောကြားထား ပါသည်။
ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထိုင်း တပ်များသည် မိမိတို့၏ အချုပ်အခြာအာဏာနှင့် နယ်မြေဂုဏ်သိက္ခာကို ကာကွယ်ရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဆိုထားပါသည်။
နှစ်နိုင်ငံ နယ်နိမိတ်တစ်နေရာတွင် ထိုင်းစစ်သားတစ်ဦး ဒဏ်ရာရရှိ ခဲ့သည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်းက ကမ္ဘောဒီးယား သံအမတ်ကြီး ကို ပြန်ခေါ်ပြီး နာရီပိုင်းအကြာ ကြာသပတေးနေ့(ဇူလိုင် ၂၃) နံနက်ပိုင်း တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘောဒီးယား သံအမတ်ကြီးကို နှင်ထုတ်မည်ဟု ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၂)တွင် ထိုင်းနိုင်ငံဘက်က ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးပြီး မေလ အတွင်းက လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ပါသည်။ ယခုကာလတွင် ထိုင်းနှင့် ကမ္ဘောဒီးယားတို့၏ ဆက်ဆံရေးမှာ ဆယ်စုနှစ်တစ်ခုကျော် အတွင်း အဆိုးရွားဆုံးဖြစ်နေပြီး လွန်ခဲ့သည့် နှစ်လကတည်းက နှစ်နိုင်ငံ စလုံးသည် နယ်စပ်တွင် စစ်တပ်များ အခိုင်အမာ ချထားကာ စောင့်ကြည့် နေကြပါသည်။
ကိုးကား - BBC
Photo: Al Jazeera
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃