ရုရှားက ယူကရိန်းကို Oreshnik missile ဖြင့် ထပ်မံ တိုက်ခိုက်လာနိုင်ကြောင်း ပင်တဂွန် သတိပေး

News Image

  • ရုရှားက ယူကရိန်းကို Oreshnik missile ဖြင့် ထပ်မံ တိုက်ခိုက်လာနိုင်ကြောင်း ပင်တဂွန် သတိပေး

မကြာမီရက်အတွင်း ရုရှားက  ယူကရိန်းကို Oreshnik missileဖြင့် ထပ်မံတိုက်ခိုက်လာနိုင်ကြောင်း အမေရိကန် ပင်တဂွန် သတင်းထုတ်ပြန်ရေးအတွင်းဝန် Sabrina Singh က ၁၁-၁၂-၂၀၂၄ ရက်တွင် သတိပေး ပြောကြား လိုက်သည်။ 

လာမည့်ရက်များအတွင်း ရုရှားက ၎င်းတို့၏ အသံထက်မြန်သည့် Oreshnik missile ဖြင့် ထပ်မံတိုက်ခိုက်လာနိုင်ဖွယ်ရှိကြောင်း၊ ထိုတိုက်ခိုက်မှုက ယူကရိန်းကို ခြိမ်းခြောက်ရန်အတွက်ဖြစ်ပြီး မည်သည့်ရက်တွင် တိုက်ခိုက်မည်ကို အတိအကျ ပြောနိုင်ခြင်းမရှိကြောင်း သူမက  သတင်းထောက်များကို ပြောကြားသွားပါသည်။ 

ထိုတိုက်ခိုက်မှုက လက်ရှိဖြစ်နေသည့် ယူကရိန်းပဋိပက္ခအပေါ် မဟာဗျူဟာမြောက် အကျိုးသက်ရောက်မှု ဖြစ်စေနိုင်မည်မဟုတ်ကြောင်း၊ ခြိမ်းခြောက်ရန် အတွက်သာ ရုရှားက ထိုလက်နက်ကို ပြန်ထုတ်သုံးလာမည်ဖြစ်ကြောင်း၊ ဝါရှင်တန်နှင့် မဟာမိတ်များအနေဖြင့် ကိယက်ဗ်ကို ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးကူညီ သွားမည်ဖြစ်ကြောင်း သူမက ဆက်လက် ပြောကြားပါသည်။ 

ကိုးကား - TASS

Photo- themoscowtimes