AI အသုံးပြုမှုအတွက် ရုရှားက ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်သင့်ကြောင်း သမ္မတ ပူတင်ပြောကြား
နယ်ပယ်ကဏ္ဍအားလုံးတွင် AI ဟု ခေါ်ဆိုသော ဉာဏ်ရည်တုနည်းပညာအသုံးပြုမှုအတွက် ရုရှားသည် ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်သင့်ကြောင်း AI Journey အမည်ရှိ နိုင်ငံတကာညီလာခံတစ်ခုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်သည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်စေရန်၊ နိုင်ငံ၏ကာကွယ်ရေးစွမ်းရည်ကို အားကောင်းလာစေရန်၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍ များ၏အရည်အသွေး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရန်၊ တီထွင်ဆန်းသစ်မှုများ တိုးပွားလာစေရန်အတွက် ဉာဏ်ရည်တုနည်းပညာကို အရေးအကြီးဆုံး အရင်းအမြစ်အဖြစ် ရည်ရွယ်ထားပါကြောင်း၊ အဆိုပါရည်မှန်းချက်များအောင်မြင်စေရန် AI နည်းပညာဖန်တီးမှုကိုသာမက မိမိတို့ဘဝ၏ နယ်ပယ်ကဏ္ဍအားလုံးတွင် ထိုဉာဏ်ရည်တုနည်းပညာကို ခြွင်းချက်မရှိ ယုံကြည်စိတ်ချစွာ ပေါင်းစပ်အသုံးပြုခြင်းဖြင့် ရုရှားသည် AI ၏ ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်သင့်ကြောင်း ပူတင်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားပါသည်။
ကိုးကား - TASS
Photo- RT