တရုတ်ဟက်ကာတစ်ဦးကို ဖမ်းဆီးနိုင်ရေး ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း အမေရိကန် ထုတ်ပြန်
အမေရိကန်နိုင်ငံရှိ Computer Firewalls လုံခြုံရေးစနစ်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သည့် တရုတ် အမျိုးသားတစ်ဦးနှင့် အပေါင်းအပါတို့အား ဖမ်းဆီးရန် အလိုရှိကြောင်းနှင့် ၎င်းတို့နှင့်ပတ်သက်၍ သတင်းပေး နိုင်ပါက ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၀ သန်း ပေးအပ်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက ပြောကြား ထားပါသည်။
တရုတ်ဟက်ကာတစ်ဦးဖြစ်သည့်အသက် ၃၀ အရွယ်တရုတ်အမျိုးသား Guan Tianfeng သည်တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်တွင်နေထိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။
Guan ကို ဆက်သွယ်ရေးကွန်ပျူတာစနစ်အတွင်း ကျူးကျော်ဝင်ရောက်မှုနှင့် လုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုတို့ဖြင့် စွဲချက်တင်ထားကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့သတင်းတွင် ထုတ်ဖော်ပြောကြားထားပါသည်။
ယခုအခါ Guan အလုပ်လုပ်ကိုင်လျက်ရှိသည့် စီချွမ်ပြည်နယ်ရှိ သတင်းအချက်အလက်နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် (Sichuan Silence Information Technology) ကိုလည်း အရေးယူပိတ်ဆို့မှုများ ပြုလုပ်ထားကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ပြောကြားထားပါသည်။
ကိုးကား - CNA